【 နည်းပညာ 】 တရုတ်အာကာသစခန်းမှ အာကာသယာဉ်မှူးများ ကမ္ဘာမြေပေါ်သို့ ပြန်လည်ဆင်းသက်မည်

【 နည်းပညာ 】 တရုတ်အာကာသစခန်းမှ အာကာသယာဉ်မှူးများ ကမ္ဘာမြေပေါ်သို့ ပြန်လည်ဆင်းသက်မည်

ပေကျင်း၊ ဧပြီ - ၂၆

တရုတ်အာကာသစခန်းမှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ Shenzhou-17 အာကာသမစ်ရှင်မှ အာကာသယာဉ်မှူးတွေဟာ ကမ္ဘာမြေပေါ်သို့ ပြန်လည်ဆင်းသက်လာတော့မှာဖြစ်တယ်လို့ CMG သတင်းအရ သိရပါတယ်။

တရုတ် အာကာသယာဉ်မှူး အာကာသ အေဂျင်စီက ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း Shenzhou-17 အာကာသယာဉ်မှူးတွေဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Dongfeng ဆင်းသက်ရာ နေရာသို့ ဧပြီလ ၃၀ ရက်နေ့မှာ ရောက်ရှိဖို့ စီစဉ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

Shenzhou-17 အာကာသယာဉ်မှူးတွေဟာ တရုတ်အာကာသစခန်းမှာ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း အာကာသဆိုင်ရာ စမ်းသပ်မှု ၈၄ ခုကို လုပ်ဆောင်ခဲ့ပြီး၊ အာကာသဆိုင်ရာ သိပ္ပံနဲ့ ဇီဝနည်း ပညာ၊ အာကာသဆေးပညာ စတဲ့ နယ်ပယ်ပေါင်းစုံမှာ နမူနာ ၂၀၀ ကျော်ကိုလည်း စုဆောင်းနိုင်ခဲ့ပါတယ်။ထိုနမူနာတွေကို ကမ္ဘာမြေပေါ်သို့ ယူဆောင်လာမှာဖြစ်ပြီး၊ သိပ္ပံနည်းကျ လေ့လာမှုများပြုလုပ်ပြီးနောက် သိပ္ပံနည်းကျ အသုံးချမှုများစွာကို လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ကမ္ဘာမြေပေါ်သို့ ပြန်လည်မဆင်းသက်မီ Shenzhou-17 အာကာသယာဉ်မှူးတွေဟာ အသစ်လွှတ်တင်ခဲ့တဲ့ Shenzhou-18 အာကာသယာဉ်မှူးတွေနဲ့ တာဝန်လွှဲပြောင်းမှုတွေ ပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။

Damien
Ref - CMG