【 နည်းပညာ 】 သေးငယ်တဲ့ ‘လ’ အသစ်တွေကို နက္ခတ္တဗေဒပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့

【 နည်းပညာ 】 သေးငယ်တဲ့ ‘လ’ အသစ်တွေကို နက္ခတ္တဗေဒပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့

ပေကျင်း၊ ဖေဖော်ဝါရီ - ၂၈

နက္ခတ္တဗေဒပညာရှင်တွေဟာ ‘လ’ ကမ္ဘာရဲ့ အရွယ်အစားထက် ပိုမိုသေးငယ်တဲ့ ‘လ’ အသစ်တွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ CMG သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။

နက်ပကျွန်းနဲ့ ယူရေးနပ်စ် ဂြိုဟ်တွေအနီးမှာ သေးငယ်တဲ့ ‘လ’ အသစ်တွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ နေအဖွဲ့အစည်းအတွင်းမှာပဲ နက္ခတ္တဗေဒပညာရှင်တွေဟာ ‘လ’ အသစ် ၃ စင်းကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး၊ နှစ်စင်းက နက်ပကျွန်းဂြိုဟ်ကို လှည့်ပတ်လျက်ရှိကာ နောက်ထပ် ‘လ’ အသစ် တစ်စင်းကတော့ ယူရေးနပ်စ်ဂြိုဟ်အနီးမှာ လှည့်ပတ်နေတာဖြစ်ပါတယ်။ဟာဝိုင်အီနဲ့ ချီလီတို့မှာ တည်ရှိတဲ့ ကုန်းမြေအခြေပြု အာကာသအဝေးကြည့်မှန်ပြောင်းတွေကို အသုံးပြုပြီး အဆိုပါ ‘လ’ အသစ်တွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ နိုင်ငံတကာနက္ခတ္တဗေဒသမဂ္ဂရဲ့ Minor Planet Center မှ သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ယခုလို ‘လ’ အသစ်တွေကို ရှာဖွေတွေ့ရှိမှုကြောင့် နောက်ဆုံးအချက်အလက် ကိန်းဂဏန်းတွေအရ နက်ပကျွန်းဂြိုဟ်တွင် ‘လ’ ၁၆ စင်းနဲ့ ယူရေးနပ်စ်တွင် ‘လ’ ၂၃ စင်း ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။

နက်ပကျွန်းဂြိုဟ်ကို လှည့်ပတ်နေတဲ့ ‘လ’ နှစ်စင်းအနက် တစ်စင်းရဲ့ ပတ်လမ်းရှည်ကြာမှုကို မသိရသေးဘဲ၊ ‘လ’ အသစ် တစ်စင်းကတော့ ‘နေ’ နဲ့ အဝေးဆုံးမှာ တည်ရှိတဲ့ ဂြိုဟ်ကို တစ်ပတ်လှည့်ပတ်နိုင်ဖို့ ၂၇ နှစ်ခန့် အချိန်ယူရတယ်လို့ ဝါရှင်တန်ရှိ Carnegie Institution for Science မှ နက္ခတ္တဗေဒပညာရှင် စကော့တ် ရှာ ပတ်က ပြောပါတယ်။

ယူရေးနပ်စ်ဂြိုဟ်ကို လှည့်ပတ်နေတဲ့ ‘လ’ အသစ်ကတော့ ခန့်မှန်းခြေ အချင်း ၈ ကီလိုမီတာသာရှိပြီး၊ ၎င်း ဂြိုဟ်အနီး တွေ့ရှိခဲ့သမျှထဲ အသေးဆုံး ‘လ’ ဖြစ်နိုင်ဖွယ်ရှိပါတယ်။

ဒါ့အပြင် နက္ခတ္တဗေဒပညာရှင် စကော့တ် ရှာပတ်က “ကျွန်ုပ်တို့ နေအဖွဲ့အစည်းအတွင်းမှာပဲ ရှာဖွေတွေ့ရှိခြင်းမရှိသေးတဲ့ ‘လ’ များစွာ ထပ်မံရှိနေနိုင်သေးတယ်” လို့ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

Damien
Ref - CMG