【 နည်းပညာ 】 နိုင်ငံသားတွေ မြန်နှုန်းမြှင့် အင်တာနက် အသုံးပြုနိုင်စေဖို့ ဂြိုဟ်တုတစ်လုံးကို အင်ဒိုနီးရှား လွှတ်တင်

【 နည်းပညာ 】 နိုင်ငံသားတွေ မြန်နှုန်းမြှင့် အင်တာနက် အသုံးပြုနိုင်စေဖို့ ဂြိုဟ်တုတစ်လုံးကို အင်ဒိုနီးရှား လွှတ်တင်

ဖလော်ရီဒါ၊ ဖေဖော်ဝါရီ - ၂၆

အင်ဒိုနီးရှားနိုင်ငံက စီးပွားဖြစ်ဂြိုဟ်တုတစ်လုံးကို SpaceX ရဲ့ ကူညီပံ့ပိုးပေးမှုနဲ့ လွှတ်တင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဂြိုဟ်တုကို SpaceX ရဲ့ Falcon 9 သယ်ဆောင်ဒုံးပျံယာဉ်နဲ့ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါရှိ ကိပ် ကာနာဗီရယ်လ် အာကာသတပ်ဖွဲ့စခန်းကနေ ဖေဖော်ဝါရီ ၂၀ ရက်နေ့ အင်္ဂါနေ့က လွှတ်တင်ခဲ့တာပါ။

Merah Putih 2 လို့ အမည်ပေးထားတဲ့ ဂြိုဟ်တုဟာ အင်ဒိုနီးရှားဂြိုဟ်တုကုမ္ပဏီ Telkomsat ရဲ့ ဒုတိယအကြိမ်မြောက် လွှတ်တင်ခဲ့တဲ့ စီးပွားဖြစ် ဂြိုဟ်တုလည်းဖြစ်ပြီး၊ ဇန်နဝါရီလနှောင်းပိုင်းက ဖလော်ရီဒါသို့ ရောက်ရှိခဲ့ကာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ လွှတ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားရဲ့ ဂြိုဟ်တုလွှတ်တင်မှုတွေကို အမေရိကန်ဘီလျံနာ အီလွန်မက်စ် ပိုင်ဆိုင်တဲ့ SpaceX က ပံ့ပိုးကူညီလျက်ရှိနေတာလည်းဖြစ်ပြီး၊ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း SpaceX ဟာ Merah Putih ဂြိုဟ်တုကို လွှတ်တင်ပေးခဲ့ပါတယ်။

Merah Putih 2 ဂြိုဟ်တုကို တည်ဆောက်နိုင်ဖို့အတွက် အင်ဒိုနီးရှားဂြိုဟ်တုကုမ္ပဏီ Telkomsat ဟာ ပြင်သစ်အခြေစိုက် Thales Alenia Space ကုမ္ပဏီနဲ့ စာချုပ် ချုပ်ဆို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ အဆိုပါဂြိုဟ်တုဟာ အင်ဒိုနီးရှားနိုင်ငံသားတွေကို အင်တာနက်အမြန်နှုန်း 32 Gbps ကျော် ပံ့ပိုးပေးနိုင်မယ်လို့ ကန်ထရိုက်တာက ပြောကြားခဲ့ပါတယ်။

Damien
Ref - upi