【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ်အတွင်း စိတ်ဒွဟဖြစ်စရာတွေ၊ ဆုံးဖြတ်ရခက်စရာတွေ ဒီကာလမှာ ရှိနေပါတယ်။မိတ်ကောင်းဆွေကောင်းတွေ ရတတ်ပြီး သင်အခက်အခဲကို ကူညီပါလိမ့်မယ်။သင့်အတွက် ယခုတစ်ပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အကောင်းဆုံး အကြံဉာဏ်ပေးနိုင်တာက ကြာသပတေး သားသမီးတွေပါ။ငွေကိစ္စ အရောင်းအဝယ်ကိစ္စတွေမှာ အထစ်အငေါ့လေးတွေ ဒီရက်ပိုင်းမှာ ရှိနေတတ်ပါတယ်။အရောင်းအဝယ်သမားတွေ အဆင်မချောဖြစ်တတ်လို့  အလောတကြီးမလုပ်ဘဲ အေးအေးဆေးဆေး ခေါင်းသုံးလုပ်သင့်ပါတယ်။စပ်တူလုပ်တဲ့ ကိစ္စတွေ ဒီအချိန်စလုပ်တာ အကောင်းဆုံးပါ။ရပ်ခြားက လူမျိုးခြား အကူအညီ မထင်မှတ်ထားဘဲ ရတတ်ပါတယ်။လက်အောက်ငယ်သားကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။ပညာရေးကတော့ ကံကောင်းနေတတ်ပြီး လိုရာရောက်စေပါလိမ့်မယ်။ကျန်းမာရေးကတော့ ခြေထောက်၊ ဗိုက်မကောင်းတာတွေ၊ လေအောင့်တာတွေ၊ ခါးနာတာတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်များ ပျော်ရွင်စရာတွေ ဆိုက်ရောက်လာပါလိမ့်ပေမယ့် ချစ်သူများအကြား ကြားလူဝင်ကိန်း ရှိပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား ယခုတစ်တပ်လုံး သစ်သီး၊ ပန်းသစ်တော်သီးကို ခွဲစိပ်ကာ ကပ်လှူပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မနက်စောစော လဘက်ရည်ရည်ဆိုင်၊ မုန့်ဆိုင်များတွင် ကိုယ်စားသောက်နေစဉ် လာနူတ်ဆက်သူကို ခေါ်ကျွေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီရှိ တနင်္ဂနွေထောင့်တွင် ယခုတစ်ပတ် နံနက်တိုင်း ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ခို၊ ကျီး၊ ခွေး စသည်တို့ကို အစာကျွေးပါ။အချိန်ရတိုင်း မေတ္တာသုတ်ကို ယုံယုံကြည်ကြည် ရွတ်ဆိုပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ မနက်စောစော လမ်းသန့်ရှင်းရေး လုပ်ပေးရင်း အရဟံ၊ သံမ္ဗုဒ္ဓေဂါထာ နှစ်မျိုးလုံး သက်စေ့ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ စေတီပုထိုးများရှိ ဗောဓိညောင်ပင်များကို ညောင်ထောက်ပေးပါ။လမ်းချိုင့်များတွင် လမ်းဖို့ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ မိမိအိမ်ရှေ့ လာရပ်သည့် ထီကားမှ  ၃ အစ ၅ အဆုံး ထီနံပါတ်ကို ရှာထိုးပါ။
( Zawgyi )
ဒီတစ္ပတ္အတြင္း စိတ္ဒြဟျဖစ္စရာေတြ၊ ဆုံးျဖတ္ရခက္စရာေတြ ဒီကာလမွာ ရွိေနပါတယ္။မိတ္ေကာင္းေဆြေကာင္းေတြ ရတတ္ၿပီး သင္အခက္အခဲကို ကူညီပါလိမ့္မယ္။သင့္အတြက္ ယခုတစ္ပတ္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အေကာင္းဆုံး အႀကံဉာဏ္ေပးႏိုင္တာက ၾကာသပေတး သားသမီးေတြပါ။ေငြကိစၥ အေရာင္းအဝယ္ကိစၥေတြမွာ အထစ္အေငါ့ေလးေတြ ဒီရက္ပိုင္းမွာ ရွိေနတတ္ပါတယ္။အေရာင္းအဝယ္သမားေတြ အဆင္မေခ်ာျဖစ္တတ္လို႔  အေလာတႀကီးမလုပ္ဘဲ ေအးေအးေဆးေဆး ေခါင္းသုံးလုပ္သင့္ပါတယ္။စပ္တူလုပ္တဲ့ ကိစၥေတြ ဒီအခ်ိန္စလုပ္တာ အေကာင္းဆုံးပါ။ရပ္ျခားက လူမ်ိဳးျခား အကူအညီ မထင္မွတ္ထားဘဲ ရတတ္ပါတယ္။လက္ေအာက္ငယ္သားေၾကာင့္ စိတ္ရႈပ္ရတတ္ပါတယ္။ပညာေရးကေတာ့ ကံေကာင္းေနတတ္ၿပီး လိုရာေရာက္ေစပါလိမ့္မယ္။က်န္းမာေရးကေတာ့ ေျခေထာက္၊ ဗိုက္မေကာင္းတာေတြ၊ ေလေအာင့္တာေတြ၊ ခါးနာတာေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္မ်ား ေပ်ာ္႐ြင္စရာေတြ ဆိုက္ေရာက္လာပါလိမ့္ေပမယ့္ ခ်စ္သူမ်ားအၾကား ၾကားလူဝင္ကိန္း ရွိပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ယခုတစ္တပ္လုံး သစ္သီး၊ ပန္းသစ္ေတာ္သီးကို ခြဲစိပ္ကာ ကပ္လႉပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ မနက္ေစာေစာ လဘက္ရည္ရည္ဆိုင္၊ မုန႔္ဆိုင္မ်ားတြင္ ကိုယ္စားေသာက္ေနစဥ္ လာႏူတ္ဆက္သူကို ေခၚေကြၽးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီရွိ တနဂၤေႏြေထာင့္တြင္ ယခုတစ္ပတ္ နံနက္တိုင္း ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ခို၊ က်ီး၊ ေခြး စသည္တို႔ကို အစာေကြၽးပါ။အခ်ိန္ရတိုင္း ေမတၱာသုတ္ကို ယုံယုံၾကည္ၾကည္ ႐ြတ္ဆိုေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ မနက္ေစာေစာ လမ္းသန႔္ရွင္းေရး လုပ္ေပးရင္း အရဟံ၊ သံမၺဳေဒၶဂါထာ ႏွစ္မ်ိဳးလုံး သက္ေစ့႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေစတီပုထိုးမ်ားရွိ ေဗာဓိေညာင္ပင္မ်ားကို ေညာင္ေထာက္ေပးပါ။လမ္းခ်ိဳင့္မ်ားတြင္ လမ္းဖို႔ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ မိမိအိမ္ေရွ႕ လာရပ္သည့္ ထီကားမွ  ၃ အစ ၅ အဆုံး ထီနံပါတ္ကို ရွာထိုးပါ။