【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ ဆွေးနွေးသင့်တဲ့ နေ့နံသမားက တနင်္လာ သားသမီးတွေပါ။ခရီးထွက်တာတွေ၊ ဘုရားဖူးသွားရတာတွေ ပေါ်တတ်ပါတယ်။ဒီရက်ပိုင်း လုပ်ငန်းခွင်မှာ သင့်အတွက် အခွင့်အလမ်းကောင်းတွေ ဆက်တိုက်ပေါ်ထွက်လာမယ့်ကာလ ဖြစ်နေပါတယ်။ငွေကံ တအားကောင်းနေလို့ စုဆောင်းရမယ့် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ရမယ့် အချိန်အခါပါ။ဒီအချိန်မှာ အရင်က ရည်ရွယ်ထားတဲ့ လုပ်ငန်းတွေ၊ နေရာသစ်ရွှေ့တာတွေ၊ အလုပ်အကိုင်ပြောင်းရွှေ့တာတွေ၊ လုပ်ငန်းတိုး ချဲ့တာတွေ လုပ်ကိုင်သင့်တဲ့ အချိန်ကာလပါ။လူမျိုးခြားနဲ့ လုပ်ကိုင်နေသူတွေ ဝန်ထမ်းတွေ အကျိုးပေးကိန်းရှိတဲ့ အချိန်ပါ။စပ်တူလုပ်ရတဲ့ အလုပ်တွေ၊ ဆောက်လုပ်ရေးတွေ၊ အိမ်ခြံမြေယာ အရောင်းအဝယ်သမားတွေ ခဏရပ်ထားပါဦး။ဒီကာလမှာ အနုပညာ၊ ကား၊ အလှကုန်၊ ကွန်ပျူတာ စတဲ့အလုပ်တွေ အကျိုးပေးပါလိမ့်မယ်။ငွေကံကောင်းလွန်းနေလို့ ထီထိုးသင့်ပါတယ်။ပညာရေးကကောင်းနေပါတယ်။အိမ်ထောင်ရှင်များ စိတ်ညစ်ရသလောက် ချစ်သူများအတွက်ကတော့ နေ့တိုင်း ပျော်စရာဖြစ်နေတဲ့ အချိန်ကာလပါ။ကျန်းမာရေးမှာ အပူကြောင့်ဖြစ်တဲ့ရောဂါ၊ လေကြောင့် ဖြစ်တတ်တဲ့ ရောဂါကို သတိပြုသင့်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။    ။ဘုရားအား သီကုံးထားသည့် ခရေပန်းကုံးဖြစ်စေ၊ ကံ့ကော်ပန်းဖြစ်စေကပ်လှူကာ နံနက်တိုင်းရှင်သီဝလီဂါထာကိုသက်စေ့ ရွတ်ဆိုပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ လမ်းတွင် ဆွမ်းဆန်ကြွသည့် သီလရှင်ဆရာလေးများကို တွေ့ပါက အစားအသောက်တစ်ခုခု ကပ်လှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္လာနံ ဘုရားစေတီတွင် ဆီးခက်ပါသည့် ပန်းပေါင်းစုံပါအောင်ထည့်ကာ ကပ်လှူပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲရှိ စနေနံ ပစ္စည်းအပျက်၊ ရွှေရောင်ပစ္စည်းအဟောင်းများကို စွန့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားအား ရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင် အမှိုက်များကောက်ခြင်း တံမြက်စည်းလှည်းခြင်း ပြုလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဈေးထဲတွင် ရေသတ္တဝါအရှင်များ တွေ့ပါက ဝယ်ပြီး ဇိဝိတဒါနအဖြစ် ဝယ်ယူလွှတ်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ တွန်းလှည်းဖြင့်ရောင်းသည့် ထီဆိုင်တွေ့ပါက ၂/၃ ဂဏန်းများများပါသော ထီကိုထိုးပါ။
( Zawgyi )
ယခုရက္ပိုင္းအတြင္း သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ ေဆြးေႏြးသင့္တဲ့ ေန႔နံသမားက တနလၤာ သားသမီးေတြပါ။ခရီးထြက္တာေတြ၊ ဘုရားဖူးသြားရတာေတြ ေပၚတတ္ပါတယ္။ဒီရက္ပိုင္း လုပ္ငန္းခြင္မွာ သင့္အတြက္ အခြင့္အလမ္းေကာင္းေတြ ဆက္တိုက္ေပၚထြက္လာမယ့္ကာလ ျဖစ္ေနပါတယ္။ေငြကံ တအားေကာင္းေနလို႔ စုေဆာင္းရမယ့္ ရင္းႏွီးျမဳပ္ႏွံမႈေတြ လုပ္ရမယ့္ အခ်ိန္အခါပါ။ဒီအခ်ိန္မွာ အရင္က ရည္႐ြယ္ထားတဲ့ လုပ္ငန္းေတြ၊ ေနရာသစ္ေ႐ႊ႕တာေတြ၊ အလုပ္အကိုင္ေျပာင္းေ႐ႊ႕တာေတြ၊ လုပ္ငန္းတိုး ခ်ဲ႕တာေတြ လုပ္ကိုင္သင့္တဲ့ အခ်ိန္ကာလပါ။လူမ်ိဳးျခားနဲ႔ လုပ္ကိုင္ေနသူေတြ ဝန္ထမ္းေတြ အက်ိဳးေပးကိန္းရွိတဲ့ အခ်ိန္ပါ။စပ္တူလုပ္ရတဲ့ အလုပ္ေတြ၊ ေဆာက္လုပ္ေရးေတြ၊ အိမ္ၿခံေျမယာ အေရာင္းအဝယ္သမားေတြ ခဏရပ္ထားပါဦး။ဒီကာလမွာ အႏုပညာ၊ ကား၊ အလွကုန္၊ ကြန္ပ်ဴတာ စတဲ့အလုပ္ေတြ အက်ိဳးေပးပါလိမ့္မယ္။ေငြကံေကာင္းလြန္းေနလို႔ ထီထိုးသင့္ပါတယ္။ပညာေရးကေကာင္းေနပါတယ္။အိမ္ေထာင္ရွင္မ်ား စိတ္ညစ္ရသေလာက္ ခ်စ္သူမ်ားအတြက္ကေတာ့ ေန႔တိုင္း ေပ်ာ္စရာျဖစ္ေနတဲ့ အခ်ိန္ကာလပါ။က်န္းမာေရးမွာ အပူေၾကာင့္ျဖစ္တဲ့ေရာဂါ၊ ေလေၾကာင့္ ျဖစ္တတ္တဲ့ ေရာဂါကို သတိျပဳသင့္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။    ။ဘုရားအား သီကုံးထားသည့္ ခေရပန္းကုံးျဖစ္ေစ၊ ကံ့ေကာ္ပန္းျဖစ္ေစကပ္လႉကာ နံနက္တိုင္းရွင္သီဝလီဂါထာကိုသက္ေစ့ ႐ြတ္ဆိုေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ လမ္းတြင္ ဆြမ္းဆန္ႂကြသည့္ သီလရွင္ဆရာေလးမ်ားကို ေတြ႕ပါက အစားအေသာက္တစ္ခုခု ကပ္လႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ တနလၤာနံ ဘုရားေစတီတြင္ ဆီးခက္ပါသည့္ ပန္းေပါင္းစုံပါေအာင္ထည့္ကာ ကပ္လႉေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ထဲရွိ စေနနံ ပစၥည္းအပ်က္၊ ေ႐ႊေရာင္ပစၥည္းအေဟာင္းမ်ားကို စြန႔္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားအား ေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားေကာက္ျခင္း တံျမက္စည္းလွည္းျခင္း ျပဳလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေဈးထဲတြင္ ေရသတၱဝါအရွင္မ်ား ေတြ႕ပါက ဝယ္ၿပီး ဇိဝိတဒါနအျဖစ္ ဝယ္ယူလႊတ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ တြန္းလွည္းျဖင့္ေရာင္းသည့္ ထီဆိုင္ေတြ႕ပါက ၂/၃ ဂဏန္းမ်ားမ်ားပါေသာ ထီကိုထိုးပါ။