ဒီရက်မှာ သင့်ကံက အညံ့တွေ များနေတတ်သလို အနှောင့်အယှက်တွေ ပေါ်တတ်ပါတယ်။နေရာသစ် အိမ်သစ်တွေ အလုပ်အကိုင်အသစ်တွေ ပေါ်တတ်သလို ပြဿနာတွေတစ်ခုပြီး တစ်ခု ဖြေရှင်းနေရတတ်တဲ့ အချိန်ကာလပါ။ဒီတစ်ပတ် သင့်ကို ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အကောင်းဆုံးအကြံပေးနိုင်တာက တနင်္ဂနွေ သားသမီးတွေပါ။ကံညံ့ပေမယ့် အလုပ်အကိုင်တွေ ရာထူးတိုးတာတွေ၊ အလုပ်လျှောက်တာတွေ အောင်မြင်မှုရမယ့် ကာလပါ။အိမ်ခြံမြေလုပ်ငန်းရှင်တွေ၊ ကြေငြာသမားတွေ ငွေဝင်ကောင်းနေသလို ငွေထွက်လည်းများနေတတ်တဲ့ အချိန်ကာလပါ။ဒီကာလအတွင်း စပ်တူကိစ္စတွေ၊ အစုရှယ်ယာလုပ်ငန်းတွေ အကျိုးမပေးတတ်ပါဘူး။ကျန်းမာရေးက ကောင်းနေပေမယ့် ညဘက်အိပ်မရတာတွေ ဖြစ်တတ်ပါတယ်။ပညာရေးကတော့ အဖျားရှူးကိန်း ရှိနေပါတယ်။အိမ်ထောင်သည်တွေ ချစ်သူတွေ မကြာခဏ စကားပြောတာ အဆင်မပြေဖြစ်တတ်ပြီး စိတ်ကုန်သလို ဖြစ်တတ်လို့ အလွယ်မဆုံးဖြတ်သင့်ပါဘူး။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ယခုတစ်ပတ်လုံး အောင်သပြေပန်း ကပ်လှူကာ ရှင်သီဝလီဂါထာကို သက်စေ့ရွတ်ဆိုပါ။
ပြည်ပထွက်ခွာလိုသူများ ။ ။ ဘုရားရှေ့တွင် ကိုးရက်တိတိ တဟိ့ ံတဟိ့ ံဂါထာ သက်စေ့ရွတ်ဆိုပေးပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားရှိ တနင်္ဂနွေထောင့်တွင် ဂုဏ်တော်ပုတီးစိပ်ပြီး လိုရာဆုတောင်းပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ထဲရှိ ဘူးလွတ်၊ ကတ်ထူးစက္ကူဗူး အလွတ်တွေကို ဖယ်ရှားပါ။သွားတိုက်ဆေးဗူး အလွတ်တောင် မထားပါနဲ့။
လူမှုရေးအတိုက်အခံများသူများ ။ ။ အရဟံ အစချီ ဂါထာအား ရွတ်ဆိုပါ။ဘုရားတွင် ရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင် အမှိုက်များ ကောက်ခြင်းအား ပြုလုပ်ပေးပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ ရေသတ္တဝါများကို မကြာခဏ ဘေးမဲ့လွှတ်ပါ။
ထီကံကောင်းလိုသူများ ။ ။ လမ်းတွင်တွေ့သည့် တွန်းလှည်းထီဆိုင်မှ ၁/၆ ဂဏန်းများပါသော ထီကိုရွေးထိုးပါ။
( Zawgyi )
ဒီရက္မွာ သင့္ကံက အညံ့ေတြ မ်ားေနတတ္သလို အေႏွာင့္အယွက္ေတြ ေပၚတတ္ပါတယ္။ေနရာသစ္ အိမ္သစ္ေတြ အလုပ္အကိုင္အသစ္ေတြ ေပၚတတ္သလို ျပႆနာေတြတစ္ခုၿပီး တစ္ခု ေျဖရွင္းေနရတတ္တဲ့ အခ်ိန္ကာလပါ။ဒီတစ္ပတ္ သင့္ကို ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အေကာင္းဆုံးအႀကံေပးႏိုင္တာက တနဂၤေႏြ သားသမီးေတြပါ။ကံညံ့ေပမယ့္ အလုပ္အကိုင္ေတြ ရာထူးတိုးတာေတြ၊ အလုပ္ေလွ်ာက္တာေတြ ေအာင္ျမင္မႈရမယ့္ ကာလပါ။အိမ္ၿခံေျမလုပ္ငန္းရွင္ေတြ၊ ေၾကျငာသမားေတြ ေငြဝင္ေကာင္းေနသလို ေငြထြက္လည္းမ်ားေနတတ္တဲ့ အခ်ိန္ကာလပါ။ဒီကာလအတြင္း စပ္တူကိစၥေတြ၊ အစုရွယ္ယာလုပ္ငန္းေတြ အက်ိဳးမေပးတတ္ပါဘူး။က်န္းမာေရးက ေကာင္းေနေပမယ့္ ညဘက္အိပ္မရတာေတြ ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ အဖ်ားရွဴးကိန္း ရွိေနပါတယ္။အိမ္ေထာင္သည္ေတြ ခ်စ္သူေတြ မၾကာခဏ စကားေျပာတာ အဆင္မေျပျဖစ္တတ္ၿပီး စိတ္ကုန္သလို ျဖစ္တတ္လို႔ အလြယ္မဆုံးျဖတ္သင့္ပါဘူး။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ယခုတစ္ပတ္လုံး ေအာင္သေျပပန္း ကပ္လႉကာ ရွင္သီဝလီဂါထာကို သက္ေစ့႐ြတ္ဆိုပါ။
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ ဘုရားေရွ႕တြင္ ကိုးရက္တိတိ တဟိ့ ံတဟိ့ ံဂါထာ သက္ေစ့႐ြတ္ဆိုေပးပါ။
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ဘုရားရွိ တနဂၤေႏြေထာင့္တြင္ ဂုဏ္ေတာ္ပုတီးစိပ္ၿပီး လိုရာဆုေတာင္းပါ။
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္ထဲရွိ ဘူးလြတ္၊ ကတ္ထူးစကၠဴဗူး အလြတ္ေတြကို ဖယ္ရွားပါ။သြားတိုက္ေဆးဗူး အလြတ္ေတာင္ မထားပါနဲ႔။
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ အရဟံ အစခ်ီ ဂါထာအား ႐ြတ္ဆိုပါ။ဘုရားတြင္ ေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ား ေကာက္ျခင္းအား ျပဳလုပ္ေပးပါ။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေရသတၱဝါမ်ားကို မၾကာခဏ ေဘးမဲ့လႊတ္ပါ။
ထီကံေကာင္းလိုသူမ်ား ။ ။ လမ္းတြင္ေတြ႕သည့္ တြန္းလွည္းထီဆိုင္မွ ၁/၆ ဂဏန္းမ်ားပါေသာ ထီကိုေ႐ြးထိုးပါ။