【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ထစ်ငေါ့နေသော ငွေကြေးကိစ္စတွေ ပြေလည်ပြီး အကြံအစည်အောင်မြင်ကာ ရည်မှန်းချက်သစ်များ လက်တွေ့အကောင်အထည်ဖော်ကိန်း ကြုံရမည့် ကာလပါ။အဖက်ဖက်မှာ ကံဇာတာကောင်းနေပြီး  အလုပ်ထဲ သင့်နာမည် ဂုဏ်သတင်း တိုးတက်ပါလိမ့်မည်။ဒီတစ်ပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် စနေ သားသမီးတွေကို တိုင်ပင်တာ အကောင်းဆုံးပါဘဲ။ငွေကြေး၊ ကား စသည့် ကိစ္စများမှာ ဝင်အာမခံပေးခြင်းများရှောင်ပါ။လူမျိုးကွဲ လူမျိုးခြားများနှင့် ပတ်သက်၍ ကောင်းသောအကျိုးဆက်များရမည်။အကြီးအကဲများထံမှ အထောက်အကူများရမည်။အလုပ်ထဲမှာ အတိုက်အခံရှိနေပေမယ့် တဖြည်းဖြည်းပြေလည်သွားပါလိမ့်မယ်။အလုပ်နဲ့ ပတ်သက်ပြီး ခရီးထွက်ရင် ကောင်းတတ်ပါတယ်။ကျန်းမာရေးကတော့ မတည့်တဲ့ အစာတွေကြောင့် အစားမှားတတ်ပါတယ်။ဒီရက်ပိုင်း သင့်မှာ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်နေရင် ဒေါသမဖြစ်ဘဲ တရားထိုင်ပေးပါ။ဒါက ကုသိုလ်လည်းရ အခက်အခဲလည်းပြေလည်မယ့် ယတြာပါ။ပညာရေးကတော့ မထင်မှတ်ဘဲ အာရုံလျော့ရင် အဖျားရှူးကိန်း မြင်ပါတယ်။အိမ်ထောင်ရှင် ချစ်သူတွေအတွက် စကားများများပြောတာရှောင်ပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား သစ်သီးဆွမ်း ဆက်ကပ်ကာ မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ထီးသင်္ကန်း ငွေကြေးကို ရဟန်းသံဃာတွေကို စိတ်မကွက်ဘဲ ကပ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အရပ်မှ စနေထောင့်အရပ်ရှိ ဘုရားစေတီတွင် သန့်ရှင်းရေးလုပ်ပြီး ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်တွင် နှင်းဆီအဝါရောင် ၂ ပွင့်ကို ဘုရားပူဇော်ပါ။ချစ်သူနှင့် တွေ့ရန်သွားလျှင် နှင်းဆီပန်း နမ်းပြီးမှ သွားပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှ စတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည့်အောင် ရေသပ္ပါယ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ လေဖြတ်ထားသည့် ကျန်းမာရေးမကောင်းသူများကို ဆေးဝါးလှူပါ။

ထီကံကောင်းလိုသူများ ။     ။ နံနက်စောစော ထီဆိုင်တွင် ထီရောင်းသူ ပထမဆုံးထိလိုက်သည့် ထီလက်မှတ်ကို ထိုးလိုက်ပါ။
( Zawgyi )
ထစ္ေငါ့ေနေသာ ေငြေၾကးကိစၥေတြ ေျပလည္ၿပီး အႀကံအစည္ေအာင္ျမင္ကာ ရည္မွန္းခ်က္သစ္မ်ား လက္ေတြ႕အေကာင္အထည္ေဖာ္ကိန္း ႀကဳံရမည့္ ကာလပါ။အဖက္ဖက္မွာ ကံဇာတာေကာင္းေနၿပီး  အလုပ္ထဲ သင့္နာမည္ ဂုဏ္သတင္း တိုးတက္ပါလိမ့္မည္။ဒီတစ္ပတ္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ စေန သားသမီးေတြကို တိုင္ပင္တာ အေကာင္းဆုံးပါဘဲ။ေငြေၾကး၊ ကား စသည့္ ကိစၥမ်ားမွာ ဝင္အာမခံေပးျခင္းမ်ားေရွာင္ပါ။လူမ်ိဳးကြဲ လူမ်ိဳးျခားမ်ားႏွင့္ ပတ္သက္၍ ေကာင္းေသာအက်ိဳးဆက္မ်ားရမည္။အႀကီးအကဲမ်ားထံမွ အေထာက္အကူမ်ားရမည္။အလုပ္ထဲမွာ အတိုက္အခံရွိေနေပမယ့္ တျဖည္းျဖည္းေျပလည္သြားပါလိမ့္မယ္။အလုပ္နဲ႔ ပတ္သက္ၿပီး ခရီးထြက္ရင္ ေကာင္းတတ္ပါတယ္။က်န္းမာေရးကေတာ့ မတည့္တဲ့ အစာေတြေၾကာင့္ အစားမွားတတ္ပါတယ္။ဒီရက္ပိုင္း သင့္မွာ စိတ္ဖိစီးမႈေတြ ျဖစ္ေပၚေနရင္ ေဒါသမျဖစ္ဘဲ တရားထိုင္ေပးပါ။ဒါက ကုသိုလ္လည္းရ အခက္အခဲလည္းေျပလည္မယ့္ ယၾတာပါ။ပညာေရးကေတာ့ မထင္မွတ္ဘဲ အာ႐ုံေလ်ာ့ရင္ အဖ်ားရွဴးကိန္း ျမင္ပါတယ္။အိမ္ေထာင္ရွင္ ခ်စ္သူေတြအတြက္ စကားမ်ားမ်ားေျပာတာေရွာင္ပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား သစ္သီးဆြမ္း ဆက္ကပ္ကာ ေမတၱာသုတ္ ႐ြတ္ဖတ္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ထီးသကၤန္း ေငြေၾကးကို ရဟန္းသံဃာေတြကို စိတ္မကြက္ဘဲ ကပ္လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အရပ္မွ စေနေထာင့္အရပ္ရွိ ဘုရားေစတီတြင္ သန႔္ရွင္းေရးလုပ္ၿပီး ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္တြင္ ႏွင္းဆီအဝါေရာင္ ၂ ပြင့္ကို ဘုရားပူေဇာ္ပါ။ခ်စ္သူႏွင့္ ေတြ႕ရန္သြားလွ်င္ ႏွင္းဆီပန္း နမ္းၿပီးမွ သြားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွ စတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည့္ေအာင္ ေရသပၸါယ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေလျဖတ္ထားသည့္ က်န္းမာေရးမေကာင္းသူမ်ားကို ေဆးဝါးလႉပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ နံနက္ေစာေစာ ထီဆိုင္တြင္ ထီေရာင္းသူ ပထမဆုံးထိလိုက္သည့္ ထီလက္မွတ္ကို ထိုးလိုက္ပါ။