【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ဒီရက်ပိုင်း ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် ကြာသပတေး သားသမီးတွေကို တိုင်ပင်တာက သင့်အတွက် အကောင်းဆုံးပါဘဲ။အဖက်ဖက်က ကံဇာတာပွင့်လန်းနေသလို ကံတရားက အကျိုးပေးတဲ့ဘက် ရောက်နေတဲ့ သင့်အတွက် လုပ်ငန်းသစ်၊ နေရာသစ် စတာတွေ တိုးချဲ့လုပ်ကိုင်သင့်တဲ့ ကာလပါ။ဒီကာလမှာ စပ်တူရှယ်ယာအလုပ်တွေ၊ စာချုပ်စာတမ်းနဲ့ လုပ်ကိုင်ရတဲ့ အလုပ်တွေ၊  အိမ်ခြံမြေလုပ်ငန်းတွေ လုပ်ကိုင်လို့ အထူးကောင်းတဲ့ ကာလပါ။ဒါပေမယ့်  သင့်အရင်းအခြာတွေက သင့်ကို တမျိုးမြင်တတ်ပါတယ်။ဒီရက်ပိုင်း ဘယ်သူကိုမှ ငွေ အပါအဝင် တခြားဘာမှ အာမ မခံပေးတာ အကောင်းဆုံးပါ။ကျန်းမာရေးကတော့ အစားအသောက်ကြောင့် ဖြစ်တတ်တာပဲ ရှိပါတယ်။ပညာရေးကတော့ တစ်ပြိုင်နက် ဘာမှမစီစဉ်ပါနဲ့။တစ်ခုပြီးမှ တစ်ခုသာ တက်ရောက်သင့်ပါတယ်။အိမ်ထောင်ရှင်များ အကျီစားသန်လို့ စကားများတတ်ပေမယ့် ချစ်သူတွေအတွက် လမ်းဆုံးလမ်းခွမှာ ဆုံးဖြတ်ရမယ့် အချိန်ကို ရောက်နေပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ကြာသပတေးနံ မာလကာ၊ ပန်းသီး စသည်တို့ဖြင့် ကပ်လှူပူဇော်ပါ။
ပြည်ပထွက်ခွာလိုသူများ ။     ။ မိမိသွားလိုသည့် အရပ်မှ ခွေးများအား မနက်ဖက်တွင် အစာကျွေးပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ စနေနံ ဘုရားတွင် ပန်းပေါင်းစုံ ကပ်လှူကာ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အလှပြင်ပစ္စည်း အစုတ်များ၊ အင်္ဂါနံပစ္စည်း အဟောင်းများ နေအိမ်ဝင်းထဲမှ လွှင့်ပစ်ပါ။
လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် မိမိနေ့နံ ဂြိုလ်နံဘုရားများကို ရေသပ္ပါယ်ပါ။ပန်းအိုးမှ ပန်းခြောက်များ သန့်ရှင်းပေးပါလေ။
ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားတွင် တံခွန်ကုက္ကား လှူပါ။
ထီကံကောင်းလိုသူများ ။     ။ ကြာသပတေးနာမည်ပါ ထီဆိုင်တွင် ၅-၆ ဂဏန်းများပါသည့် ထီထိုးလိုက်ပါ။
( Zawgyi )