ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် ကြာသပတေး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ငွေကြေးကံသင့်ပေမယ့် ရင်းနှီးလို့ ပေးထားတဲ့ငွေတွေ လိုချိန်မှာ ပြန်မရဖြစ်လို့ သင်စိတ်ညစ်ရတတ်ပါတယ်။အတိုက်အခိုက်တွေ ပတ်လည်ဝိုင်းနေချိန်ဖြစ်နေလို့ ဒီရက်ပိုင်းအတွင်း အစစအရာရာ သတိထားလုပ်ကိုင်သင့်သလို ဘယ်အရာမဆို ခေါင်းအေးအေးထားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ခရီးသွားကံတွေ ကောင်းနေပါတယ်။ဒီကာလမှာ ဘုရားတရားလုပ်တာကလွဲပြီး ဘယ်အရာမှ သင့်ကိုစိတ်ချမ်းသာစေမှာ မဟုတ်ပါဘူး။မိသားစုအတွင်း မိဘမောင်နှမ ဆွေမျိုးအချင်းချင်း ဆက်ဆံရေးမကောင်းပါဘူး။ဝန်ထမ်းတွေ အကျိုးလိုပြီး အလုပ်ကြိုးစားရင် ထင်သလိုရလဒ် မထွက်တတ်ပါဘူး။ပညာရေးကတော့ သင့်အတွက် လိုရာရောက်မယ့် ကာလပါ။ကျန်းမာရေးကတော့ အကောင်းအဆိုး တလှည့်ကြား နေရထိုင်ရခက်နေတတ်ပါတယ်။အိမ်ထောင်များ သတင်းကောင်းကြားရသလို၊ ချစ်သူများအကြား ပျော်ရွှင်စရာက သိပ်အကောင်းကြီး မဟုတ်ပါဘူး။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ကြာသပတေးနံ အသီးအရွက် အညွှန့်များဖြင့် ပူဇော်ပါ။
ပြည်ပထွက်ခွာလိုသူများ ။ ။ သံဃာတော်များကို ထီး၊ ဖိနပ်၊ သင်္ကန်း ကပ်လှူပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားရှင်အား နံနက်စောစော အရဟံ သက်စေ့ပုတီးစိပ်ကာ ပူဇော်ပေးပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ထဲမှ စနေနံပစ္စည်း အဟောင်းအပျက်များကို ရှာ၍လွှင့်ပစ်ပါ။
လူမှုရေးအတိုက်အခံများသူများ ။ ။ မနက်မိုးလင်းကတည်းက သမ္ဗုဒ္ဓေဂါထာကို သတိရတိုင်း ရွတ်ဆိုပေးပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ လမ်းကူး၊ ချောင်းကူးများတွင် တံတားထိုးပါ။ဘုရားစေတီများတွင် ညောင်ထောက်ပေးပါ။
ထီကံကောင်းလိုသူများ ။ ။ ကြာသပတေးနေ့တွင် ၅/၆ ဂဏန်းကို ပါအောင်ထိုးပါ။
( Zawgyi )
ဒီရက္အတြင္း လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ၾကာသပေတး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ေငြေၾကးကံသင့္ေပမယ့္ ရင္းႏွီးလို႔ ေပးထားတဲ့ေငြေတြ လိုခ်ိန္မွာ ျပန္မရျဖစ္လို႔ သင္စိတ္ညစ္ရတတ္ပါတယ္။အတိုက္အခိုက္ေတြ ပတ္လည္ဝိုင္းေနခ်ိန္ျဖစ္ေနလို႔ ဒီရက္ပိုင္းအတြင္း အစစအရာရာ သတိထားလုပ္ကိုင္သင့္သလို ဘယ္အရာမဆို ေခါင္းေအးေအးထားၿပီးမွ ဆုံးျဖတ္သင့္ပါတယ္။ခရီးသြားကံေတြ ေကာင္းေနပါတယ္။ဒီကာလမွာ ဘုရားတရားလုပ္တာကလြဲၿပီး ဘယ္အရာမွ သင့္ကိုစိတ္ခ်မ္းသာေစမွာ မဟုတ္ပါဘူး။မိသားစုအတြင္း မိဘေမာင္ႏွမ ေဆြမ်ိဳးအခ်င္းခ်င္း ဆက္ဆံေရးမေကာင္းပါဘူး။ဝန္ထမ္းေတြ အက်ိဳးလိုၿပီး အလုပ္ႀကိဳးစားရင္ ထင္သလိုရလဒ္ မထြက္တတ္ပါဘူး။ပညာေရးကေတာ့ သင့္အတြက္ လိုရာေရာက္မယ့္ ကာလပါ။က်န္းမာေရးကေတာ့ အေကာင္းအဆိုး တလွည့္ၾကား ေနရထိုင္ရခက္ေနတတ္ပါတယ္။အိမ္ေထာင္မ်ား သတင္းေကာင္းၾကားရသလို၊ ခ်စ္သူမ်ားအၾကား ေပ်ာ္႐ႊင္စရာက သိပ္အေကာင္းႀကီး မဟုတ္ပါဘူး။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ၾကာသပေတးနံ အသီးအ႐ြက္ အၫႊန႔္မ်ားျဖင့္ ပူေဇာ္ပါ။
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ သံဃာေတာ္မ်ားကို ထီး၊ ဖိနပ္၊ သကၤန္း ကပ္လႉပါ။
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ဘုရားရွင္အား နံနက္ေစာေစာ အရဟံ သက္ေစ့ပုတီးစိပ္ကာ ပူေဇာ္ေပးပါ။
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္ထဲမွ စေနနံပစၥည္း အေဟာင္းအပ်က္မ်ားကို ရွာ၍လႊင့္ပစ္ပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ မနက္မိုးလင္းကတည္းက သမၺဳေဒၶဂါထာကို သတိရတိုင္း ႐ြတ္ဆိုေပးပါ။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ လမ္းကူး၊ ေခ်ာင္းကူးမ်ားတြင္ တံတားထိုးပါ။ဘုရားေစတီမ်ားတြင္ ေညာင္ေထာက္ေပးပါ။
ထီကံေကာင္းလိုသူမ်ား ။ ။ ၾကာသပေတးေန႔တြင္ ၅/၆ ဂဏန္းကို ပါေအာင္ထိုးပါ။