【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်း အလွဲလွဲအချော်ချော်နဲ့ စိတ်မတင်မကျကိစ္စတွေ၊ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ ဖြစ်တတ်ပါတယ်။ဒီကာလမှာ မိတ်ဟောင်းဆွေဟောင်းတွေ ပြန်တွေ့ရတတ်တဲ့ ကာလဖြစ်သလို ကြွေးဟောင်းတွေ ပြန်ရတတ်ပါတယ်။အလုပ်တွေများတတ်သလို ခေါင်းကိုအေးအေးထားပြီး အလုပ်ကို ဂရုတစိုက်လုပ်ရမယ့် အချိန်ကာလပါ။ငွေကြေးကံကောင်းနေတတ်သလို  အလုပ်အကိုင်တွေ ကောင်းတဲ့အတွက် မနာလိုသူတွေ ရှိတတ်ပါတယ်။ဒီကာလမှာ စာချုပ်စာတမ်းကိစ္စတွေ၊ စပ်တူရှယ်ယာအလုပ်တွေ ကောင်းပါတယ်။နိုင်ငံရပ်ခြားကနေ အကူအညီ မမျှော်လင့်ဘဲ ရတတ်ပါတယ်။ဒီတစ်ပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အင်္ဂါ သားသမီးတွေ ကိုတိုင်ပင်တာ သင့်အတွက် အကောင်းဆုံးပါဘဲ။ကျန်းမာရေးမှာ သိပ်မကောင်းပါဘူး။ဝမ်းမကောင်းတာတွေ၊ အစာစားတာ မမှန်လို့ အစာအိမ်ရောဂါ ဖြစ်တတ်ပါတယ်။ပညာရေးကံကတော့ အကောင်းဆုံး ဖြစ်နေပါတယ်။ချစ်သူတွေအတွက် မပြေလည်မှုတွေ နိဂုံးချုပ်သွားပေမယ့် အိမ်ထောင်ရှင်တွေအတွက်ကတော့ ကျဉ်းထဲကျပ်ထဲရောက်မယ့် အချိန်ကာလပါ။  

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား ဇီးယိုဖြင့် ဆွမ်းကပ် လှူဒါန်းပေးပါ။  

ပြည်ပထွက်ခွာလိုသူများ ။     ။ တဟိ့  ံတဟိ့  ံ ဘုရားရှိခိုး ဂါထာကို အဓိဋ္ဌာန်ဖြင့် သက်စေ့ရွတ်ပါလေ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အရပ်မှ အင်္ဂါနံအရပ်ရှိ ဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ လမ်းသွားရင်း ခို၊ ကျီး၊ ခွေး စသည်တို့ကို အစာကျွေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှ စတင်ကာ ဂြိုလ်နံရှစ်ခွင် ပြည့်အောင် မေတ္တာသုတ်ရွတ်ဆို ရေသပ္ပါယ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ငါး၊ လိပ် စသည့် ရေသတ္တဝါများကို မွေးနေ့တွင် အစာကျွေးပါ။  

ထီကံကောင်းလိုသူများ ။     ။ လမ်းသွားရင်းတွေ့သည့် ထီဆိုင်တွင် ၃/၆ ဂဏန်းများများပါသည့် ထီနံပါတ်ကို ရှာထိုးပါ။
( Zawgyi )
ယခုရက္ပိုင္း အလြဲလြဲအေခ်ာ္ေခ်ာ္နဲ႔ စိတ္မတင္မက်ကိစၥေတြ၊ ဆုံးျဖတ္ရခက္တဲ့ကိစၥေတြ ျဖစ္တတ္ပါတယ္။ဒီကာလမွာ မိတ္ေဟာင္းေဆြေဟာင္းေတြ ျပန္ေတြ႕ရတတ္တဲ့ ကာလျဖစ္သလို ေႂကြးေဟာင္းေတြ ျပန္ရတတ္ပါတယ္။အလုပ္ေတြမ်ားတတ္သလို ေခါင္းကိုေအးေအးထားၿပီး အလုပ္ကို ဂ႐ုတစိုက္လုပ္ရမယ့္ အခ်ိန္ကာလပါ။ေငြေၾကးကံေကာင္းေနတတ္သလို  အလုပ္အကိုင္ေတြ ေကာင္းတဲ့အတြက္ မနာလိုသူေတြ ရွိတတ္ပါတယ္။ဒီကာလမွာ စာခ်ဳပ္စာတမ္းကိစၥေတြ၊ စပ္တူရွယ္ယာအလုပ္ေတြ ေကာင္းပါတယ္။ႏိုင္ငံရပ္ျခားကေန အကူအညီ မေမွ်ာ္လင့္ဘဲ ရတတ္ပါတယ္။ဒီတစ္ပတ္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အဂၤါ သားသမီးေတြ ကိုတိုင္ပင္တာ သင့္အတြက္ အေကာင္းဆုံးပါဘဲ။က်န္းမာေရးမွာ သိပ္မေကာင္းပါဘူး။ဝမ္းမေကာင္းတာေတြ၊ အစာစားတာ မမွန္လို႔ အစာအိမ္ေရာဂါ ျဖစ္တတ္ပါတယ္။ပညာေရးကံကေတာ့ အေကာင္းဆုံး ျဖစ္ေနပါတယ္။ခ်စ္သူေတြအတြက္ မေျပလည္မႈေတြ နိဂုံးခ်ဳပ္သြားေပမယ့္ အိမ္ေထာင္ရွင္ေတြအတြက္ကေတာ့ က်ဥ္းထဲက်ပ္ထဲေရာက္မယ့္ အခ်ိန္ကာလပါ။  

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား ဇီးယိုျဖင့္ ဆြမ္းကပ္ လႉဒါန္းေပးပါ။  

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ တဟိ့  ံတဟိ့  ံ ဘုရားရွိခိုး ဂါထာကို အဓိ႒ာန္ျဖင့္ သက္ေစ့႐ြတ္ပါေလ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အရပ္မွ အဂၤါနံအရပ္ရွိ ဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ လမ္းသြားရင္း ခို၊ က်ီး၊ ေခြး စသည္တို႔ကို အစာေကြၽးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွ စတင္ကာ ၿဂိဳလ္နံရွစ္ခြင္ ျပည့္ေအာင္ ေမတၱာသုတ္႐ြတ္ဆို ေရသပၸါယ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ငါး၊ လိပ္ စသည့္ ေရသတၱဝါမ်ားကို ေမြးေန႔တြင္ အစာေကြၽးပါ။  

ထီကံေကာင္းလိုသူမ်ား ။     ။ လမ္းသြားရင္းေတြ႕သည့္ ထီဆိုင္တြင္ ၃/၆ ဂဏန္းမ်ားမ်ားပါသည့္ ထီနံပါတ္ကို ရွာထိုးပါ။