【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် သောကြာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်သင့်တဲ့ အချိန်အခါပါ။ဒီရက်ပိုင်း အဖက်ဖက်က အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာတတ်သလို လုပ်ငန်းတွေ တိုးချဲ့သင့်တဲ့ အချိန်အခါပါ။ကံတရားက ကိုယ့်ဘက်ရောက်နေတဲ့ အချိန်အခါ ဖြစ်နေပေမယ့် လိုရာကို အထစ်အငေါ့လေးတွေနဲ့ ကြုံပြီးမှ လိုရာရောက်ပါမယ်။စာချုပ်စာတမ်းနဲ့ လုပ်ရတဲ့ အလုပ်တွေ၊ စပ်တူအလုပ်တွေ၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတွေကတော့ ယခုကာလမှာ စဉ်စားလုပ်ကိုင်သင့်ပါတယ်။ပြည်ပနဲ့ ဆက်သွယ်လုပ်ကိုင်တဲ့ လုပ်ငန်းတွေတော့ အဆင်ပြနေတ်ပါတယ်။ ငွေအဝင်အထွက် ကြမ်းနေသလို ပြည်တွင်း ပြည်ပ ခရီး မသေချာမရေရာ ဖြစ်တတ်ပါတယ်။ပညာရေးကံ ကောင်းပေမယ့် အပေါင်းအသင်း မက်တာကြောင့် မျှော်မှန်းထားသလို မဖြစ်ဘဲ နေတတ်ပါတယ်။ကျန်းမာရေးကတော့ ဆီး၊ မျက်စိ၊ နား စတဲ့ရောဂါ ဖြစ်တတ်ပါတယ်။အိမ်ထောင်သည်တွေ ချစ်သူတွေ မလိုအပ်ဘဲ စကားများတာ၊ ကိုယ်ရည်သွေးတာ ရှောင်သင့်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား သကြားယာဂု ဆွမ်းကပ်ကာ ဘုရားပန်းအိုးတွင် ရွှေပန်း၊ ငွေပန်းများ ချိတ်ဆွဲကပ်လှူပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ နေအိမ်ရှေ့ ရောက်လာသည့် သီလရှင်ငယ်များအား ထီး၊ ဖိနပ် လှူဒါန်းပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်မှ မိမိလျှောက်ထားသည့် အလုပ်ရှိရာ အရပ်သို့ ဦးတည်ကာ တဟိ့  ံတဟိ့  ံ ဂါထာကို ယခုတစ်ပတ်လုံး ၉ ခေါက်တိတိ နံနက်တိုင်း ရွတ်ဆိုပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ နေအိမ်သို့ ဆွမ်းခံကြွလာသည့် သံဃာတော်အား ကောက်ညှင်းပြန်ပေါင်း လောင်းလှူပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ နေ့စဉ် မိုးလင်း မျက်နှာသစ်ပြီးသည်နှင့် မေတ္တာသုတ်ကို ၉ ခေါက်တိတိ ရွတ်ဆိုပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ လမ်းထဲရှိ ခွေးများအား ညဘက် အစာကျွေးပါ။  

ထီကံကောင်းလိုသူများ ။     ။ သင့်ရှေ့ရောက်လာသည့် ထီကားမှ  ကြုံရာထီတစ်စောင်ကို ယူထိုးလိုက်ပါ။
( Zawgyi )
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ ေသာၾကာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္သင့္တဲ့ အခ်ိန္အခါပါ။ဒီရက္ပိုင္း အဖက္ဖက္က အခြင့္အလမ္းေကာင္းေတြ ေပၚထြက္လာတတ္သလို လုပ္ငန္းေတြ တိုးခ်ဲ႕သင့္တဲ့ အခ်ိန္အခါပါ။ကံတရားက ကိုယ့္ဘက္ေရာက္ေနတဲ့ အခ်ိန္အခါ ျဖစ္ေနေပမယ့္ လိုရာကို အထစ္အေငါ့ေလးေတြနဲ႔ ႀကဳံၿပီးမွ လိုရာေရာက္ပါမယ္။စာခ်ဳပ္စာတမ္းနဲ႔ လုပ္ရတဲ့ အလုပ္ေတြ၊ စပ္တူအလုပ္ေတြ၊ အိမ္ၿခံေျမ အက်ိဳးေဆာင္လုပ္ငန္းေတြကေတာ့ ယခုကာလမွာ စဥ္စားလုပ္ကိုင္သင့္ပါတယ္။ျပည္ပနဲ႔ ဆက္သြယ္လုပ္ကိုင္တဲ့ လုပ္ငန္းေတြေတာ့ အဆင္ျပေနတ္ပါတယ္။ ေငြအဝင္အထြက္ ၾကမ္းေနသလို ျပည္တြင္း ျပည္ပ ခရီး မေသခ်ာမေရရာ ျဖစ္တတ္ပါတယ္။ပညာေရးကံ ေကာင္းေပမယ့္ အေပါင္းအသင္း မက္တာေၾကာင့္ ေမွ်ာ္မွန္းထားသလို မျဖစ္ဘဲ ေနတတ္ပါတယ္။က်န္းမာေရးကေတာ့ ဆီး၊ မ်က္စိ၊ နား စတဲ့ေရာဂါ ျဖစ္တတ္ပါတယ္။အိမ္ေထာင္သည္ေတြ ခ်စ္သူေတြ မလိုအပ္ဘဲ စကားမ်ားတာ၊ ကိုယ္ရည္ေသြးတာ ေရွာင္သင့္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား သၾကားယာဂု ဆြမ္းကပ္ကာ ဘုရားပန္းအိုးတြင္ ေ႐ႊပန္း၊ ေငြပန္းမ်ား ခ်ိတ္ဆြဲကပ္လႉေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ေနအိမ္ေရွ႕ ေရာက္လာသည့္ သီလရွင္ငယ္မ်ားအား ထီး၊ ဖိနပ္ လႉဒါန္းပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္မွ မိမိေလွ်ာက္ထားသည့္ အလုပ္ရွိရာ အရပ္သို႔ ဦးတည္ကာ တဟိ့  ံတဟိ့  ံ ဂါထာကို ယခုတစ္ပတ္လုံး ၉ ေခါက္တိတိ နံနက္တိုင္း ႐ြတ္ဆိုေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ေနအိမ္သို႔ ဆြမ္းခံႂကြလာသည့္ သံဃာေတာ္အား ေကာက္ညႇင္းျပန္ေပါင္း ေလာင္းလႉေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေန႔စဥ္ မိုးလင္း မ်က္ႏွာသစ္ၿပီးသည္ႏွင့္ ေမတၱာသုတ္ကို ၉ ေခါက္တိတိ ႐ြတ္ဆိုပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ လမ္းထဲရွိ ေခြးမ်ားအား ညဘက္ အစာေကြၽးပါ။  

ထီကံေကာင္းလိုသူမ်ား ။     ။ သင့္ေရွ႕ေရာက္လာသည့္ ထီကားမွ  ႀကဳံရာထီတစ္ေစာင္ကို ယူထိုးလိုက္ပါ။