【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ်အတွင်း သင့်အတွက် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အကောင်းဆုံး အကြံပေးနိုင်တာက စနေ သားသမီးတွေပါ။သင့်စိတ်ကူးထဲက ရှိသမျှ အလုပ်အကိုင်တွေကို အကောင်အထည်ဖော်တဲ့အခါ ယခုကာလထဲ အပြိုင်အဆိုင်၊ အနှောင့်အယှက်များပေမယ့် နောက်ဆုံးမှာ အဆင်ပြေသွားမယ့် ကံရှိပါတယ်။ဒီကာလမှာ နိုင်ငံခြားရပ်ခြား၊ လူမျိုးခြားက အကျိုးပေးကိန်း ရှိပါတယ်။အကူအညီရတတ်ပါတယ်။အိမ်ခြံမြေနဲ့ စပ်တူကိစ္စတွေ အကျိုးမပေးတတ်ပါဘူး။မထင်မှတ်ဘဲ ခရီးကောင်းတွေ၊ ဘုရားဖူးခရီးတွေ သွားရကိန်းရှိပါတယ်။ငွေဝင်ကောင်းပေမယ့် ငွေထွက်များတာ၊ လုပ်ငန်းတွေထဲ ငွေမြုပ်နေတာတွေကြောင့် ငွေကျပ်တဲ့ အချိန်အခါပါ။ကျန်းမာရေးက ကောင်းပါတယ်။ဒါပေမယ့် အအေးပတ်တာ၊ အဆစ်အမြစ်ရောင်တာလေးတွေ ဖြစ်တတ်ပါတယ်။ပညာရေးကတော့ ဝီရိယစိုက်ထုတ်ရမှ လိုရာရောက်မယ့် အချိန်ပါ။အိမ်ထောင်ရှင်တွေ အိမ်ထောင်ဘက်နဲ့ တကျက်ကျက် စကားများနေတတ်သလို ချစ်သူများကြားမှာတော့ အထီးကျန်နေရတတ်တဲ့ အချိန်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား ယခုတစ်ပတ်လုံး နှင်းဆီပန်း ၉ ပွင့် ကပ်လှူကာ နံနက်နေမထွက်မီ ရှင်သီဝလိဂါထာ ၉ ခေါက် ရွတ်ဆိုပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ လမ်းထဲ တန်းဆွမ်းကြွသည့် သံဃာတော်ကို ထီး/ဖိနပ် ကပ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီ၏ စနေနံထောင့်တွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို မေတ္တာသုတ်ရွတ်ပြီးမှ ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထောင်ဘက်နှစ်ဦး၏ နေ့သင့်နံသင့် ပန်းကို ပန်းအိုးတစ်အိုးဖြင့် သပ်သပ်ထိုးကာ ဘုရားပူဇော်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ နံနက်တိုင်း မေတ္တာသုတ်ကို ရွတ်ဖတ်ပူဇော်၍ အိမ်ရှေ့လမ်းမအား လှည်းကျင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ စေတီများနှင့် ဘုန်ကြီးကျောင်းများရှိ ဗောဓိညောင်ပင်များတွင် ညောင်ထောက်ပေးပါ။ရေသက်စေ့လောင်းပါ။

ထီကံကောင်းလိုသူများ ။     ။ ဗုဒ္ဓဟူးနေ့တွင် အရင်ဆုံးတွေ့သည့် ထီဆိုင်မှ ကျပ်တစ်ထောင်တန်ထီ ၉/၂//၆ ဂဏန်းများများသည့် လက်မှတ်ကို ရှာထိုးပါ။

( Zawgyi )

ဒီတစ္ပတ္အတြင္း သင့္အတြက္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အေကာင္းဆုံး အႀကံေပးႏိုင္တာက စေန သားသမီးေတြပါ။သင့္စိတ္ကူးထဲက ရွိသမွ် အလုပ္အကိုင္ေတြကို အေကာင္အထည္ေဖာ္တဲ့အခါ ယခုကာလထဲ အၿပိဳင္အဆိုင္၊ အေႏွာင့္အယွက္မ်ားေပမယ့္ ေနာက္ဆုံးမွာ အဆင္ေျပသြားမယ့္ ကံရွိပါတယ္။ဒီကာလမွာ ႏိုင္ငံျခားရပ္ျခား၊ လူမ်ိဳးျခားက အက်ိဳးေပးကိန္း ရွိပါတယ္။အကူအညီရတတ္ပါတယ္။အိမ္ၿခံေျမနဲ႔ စပ္တူကိစၥေတြ အက်ိဳးမေပးတတ္ပါဘူး။မထင္မွတ္ဘဲ ခရီးေကာင္းေတြ၊ ဘုရားဖူးခရီးေတြ သြားရကိန္းရွိပါတယ္။ေငြဝင္ေကာင္းေပမယ့္ ေငြထြက္မ်ားတာ၊ လုပ္ငန္းေတြထဲ ေငြျမဳပ္ေနတာေတြေၾကာင့္ ေငြက်ပ္တဲ့ အခ်ိန္အခါပါ။က်န္းမာေရးက ေကာင္းပါတယ္။ဒါေပမယ့္ အေအးပတ္တာ၊ အဆစ္အျမစ္ေရာင္တာေလးေတြ ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ ဝီရိယစိုက္ထုတ္ရမွ လိုရာေရာက္မယ့္ အခ်ိန္ပါ။အိမ္ေထာင္ရွင္ေတြ အိမ္ေထာင္ဘက္နဲ႔ တက်က္က်က္ စကားမ်ားေနတတ္သလို ခ်စ္သူမ်ားၾကားမွာေတာ့ အထီးက်န္ေနရတတ္တဲ့ အခ်ိန္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ယခုတစ္ပတ္လုံး ႏွင္းဆီပန္း ၉ ပြင့္ ကပ္လႉကာ နံနက္ေနမထြက္မီ ရွင္သီဝလိဂါထာ ၉ ေခါက္ ႐ြတ္ဆိုေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ လမ္းထဲ တန္းဆြမ္းႂကြသည့္ သံဃာေတာ္ကို ထီး/ဖိနပ္ ကပ္လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီ၏ စေနနံေထာင့္တြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ေမတၱာသုတ္႐ြတ္ၿပီးမွ ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ေထာင္ဘက္ႏွစ္ဦး၏ ေန႔သင့္နံသင့္ ပန္းကို ပန္းအိုးတစ္အိုးျဖင့္ သပ္သပ္ထိုးကာ ဘုရားပူေဇာ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ နံနက္တိုင္း ေမတၱာသုတ္ကို ႐ြတ္ဖတ္ပူေဇာ္၍ အိမ္ေရွ႕လမ္းမအား လွည္းက်င္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေစတီမ်ားႏွင့္ ဘုန္ႀကီးေက်ာင္းမ်ားရွိ ေဗာဓိေညာင္ပင္မ်ားတြင္ ေညာင္ေထာက္ေပးပါ။ေရသက္ေစ့ေလာင္းပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ဗုဒၶဟူးေန႔တြင္ အရင္ဆုံးေတြ႕သည့္ ထီဆိုင္မွ က်ပ္တစ္ေထာင္တန္ထီ ၉/၂//၆ ဂဏန္းမ်ားမ်ားသည့္ လက္မွတ္ကို ရွာထိုးပါ။