【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း မထင်မှတ်ဘဲ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်းကောင်းတွေ နေရာအပြောင်းအလဲတွေ အလုပ်အကိုင်အပြောင်းအလဲတွေ ပေါ်ထွက်လာတတ်ပါတယ်။ကွဲကွာနေသူများ ပြန်ဆုံခြင်း၊ ရပ်ဝေးက မိတ်ဆွေကောင်းများရဲ့ အကူအညီများ ရတတ်ပါတယ်။ဆုံးရှုံးထားတဲ့ ငွေကြေးနဲ့ စက်ပစ္စည်းတွေ ပြန်ဝင်လာမယ့် အချိန်ကာလပါ။ယခုရက်ပိုင်းအတွင်း တနင်္လာ သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ကား၊ ကွန်ပျူတာ၊ ကျောက်မျက်ရတနာ၊ ခရီးသွားလုပ်ငန်း စတဲ့ လုပ်ငန်းတွေ ကောင်းပါတယ်။ငွေရွှင်နေသလို ဒီရက်ပိုင်း ရပေါက်ရလမ်းတွေ များပါတယ်။ကိုယ့်အပေါ် အငြိုးထားတဲ့သူ ရှိနေတတ်ပါတယ်။သတိထားပါ။ပညာရေးက ကောင်းနေတတ်ပါတယ်။ကျန်းမာရေးကတော့ ဝမ်း၊ ဦးခေါင်း စတဲ့ ရောဂါတွေ ဂရုစိုက်သင့်ပါတယ်။အိမ်ထောင်ရှင်များကြား ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ ပေါ်လာတတ်သလို သမီးရည်းစားများကြား တစ်ဘဝလုံးစာ ဆုံးဖြတ်စရာတွေ ရှိလာတတ်ပါတယ်။မိန်းမကိစ္စ ရှုပ်တတ်သူများ အရှက်တကွဲဖြစ်ရကိန်း ရှိပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး ကံ့ကော်ပန်းဖြင့် ဆက်ကပ်လှူဒါန်း ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ လမ်းထဲ အရပ်ထဲ ကြွလာသည့် အလှူခံ သီလရှင်ဆရာလေးများကို ဆွမ်းကပ်ပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္လာနံ ဘုရားစေတီတွင် ကံ့ကော်ပန်းနှင့် အောင်သပြေပန်းကို တွဲပြီး ဆက်ကပ်လှူဒါန်းပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲတွင် ဓာတ်ပုံ အစုတ်များ၊ အပြဲများ တွေ့ပါက လွှင့်ပစ်ပါ။အချစ်ရေးအဆင်မပြေပါက တနင်္လာနံ သတ္တဝါများကို ကိုယ့်လက်နှင့်ကိုင်ကာ အစာကျွေးပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ အိမ်တွင် မိဘဝေယျာဝစ္စကို စေတနာပါပါလုပ်ပေးပါ။မိဘအဝတ်အစားကို လျှော်ဖွပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဈေးတွင် ရေသတ္တဝါအရှင်ကို တွေ့ပါက ဝယ်ပြီး နီးစပ်ရာကန်ချောင်းတွင် လွှတ်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ တွေ့သည့် ထီဆိုင်တွင် ၂/၄ ဂဏန်းများများပါသော ထီကိုထိုးပါ။

( Zawgyi )

ဒီရက္ပုိင္းအတြင္း မထင္မွတ္ဘဲ ဘာသာေရး၊ ပညာေရး၊ အခြင့္အလမ္းေကာင္းေတြ ေနရာအေျပာင္းအလဲေတြ အလုပ္အကုိင္အေျပာင္းအလဲေတြ ေပၚထြက္လာတတ္ပါတယ္။ကြဲကြာေနသူမ်ား ျပန္ဆုံျခင္း၊ ရပ္ေ၀းက မိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ား ရတတ္ပါတယ္။ဆုံးရႈံးထားတဲ့ ေငြေၾကးနဲ႔ စက္ပစၥည္းေတြ ျပန္၀င္လာမယ့္ အခ်ိန္ကာလပါ။ယခုရက္ပုိင္းအတြင္း တနလၤာ သားသမီးေတြနဲ႔ တုိင္ပင္တာက သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ ေအာင္ျမင္ႏုိင္ပါတယ္။ကား၊ ကြန္ပ်ဴတာ၊ ေက်ာက္မ်က္ရတနာ၊ ခရီးသြားလုပ္ငန္း စတဲ့ လုပ္ငန္းေတြ ေကာင္းပါတယ္။ေငြရႊင္ေနသလုိ ဒီရက္ပုိင္း ရေပါက္ရလမ္းေတြ မ်ားပါတယ္။ကုိယ့္အေပၚ အၿငိဳးထားတဲ့သူ ရွိေနတတ္ပါတယ္။သတိထားပါ။ပညာေရးက ေကာင္းေနတတ္ပါတယ္။က်န္းမာေရးကေတာ့ ၀မ္း၊ ဦးေခါင္း စတဲ့ ေရာဂါေတြ ဂရုစုိက္သင့္ပါတယ္။အိမ္ေထာင္ရွင္မ်ားၾကား ဆုံးျဖတ္ရခက္တဲ့ ကိစၥေတြ ေပၚလာတတ္သလုိ သမီးရည္းစားမ်ားၾကား တစ္ဘ၀လုံးစာ ဆုံးျဖတ္စရာေတြ ရွိလာတတ္ပါတယ္။မိန္းမကိစၥ ရႈပ္တတ္သူမ်ား အရွက္တကြဲျဖစ္ရကိန္း ရွိပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး ကံ့ေကာ္ပန္းျဖင့္ ဆက္ကပ္လွဴဒါန္း ပူေဇာ္ပါ။

ျပည္ပထြက္ခြာလုိသူမ်ား ။     ။ လမ္းထဲ အရပ္ထဲ ၾကြလာသည့္ အလွဴခံ သီလရွင္ဆရာေလးမ်ားကုိ ဆြမ္းကပ္ေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ တနလၤာနံ ဘုရားေစတီတြင္ ကံ့ေကာ္ပန္းႏွင့္ ေအာင္သေျပပန္းကုိ တြဲၿပီး ဆက္ကပ္လွဴဒါန္းေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ထဲတြင္ ဓာတ္ပုံ အစုတ္မ်ား၊ အၿပဲမ်ား ေတြ႕ပါက လႊင့္ပစ္ပါ။အခ်စ္ေရးအဆင္မေျပပါက တနလၤာနံ သတၱ၀ါမ်ားကုိ ကုိယ့္လက္ႏွင့္ကုိင္ကာ အစာေကၽြးေပးပါ။

လူမႈေရးအတုိက္အခံမ်ားသူမ်ား ။     ။ အိမ္တြင္ မိဘေ၀ယ်ာ၀စၥကုိ ေစတနာပါပါလုပ္ေပးပါ။မိဘအ၀တ္အစားကုိ ေလွ်ာ္ဖြပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေစ်းတြင္ ေရသတၱ၀ါအရွင္ကုိ ေတြ႕ပါက ၀ယ္ၿပီး နီးစပ္ရာကန္ေခ်ာင္းတြင္ လႊတ္ေပးပါ။

ထီကံေကာင္းလုိသူမ်ား ။     ။ ေတြ႕သည့္ ထီဆုိင္တြင္ ၂/၄ ဂဏန္းမ်ားမ်ားပါေသာ ထီကုိထုိးပါ။