【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း သောကြာ သားသမီးတွေနဲ့ သင့်လူမှုရေး၊ စီးပွားရေး၊ ပညာရေးကိစ္စတွေ တိုင်ပင်ရင် အစစအရာရာ အောင်မြင်နိုင်ပါတယ်။ဒီကာလမှာ စာချုပ်စာတမ်းကိစ္စတွေ၊ အိမ်ခြံမြေကိစ္စတွေ၊အစုရှယ်ယာအလုပ်တွေ ကောင်းတတ်ပြီး လုပ်ငန်းသစ်လုပ်သူတွေ၊ အလုပ်အကိုင်ပြောင်းရွှေ့လုပ်ကိုင်သူတွေ အဆင်ပြေတတ်တဲ့ကာလပါ။ဒါပေမယ့် တချို့ကိစ္စတွေမှာ စိတ်မတင်မကျဖြစ်ရတာတွေ၊ ဆုံးဖြတ်ရခက်တဲ့ပြဿနာတွေနဲ့ လုံးထွေးလွဲချော်နေတတ်ပါတယ်။ဘာမဆိုစိတ်ရှည်သင့်တဲ့ ကာလဖြစ်နေပြီး ခရီးစဉ်တွေ နိုင်ငံခြားခရီးတွေ ပေါ်တတ်ပါတယ်။စက်ပစ္စည်းလုပ်ငန်းရောင်းဝယ်လုပ်ကိုင်သူတွေ လူရင်းတွေ၊ ရင်းနှီးရသူတွေကြောင့် အခက်အခဲဖြစ်တတ်ပါတယ်။ ပညာရေးကတော့ သင်တက်ချင်တဲ့ သင်တန်းတွေ ကျောင်းတွေတက်ဖို့ အခွင့်အရေးပေါ်တတ်ပါတယ်။အိမ်ထောင်ရှင်များအတွက်ကတော့ အဆင်မပြေဖြစ်တတ်တဲ့ အချိန်ကာလပါ။ငယ်ရွယ်သူ သမီးရည်းစားတွေ ဆုံးဖြတ်ရခက်တဲ့ အချိန်ကာလတစ်ခုကို ရောက်နေပါတယ်။ကျန်းမာရေးက အစာအိမ်၊ ဆီးပိုင်းဆိုင်ရာတွေမှာ ဒုက္ခပေးတတ်ပါတယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား သကြားယာဂုဆွမ်းအား ကပ်လှူပူဇော်ကာ နံနက်တိုင်း ရှင်သီဝလီဂါထာကို ၉ ခေါက်တိတိ နေမထွက်မီရွတ်ဆိုပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ အိမ်ရှေ့ရောက်လာသည့် အလှူခံပုဂ္ဂိုလ်မည်သူကိုမဆို ဖိနပ် (သို့မဟုတ်) ထီးတစ်ခုခုကို လှူဒါန်းဒါနပြုပေးပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားစေတီများ၏ သောကြာထောင့်သို့သွားကာ နမောတေဂါ ထာအား ၁၀၈ ခေါက် ရွတ်ပူဇော်ဆိုကာ လိုရာဆုတောင်းပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ ယခုရက်ပိုင်းအတွင်း အနက်ရောင်ဝတ်ဆင်ခြင်းကိုရှောင်ပါ။အိမ်တွင်း မှန်အကွဲများရှိနေက နေအိမ်ပြင်ပသို့ လွှင့်ပစ်ပါ။ 
 
လူမှုရေးအတိုက်အခံများသူများ ။ ။ ဘုရားစေတီရင်ပြင်များတွင် အမှိုက်များရှင်းလင်းပေးခြင်း၊ ကုဋီများဆေးကြောသုတ်သင်ပေးခြင်း ပြုလုပ်ပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ ဘုရားတွင် ရွှေသင်္ကန်းကပ်လှူခြင်း၊ လမ်းထဲအလှူဒါနပြုခြင်းများတွင် နိုင်သလောက်လှူဒါန်းပေးခြင်း ပြုလုပ်ပါ။
 
ထီကံကောင်းလိုသူများ ။ ။ ကြုံရာထီဆိုင်တွင် ၁/၆/၉ စသည့် ဂဏန်းများများပါအောင် ထီထိုးပါ။
 
( Zawgyi )
 
ယခုရက္ပိုင္းအတြင္း ေသာၾကာ သားသမီးေတြနဲ႔ သင့္လူမႈေရး၊ စီးပြားေရး၊ ပညာေရးကိစၥေတြ တိုင္ပင္ရင္ အစစအရာရာ ေအာင္ျမင္ႏိုင္ပါတယ္။ဒီကာလမွာ စာခ်ဳပ္စာတမ္းကိစၥေတြ၊ အိမ္ၿခံေျမကိစၥေတြ၊အစုရွယ္ယာအလုပ္ေတြ ေကာင္းတတ္ၿပီး လုပ္ငန္းသစ္လုပ္သူေတြ၊ အလုပ္အကိုင္ေျပာင္းေ႐ႊ႕လုပ္ကိုင္သူေတြ အဆင္ေျပတတ္တဲ့ကာလပါ။ဒါေပမယ့္ တခ်ိဳ႕ကိစၥေတြမွာ စိတ္မတင္မက်ျဖစ္ရတာေတြ၊ ဆုံးျဖတ္ရခက္တဲ့ျပႆနာေတြနဲ႔ လုံးေထြးလြဲေခ်ာ္ေနတတ္ပါတယ္။ဘာမဆိုစိတ္ရွည္သင့္တဲ့ ကာလျဖစ္ေနၿပီး ခရီးစဥ္ေတြ ႏိုင္ငံျခားခရီးေတြ ေပၚတတ္ပါတယ္။စက္ပစၥည္းလုပ္ငန္းေရာင္းဝယ္လုပ္ကိုင္သူေတြ လူရင္းေတြ၊ ရင္းႏွီးရသူေတြေၾကာင့္ အခက္အခဲျဖစ္တတ္ပါတယ္။ ပညာေရးကေတာ့ သင္တက္ခ်င္တဲ့ သင္တန္းေတြ ေက်ာင္းေတြတက္ဖို႔ အခြင့္အေရးေပၚတတ္ပါတယ္။အိမ္ေထာင္ရွင္မ်ားအတြက္ကေတာ့ အဆင္မေျပျဖစ္တတ္တဲ့ အခ်ိန္ကာလပါ။ငယ္႐ြယ္သူ သမီးရည္းစားေတြ ဆုံးျဖတ္ရခက္တဲ့ အခ်ိန္ကာလတစ္ခုကို ေရာက္ေနပါတယ္။က်န္းမာေရးက အစာအိမ္၊ ဆီးပိုင္းဆိုင္ရာေတြမွာ ဒုကၡေပးတတ္ပါတယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား သၾကားယာဂုဆြမ္းအား ကပ္လႉပူေဇာ္ကာ နံနက္တိုင္း ရွင္သီဝလီဂါထာကို ၉ ေခါက္တိတိ ေနမထြက္မီ႐ြတ္ဆိုပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ အိမ္ေရွ႕ေရာက္လာသည့္ အလႉခံပုဂၢိဳလ္မည္သူကိုမဆို ဖိနပ္ (သို႔မဟုတ္) ထီးတစ္ခုခုကို လႉဒါန္းဒါနျပဳေပးပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ဘုရားေစတီမ်ား၏ ေသာၾကာေထာင့္သို႔သြားကာ နေမာေတဂါ ထာအား ၁၀၈ ေခါက္ ႐ြတ္ပူေဇာ္ဆိုကာ လိုရာဆုေတာင္းပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ ယခုရက္ပိုင္းအတြင္း အနက္ေရာင္ဝတ္ဆင္ျခင္းကိုေရွာင္ပါ။အိမ္တြင္း မွန္အကြဲမ်ားရွိေနက ေနအိမ္ျပင္ပသို႔ လႊင့္ပစ္ပါ။ 
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ဘုရားေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားရွင္းလင္းေပးျခင္း၊ ကုဋီမ်ားေဆးေၾကာသုတ္သင္ေပးျခင္း ျပဳလုပ္ေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ဘုရားတြင္ ေ႐ႊသကၤန္းကပ္လႉျခင္း၊ လမ္းထဲအလႉဒါနျပဳျခင္းမ်ားတြင္ ႏိုင္သေလာက္လႉဒါန္းေပးျခင္း ျပဳလုပ္ပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ ႀကဳံရာထီဆိုင္တြင္ ၁/၆/၉ စသည့္ ဂဏန္းမ်ားမ်ားပါေအာင္ ထီထိုးပါ။