【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ အောင်မြင်လိုသော ကိစ္စအဝဝအတွက် ဗုဒ္ဓဟူး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်တာ အကောင်းဆုံးပါ။ယခုရက်ပိုင်းအတွင်း ငွေကြေးအဝင်ကောင်းသလို အထွက်ကြမ်းနေတဲ့ ကာလဖြစ်သလို ရသမျှ အဖတ်မတင် ဖြစ်တတ်ပါတယ်။ဒီအချိန်မှာ လုပ်ငန်းသစ် စတာ၊ အလုပ်ပြောင်းတာတွေ လုပ်ဖို့ကောင်းတဲ့ အချိန်အခါကောင်းဖြစ်သလို စီစဉ်ထားတဲ့ ပြည်တွင်း ပြည်ပ ခရီးတွေ သွားဖြစ်မယ့်ကာလပါ။ရေထွက်ကုန်သမားတွေ၊ ခရီးသွားလုပ်ငန်းလုပ်သူတွေ၊ ရွှေသမားတွေ၊ ကျောက်မျက်လုပ်ကိုင်တဲ့သူတွေ အလုပ်ကောင်းမယ့်အချိန်ပါ။စပ်တူရှယ်ယာ အလုပ်တွေ၊ နိုင်ငံခြားသားနဲ့ တွဲလုပ်ရတဲ့ အလုပ်တွေ ဒီရက်ပိုင်း အကျိုးဖြစ်တတ်ပါတယ်။ကျန်းမာရေးကတော့ ညံ့တတ်လို့ သတိထားသင့်ပါတယ်။ပညာသင်နေတဲ့သူတွေ လုပ်ငန်းခွင်ထဲ ပညာတော်သင် မျှော်မှန်းနေတဲ့သူတွေ မထင်မှတ်ဘဲ နိုင်ငံခြားပညာသင်ကိန်း ရှိနေပါတယ်။ပညာသင်နေတဲ့သူတွေ ပညာရည်မှန်းချက် ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ  ဒီရက်ပိုင်း ပူပန်ရတာတွေ၊ အထစ်အငေါ့တွေရှိပေမယ့် ချစ်သူတွေကတော့ မပြေလည်နေရင်တောင် ပြန်ပြေလည်သွားပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး ထန်းလျက်ဖြင့် ဆွမ်းဆက်ကပ် လှူဒါန်းပါ။  

ပြည်ပထွက်ခွာလိုသူများ ။     ။ နံနက်စောစော ဆွမ်းခံကြွသည့် သံဃာတော်များကို သကြားသာကူ ဆွမ်းလောင်းပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ အိမ်အနီး ဘုရားစေတီရှိ တနင်္လာထောင့်တွင်  ဒိဝါတပတိဂါထာ သက်စေ့ရွတ်ဆိုပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထောင်ရှင်နှစ်ဦး နေ့နံပါသည့် ပန်းကို အိုးသစ်တစ်လုံးဖြင့် သပ်သပ်ထိုးကာ ယခုတစ်ပတ်လုံး ဘုရားပူဇော်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ မကြာခဏ ဘုရားစေတီများသို့ နံနက်စောစောသွားကာ ရင်ပြင်၊ စြင်္ကန်လမ်းများကို သန့်ရှင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရပ်ထဲရွာထဲ နွမ်းပါးသူ၊ ကိုယ်ဝန်ဆောင်များကို ဆေးဝါးငွေကြေး ထောက်ပံ့ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ မွေးနေ့မွေးရက် နံနက်စောစောတွင် အရှေ့အရပ်မှ ထီဆိုင်သို့သွားကာ ၄ ဂဏန်း အပူးပါသည့် ထီလက်မှတ်ကိုထိုးပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး စတဲ့ ေအာင္ျမင္လိုေသာ ကိစၥအဝဝအတြက္ ဗုဒၶဟူး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္တာ အေကာင္းဆုံးပါ။ယခုရက္ပိုင္းအတြင္း ေငြေၾကးအဝင္ေကာင္းသလို အထြက္ၾကမ္းေနတဲ့ ကာလျဖစ္သလို ရသမွ် အဖတ္မတင္ ျဖစ္တတ္ပါတယ္။ဒီအခ်ိန္မွာ လုပ္ငန္းသစ္ စတာ၊ အလုပ္ေျပာင္းတာေတြ လုပ္ဖို႔ေကာင္းတဲ့ အခ်ိန္အခါေကာင္းျဖစ္သလို စီစဥ္ထားတဲ့ ျပည္တြင္း ျပည္ပ ခရီးေတြ သြားျဖစ္မယ့္ကာလပါ။ေရထြက္ကုန္သမားေတြ၊ ခရီးသြားလုပ္ငန္းလုပ္သူေတြ၊ ေ႐ႊသမားေတြ၊ ေက်ာက္မ်က္လုပ္ကိုင္တဲ့သူေတြ အလုပ္ေကာင္းမယ့္အခ်ိန္ပါ။စပ္တူရွယ္ယာ အလုပ္ေတြ၊ ႏိုင္ငံျခားသားနဲ႔ တြဲလုပ္ရတဲ့ အလုပ္ေတြ ဒီရက္ပိုင္း အက်ိဳးျဖစ္တတ္ပါတယ္။က်န္းမာေရးကေတာ့ ညံ့တတ္လို႔ သတိထားသင့္ပါတယ္။ပညာသင္ေနတဲ့သူေတြ လုပ္ငန္းခြင္ထဲ ပညာေတာ္သင္ ေမွ်ာ္မွန္းေနတဲ့သူေတြ မထင္မွတ္ဘဲ ႏိုင္ငံျခားပညာသင္ကိန္း ရွိေနပါတယ္။ပညာသင္ေနတဲ့သူေတြ ပညာရည္မွန္းခ်က္ ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား  ဒီရက္ပိုင္း ပူပန္ရတာေတြ၊ အထစ္အေငါ့ေတြရွိေပမယ့္ ခ်စ္သူေတြကေတာ့ မေျပလည္ေနရင္ေတာင္ ျပန္ေျပလည္သြားပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး ထန္းလ်က္ျဖင့္ ဆြမ္းဆက္ကပ္ လႉဒါန္းပါ။  

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ နံနက္ေစာေစာ ဆြမ္းခံႂကြသည့္ သံဃာေတာ္မ်ားကို သၾကားသာကူ ဆြမ္းေလာင္းပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ အိမ္အနီး ဘုရားေစတီရွိ တနလၤာေထာင့္တြင္  ဒိဝါတပတိဂါထာ သက္ေစ့႐ြတ္ဆိုပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ေထာင္ရွင္ႏွစ္ဦး ေန႔နံပါသည့္ ပန္းကို အိုးသစ္တစ္လုံးျဖင့္ သပ္သပ္ထိုးကာ ယခုတစ္ပတ္လုံး ဘုရားပူေဇာ္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ မၾကာခဏ ဘုရားေစတီမ်ားသို႔ နံနက္ေစာေစာသြားကာ ရင္ျပင္၊ ျစကၤန္လမ္းမ်ားကို သန႔္ရွင္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ရပ္ထဲ႐ြာထဲ ႏြမ္းပါးသူ၊ ကိုယ္ဝန္ေဆာင္မ်ားကို ေဆးဝါးေငြေၾကး ေထာက္ပံ့ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ေမြးေန႔ေမြးရက္ နံနက္ေစာေစာတြင္ အေရွ႕အရပ္မွ ထီဆိုင္သို႔သြားကာ ၄ ဂဏန္း အပူးပါသည့္ ထီလက္မွတ္ကိုထိုးပါ။