【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ်အတွင်း ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ ကြုံတွေ့ရတတ်ပါတယ်။ဘာပဲလုပ်လုပ် အတွေးနှစ်မျိုး ဖြစ်နေတတ်ပြီး ဟိုဟာလုပ်ရနိုး၊ ဒီဟာလုပ်ရနိုး ဖြစ်တတ်ပါတယ်။ဒါပေမယ့် သင့်အနားမှာ မိတ်ကောင်းဆွေကောင်းတွေ ရှိတတ်တဲ့ အချိန်ကာလဖြစ်နေတဲ့အတွက် သင်သာဆန္ဒရှိရင် ဒီလူတွေနဲ့ တိုင်ပင်ဆောင်ရွက်တာ အမှားကင်းပါလိမ့်မယ်။ယခုတစ်ပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးမှာ သင့်ကို အကောင်းဆုံး အကြံဉာဏ်ပေးနိုင်တာက ကြာသပတေး သားသမီးတွေပါပဲ။ကိုယ်ပိုင်လုပ်ငန်းနဲ့ လုပ်ငန်းခွင်မှာ စိတ်တိုင်းမကျစရာတွေ အထင်လွဲ စွပ်စွဲစရာတွေ ကြုံရတတ်ပါတယ်။ဒီကာလမှာ သင့်အတွက် အလုပ်တွေများနေပေမယ့် ငွေကထင်သလို မဝင်နိုင်သေးပါဘူး။ မြေအရောင်းအဝယ်တွေ၊ ဖက်ရှင်လုပ်ငန်း၊ ဖုန်းအရောင်းအဝယ်၊ ပဲအရောင်းအဝယ်နဲ့ လျှပ်စစ်ပစ္စည်း အရောင်းအဝယ်လုပ်သူတွေ အကျိုးများမယ့် အချိန်ကာလပါ။ဒီကာလအတွင်း စပ်တူကိစ္စတွေ အကျိုးမပေးတတ်ပါဘူး။အိမ်တွင်းရေးသာယာပြီး မိသားစုဆွေမျိုးများအတွင်း ပျော်ရွှင်ရမယ့် အချိန်ကာလပါ။ကျန်းမာရေးက ကောင်းနေပေမယ့် အကျောတက်တာ၊ အဆစ်တွေနာတာ၊ ခါးနာတာ စတဲ့ရောဂါတွေ အဖြစ်များတတ်ပါတယ်။ပညာရေးကတော့ အာရုံစိုက်မှ ကောင်းမယ့်အချိန်ပါ။အိမ်ထောင်ရှင်၊ ချစ်သူအချင်းချင်း အဆင်မပြေမှုတွေ လမ်းခွဲရကိန်းတွေ ရှိနေတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား ယခုတစ်ပတ်လုံး သစ်သီး၊ ပန်းသစ်တော်သီးကို ခွဲစိပ်ကာ ကပ်လှူပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မနက်စောစော လဘက်ရည်ဆိုင်၊ မုန်ဆိုင်တွင် စားသောက်နေစဉ် လာနှုတ်ဆက်သူကို ခေါ်ကျွေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီရှိ တနင်္ဂနွေထောင့်တွင် ယခုတစ်ပတ် နံနက်တိုင်း ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ရှိ ဘုရားစင်ကို သနှ့်ရင်းရေးလုပ်ပေးပါ။အထူးသဖြင့် ဘုရားရုပ်ပွားတော်နှင့် ကားချပ်များတွင် ကပ်နေသည့် ဖုန်များ၊ ပင့်ကူမျှင်များကို ရှင်းလင်းပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ မနက်စောစော လမ်းသန့်ရှင်းရေး လုပ်ပေးရင်း အရဟံ၊ သံမ္ဗုဒ္ဓေဂါထာ နှစ်မျိုးလုံး သက်စေ့ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရေသတ္တဝါများကို မွေးနေ့မွေးရက်တွင် အစာကျွေးပါ။

ထီကံကောင်းလိုသူများ ။     ။ မိမိအိမ်ရှေ့ လာရပ်သည့် ထီကား/လှည်းကို တွေ့လျှင် တနင်္ဂနွေ အက္ခရာ ၁ အစ ၅ အဆုံး ထီနံပါတ်ကို ရှာထိုးပါ။