【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လုပ်ငန်းခွင်မှာ စိတ်ပင်ပန်းစရာတွေ ရှိတတ်ပါတယ်။အလုပ်အပြောင်းအလဲရှိပါတယ်။တာဝန်ပိုကြီးတဲ့နေရာ ပြောင်းရမှာပါ။လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် သောကြာ သားသမီးများနှင့် ယခုတစ်ပတ်အတွင်း တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း စိတ်တိုင်းမကျစရာတွေ၊ ဒေါသဖြစ်စရာတွေ ကြုံရတတ်ပြီး ဘာကိစ္စမဆို ခေါင်းအေးအေးနဲ့ လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။ဒီကာလမှာ အလုပ်ထွက်ချင်စိတ် ပေါ်တတ်ပေမယ့် အချိန်မကျသေးပါဘူး။အိမ်တွင်းရေးနဲ့ အိမ်ထောင်ရေးတော့ အနည်းငယ်ညံ့ပါတယ်။အိမ်ခြံမြေလုပ်ငန်းတွေ ကောင်းပေမယ့် စပ်တူရှယ်ယာအလုပ်တွေ၊ လူမျိုးခြားနဲ့ တွဲလုပ်ရတဲ့ အလုပ်တွေ မကောင်းသေးပါဘူး။အိမ်တွင်းရေးမကောင်းတဲ့ ကာလဖြစ်ပြီး အိမ်ထောင်ဘက်နဲ့ စကားများရန် ဖြစ်ရတာမျိုး ကြုံရနိုင်သလို လူလွတ်များကတော့ မွေးချင်းမောင်နှမတွေနဲ့ စကားအခြေအတင် ဖြစ်ရတတ်ပါတယ်။ပညာရေးကံက ကောင်းပေမယ့် တွေဝေတတ်ပါတယ်။ကျန်းမာရေးကတော့ ဆီး၊ မျက်စိ၊ အစာအိမ် စတဲ့ အသုံးများတဲ့ ကိုယ်အင်္ဂါနေရာတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်တွေ ချစ်သူရည်းစားတွေ အချစ်ရေး အလွန်စန်းပွင့်တဲ့ ကာလပါပဲ။ချစ်သူမရှိသေးသူ ငယ်ရွယ်သူများ ချစ်သူရတတ်တဲ့ ကာလပါပဲ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုရက်သတ္တပတ် ကာလတစ်ခုလုံး ဘုရားရှင်အား ပန်းပေါင်းစုံဖြင့် ကြည်ညိုပူဇော်ပေးပါ။ထူးလာပါလိမ့်မည်။

ပြည်ပထွက်ခွာလိုသူများ ။     ။ နေအိမ်ရှိရာ အရပ်၏ သောကြာထောင့်သို့ ညဘက်သွားကာ ခွေးများကို အစာကျွေးပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နံနက်စောစော ဘုရားသွား၍ သစ်ခွပန်း အပါအဝင် ပန်း (၃) မျိုးဖြင့် ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲနှင့် ကုတင်အောက်တွင် ပုလင်းခွံ၊ ဗူးခွံတွေ ရှာဖွေရှင်းလင်းပါ။ယခုရက်ပိုင်း အမည်းရောင်ပစ္စည်းကို လုံးဝမသုံးပါနဲ့။

လူမှုရေးအတိုက်အခံများသူများ ။     ။ နေအိမ်အနီးရှိ ဘုန်းကြီးကျောင်းသို့သွားကာ ကုဋီဆေးကြောကာ ကုသိုလ်ယူပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရပ်ထဲရွာထဲရှိ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများကို ဆေးဝါးဓာတ်စာ လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ ။     ။ နေအိမ်ရှေ့ရောက်လာသည့် ထီသည်ထံမှ ၁ / ၆ ဂဏန်းများများပါသည့် ထီလက်မှတ်ကို ရှာထိုးပေးပါ။
( Zawgyi )
ယခုတစ္ပတ္ လုပ္ငန္းခြင္မွာ စိတ္ပင္ပန္းစရာေတြ ရွိတတ္ပါတယ္။အလုပ္အေျပာင္းအလဲရွိပါတယ္။တာဝန္ပိုႀကီးတဲ့ေနရာ ေျပာင္းရမွာပါ။လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ ေသာၾကာ သားသမီးမ်ားႏွင့္ ယခုတစ္ပတ္အတြင္း တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္း စိတ္တိုင္းမက်စရာေတြ၊ ေဒါသျဖစ္စရာေတြ ႀကဳံရတတ္ၿပီး ဘာကိစၥမဆို ေခါင္းေအးေအးနဲ႔ လုပ္ကိုင္ေဆာင္႐ြက္သင့္ပါတယ္။ဒီကာလမွာ အလုပ္ထြက္ခ်င္စိတ္ ေပၚတတ္ေပမယ့္ အခ်ိန္မက်ေသးပါဘူး။အိမ္တြင္းေရးနဲ႔ အိမ္ေထာင္ေရးေတာ့ အနည္းငယ္ညံ့ပါတယ္။အိမ္ၿခံေျမလုပ္ငန္းေတြ ေကာင္းေပမယ့္ စပ္တူရွယ္ယာအလုပ္ေတြ၊ လူမ်ိဳးျခားနဲ႔ တြဲလုပ္ရတဲ့ အလုပ္ေတြ မေကာင္းေသးပါဘူး။အိမ္တြင္းေရးမေကာင္းတဲ့ ကာလျဖစ္ၿပီး အိမ္ေထာင္ဘက္နဲ႔ စကားမ်ားရန္ ျဖစ္ရတာမ်ိဳး ႀကဳံရႏိုင္သလို လူလြတ္မ်ားကေတာ့ ေမြးခ်င္းေမာင္ႏွမေတြနဲ႔ စကားအေျခအတင္ ျဖစ္ရတတ္ပါတယ္။ပညာေရးကံက ေကာင္းေပမယ့္ ေတြေဝတတ္ပါတယ္။က်န္းမာေရးကေတာ့ ဆီး၊ မ်က္စိ၊ အစာအိမ္ စတဲ့ အသုံးမ်ားတဲ့ ကိုယ္အဂၤါေနရာေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္ေတြ ခ်စ္သူရည္းစားေတြ အခ်စ္ေရး အလြန္စန္းပြင့္တဲ့ ကာလပါပဲ။ခ်စ္သူမရွိေသးသူ ငယ္႐ြယ္သူမ်ား ခ်စ္သူရတတ္တဲ့ ကာလပါပဲ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုရက္သတၱပတ္ ကာလတစ္ခုလုံး ဘုရားရွင္အား ပန္းေပါင္းစုံျဖင့္ ၾကည္ညိဳပူေဇာ္ေပးပါ။ထူးလာပါလိမ့္မည္။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ေနအိမ္ရွိရာ အရပ္၏ ေသာၾကာေထာင့္သို႔ ညဘက္သြားကာ ေခြးမ်ားကို အစာေကြၽးေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ နံနက္ေစာေစာ ဘုရားသြား၍ သစ္ခြပန္း အပါအဝင္ ပန္း (၃) မ်ိဳးျဖင့္ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ထဲႏွင့္ ကုတင္ေအာက္တြင္ ပုလင္းခြံ၊ ဗူးခြံေတြ ရွာေဖြရွင္းလင္းပါ။ယခုရက္ပိုင္း အမည္းေရာင္ပစၥည္းကို လုံးဝမသုံးပါနဲ႔။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေနအိမ္အနီးရွိ ဘုန္းႀကီးေက်ာင္းသို႔သြားကာ ကုဋီေဆးေၾကာကာ ကုသိုလ္ယူပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ရပ္ထဲ႐ြာထဲရွိ သက္ႀကီး႐ြယ္အိုမ်ား၊ က်န္းမာေရးမေကာင္းသူမ်ားကို ေဆးဝါးဓာတ္စာ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ေနအိမ္ေရွ႕ေရာက္လာသည့္ ထီသည္ထံမွ ၁ / ၆ ဂဏန္းမ်ားမ်ားပါသည့္ ထီလက္မွတ္ကို ရွာထိုးေပးပါ။