【 ဗေဒင် 】 တနင်္ဂနွေသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ်အတွင်း လုပ်ငန်းခွင်မှာ စိတ်တိုင်းမကျစရာတွေ အထင်လွဲစွပ်စွဲစရာတွေ ကြုံရ တတ်ပါ တယ်။ အလုပ်တွေ များနေပေမယ့် ဝင်ငွေက ထင်သလိုမကောင်းပါဘူး။ ဒီကာလမှာ စိတ်ဒွဟဖြစ် စရာတွေ၊ ဆုံးဖြတ်ရခက်စရာတွေကြုံရတတ်လို့စိတ်ရှည်ရှည်ထားမှအမှားကင်းပြီးအောင်မြင်မှုရပါလိမ့်မယ်။တစ်ခုကံကောင်းနေတာကသင့်မိတ်ကောင်းဆွေကောင်းတွေကအခက်အခဲရှိလာပြီဆိုရင် လာကူညီတတ်တဲ့ ကံရှိနေ တာပါ။ ယခုတစ်ပတ် သင့်ပညာရေး၊လူမှုရေး၊စီးပွားရေးအတွက်အကောင်းဆုံးအကြံဉာဏ်ပေးနိုင်တာက ကြာသပတေးသားသမီးတွေပါ။ အခက်အခဲတွေရှိပေမယ့် အိမ်တွင်းရေးသာယာနေတတ်သလို မိသားစုဆွေမျိုးများအတွင်းပျော်ရွှင်ရမယ့် အချိန်ကာလပါ။ ဒီကာလအတွင်းအိမ်ခြံမြေနဲ့စပ်တူကိစ္စတွေ အစုရှယ်ယာ အလုပ်တွေ အကျိုးမပေးတတ်ပါဘူး။ကျန်းမာရေးက ကောင်းနေပေမယ့်အကျောအဆစ် ခါးနာစတဲ့ရောဂါတွေအဖြစ်များတတ်ပါတယ်။ပညာရေးကတော့အာရုံစိုက်မှ ကောင်းမယ့်အချိန်ပါ။ အိမ်ထောင်ရှင်၊ ချစ်သူအချင်းချင်း အဆင်မပြေမှုတွေ၊လမ်းခွဲရကိန်းတွေ ရှိနေတတ်ပါတယ်။

 
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားရှင်အား ယခုတစ်ပတ်လုံး သစ်သီး၊ပန်းသစ်တော်သီး ကိုခွဲစိပ်ကာ ကပ်လှူပူဇော်ပါ ။
 
 
ပြည်ပထွက်ခွာလိုသူများ။ ။ မနက်စောစော လဘက်ရည်ရည်ဆိုင်၊မုန်ဆိုင်များတွင် စားသောက်နေစဉ် လာနူတ်ဆက်သူကို ခေါ်ကျွေးပါ။
 
 
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။  ဘုရားစေတီရှိတနင်္ဂနွေထောင့်တွင်ယခုတစ်ပတ်နံနက်တိုင်းပဋ္ဌာန်းနှင့်ဓမ္မစကြာကို
ရွတ်ဖတ်ပူဇော်ပေးပါ။
 
 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ ခို၊ကျီး၊ခွေးစသည်တို့ကိုအစာကျွေးပါ။အချိန်ရတိုင်းမေတ္တာသုတ်ရွတ်ဆိုပေးပါ။
 

 လူမှုရေးအတိုက်အခံများသူများ။ ။မနက်စောစော လမ်းသန့်ရှင်းရေးလုပ်ပေးရင်း အရဟံ၊သံမ္ဗုဒ္ဓေ ဂါထာ နှစ်မျိုးလုံး သက်စေ့ရွတ်ဆိုပေးပါ။

 
ကျန်းမာရေးမကောင်းသူများ ။ ။ ရေသတ္တဝါများကို ယခုတစ်ပတ်လုံး အစာကျွေးပါ။
 
 
ထီကံကောင်းလိုသူများ။ ။ မိမိအိမ်ရှေ့လာရပ်သည့် ထီကားကိုတွေ့လျှင် ၁ အစ ၅ အဆုံး ထီနံပါတ် ကိုရှာထိုးပါ။ 
 
( Zawgyi )
 
 
ဒီတစ္ပတ္အတြင္း လုပ္ငန္းခြင္မွာ စိတ္တိုင္းမက်စရာေတြ အထင္လြဲစြပ္စြဲစရာေတြ ႀကဳံရ တတ္ပါ တယ္။ အလုပ္ေတြ မ်ားေနေပမယ့္ ဝင္ေငြက ထင္သလိုမေကာင္းပါဘူး။ ဒီကာလမွာ စိတ္ဒြဟ
ျဖစ္ စရာေတြ၊ ဆုံးျဖတ္ရခက္စရာေတြ ႀကဳံရတတ္လို႔ စိတ္ရွည္ ရွည္ထားမွအမွားကင္းၿပီးေအာင္ျမင္မႈရပါလိမ့္မယ္။တစ္ခုကံေကာင္းေနတာကသင့္မိတ္ေကာင္းေဆြေကာင္းေတြကအခက္အခဲရွိလာၿပီဆိုရင္ လာကူညီတတ္တဲ့
ကံရွိေန တာပါ။ ယခုတစ္ပတ္ သင့္ပညာေရး၊လူမႈေရး၊စီးပြားေရးအတြက္အေကာင္းဆုံးအႀကံဉာဏ္ေပးႏိုင္တာက ၾကာသပေတးသားသမီးေတြပါ။ အခက္အခဲေတြရွိေပမယ့္ အိမ္တြင္းေရးသာယာေနတတ္သလို မိသားစုေဆြမ်ိဳးမ်ား
အတြင္းေပ်ာ္႐ႊင္ရမယ့္ အခ်ိန္ကာလပါ။ ဒီကာလအတြင္းအိမ္ၿခံေျမနဲ႔စပ္တူကိစၥေတြ အစုရွယ္ယာ အလုပ္ေတြ အက်ိဳးမေပးတတ္ပါဘူး။ က်န္းမာေရးက ေကာင္းေနေပမယ့္ အေက်ာအဆစ္ ခါးနာစတဲ့ေရာဂါေတြအျဖစ္မ်ားတတ္ပါတယ္။
ပညာေရးကေတာ့အာ႐ုံစိုက္မွ ေကာင္းမယ့္အခ်ိန္ပါ။ အိမ္ေထာင္ရွင္၊ ခ်စ္သူအခ်င္းခ်င္း အဆင္မေျပမႈေတြ၊လမ္းခြဲရကိန္းေတြ ရွိေနတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားရွင္အား ယခုတစ္ပတ္လုံး သစ္သီး၊ပန္းသစ္ေတာ္သီး ကိုခြဲစိပ္ကာ ကပ္လႉ
ပူေဇာ္ပါ ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ မနက္ေစာေစာ လဘက္ရည္ရည္ဆိုင္၊မုန္ဆိုင္မ်ားတြင္ စားေသာက္ေနစဥ္ လာႏူတ္ဆက္သူကို ေခၚေကြၽးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ ဘုရားေစတီရွိ တနဂၤေႏြေထာင့္တြင္ယခုတစ္ပတ္နံနက္တိုင္းပ႒ာန္းႏွင့္ဓမၼစၾကာကို႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ ခို၊က်ီး၊ေခြးစသည္တို႔ကိုအစာေကြၽးပါ။အခ်ိန္ရတိုင္းေမတၱာသုတ္႐ြတ္ဆိုေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။မနက္ေစာေစာ လမ္းသန႔္ရွင္းေရးလုပ္ေပးရင္း အရဟံ၊သံမၺဳေဒၶဂါထာ ႏွစ္မ်ိဳးလုံး သက္ေစ့႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေရသတၱဝါမ်ားကို ယခုတစ္ပတ္လုံး အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ မိမိအိမ္ေရွ႕လာရပ္သည့္ ထီကားကိုေတြ႕လွ်င္ ၁ အစ ၅ အဆုံး ထီနံပါတ္ ကိုရွာထိုးပါ။