【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် ဗုဒ္ဓဟူး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ဘာလုပ်လုပ် ဟိုဟာဆုံးဖြတ်ရမလိုလို၊ ဒီဟာဆုံးဖြတ်ရမလိုလို ဝေခွဲမရတဲ့ကိစ္စတွေ ပေါ်လာတတ်ပါတယ်။ကိုယ်မလုပ်ရဘဲ  အထင်ခံရတဲ့ ကိစ္စတွေလည်း ဒီကာလမှာ ဖြစ်တတ်သလို ငွေကြေးပြဿနာတွေထဲ ဝင်ကြားညှပ်တတ်ပါတယ်။ဒီကာလမှာ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူတွေ လုပ်ငန်းတိုးချဲ့တာ၊ ဝန်ထမ်းသစ်ခန့်တာ သေချာသတိထားပြီး လုပ်ကိုင်သင့်ပါတယ်။ငွေကံကတော့ အသင့်အတင့်သာရှိပြီး ငွေချေးငှားသူတွေ ပြန်လိုချင်ရင် အခက်တွေ့မယ့် ကာလပါ။ပညာရေးလုပ်ငန်း လုပ်ကိုင်သူတွေ အခြေအနေကောင်းနေပြီး ပို့ဆောင်ရေး လုပ်ကိုင်သူတွေ၊ ရေလုပ်ငန်း လုပ်ကိုင်သူတွေ ဆောက်လုပ်ရေး လုပ်ကိုင်သူတွေ အခြေအနေကြည့်ပြီး လုပ်ကိုင်ရမယ့် အချိန်ကာလပါ။ဒီကာလမှာ နိုင်ငံခြားထွက်ဖို့ ပြင်နေတဲ့သူတွေ အဆင်ပြေချောမွေ့ပြီး လိုရာရောက်ပါလိမ့်မယ်။ဝန်ထမ်းတွေ နေရာအပြောင်းအရွှေ့ ရှိနေပါတယ်။ဒီကာလမှာ ပညာရေးကတော့ အသင့်အတင့်ပါ။ကျန်းမာရေးကတော့ အကောင်းအဆိုး တလှည့်ကြား ဖြစ်နေတတ်သလို အပရိကရောဂါတွေနဲ့ လုံးထွေးနေတတ်ပါတယ်။အိမ်ထောင်၊ ချစ်သူများအကြား သိပ်ဝေးနေရင် မကောင်းပါဘူး။အပြီးတိုင်ဝေးတတ်တဲ့ ကာလဖြစ်လို့ သတိပြုသင့်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ဗုဒ္ဓဟူးနံ ပန်းသစ်သီးများဖြင့် ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ နေအိမ်သို့ ကြွလာသည့် သံဃာတော်များကို ထီး၊ ဖိနပ်၊ သင်္ကန်း ကပ်လှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ အိမ်ရှိ ဘုရားစင်အား သန့်ရှင်းကာ ရေချမ်းကပ်လှူ၍ နံနက်တိုင်း အရဟံဂုဏ်တော် သက်စေ့ပုတီးစိပ်ကာ ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ စနေနံ ပစ္စည်းအဟောင်းအပျက်များ အိမ်ထဲ၊ အိပ်ခန်းထဲ ရှိပါက ရှာ၍လွှင့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ မနက်မိုးလင်းကတည်းက သမ္ဗုဒ္ဓေဂါထာကို သတိရတိုင်း ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ လမ်းကူး၊ ချောင်းကူးများတွင် တံတားထိုးပါ။ဘုရားစေတီများတွင် ညောင်ထောက်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ မွေးနေ့မွေးရက်တွင် ၄ ဂဏန်းများများပါသည့် ထီကို ရှာထိုးပါ။

( Zawgyi )

ဒီရက္အတြင္း လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ ဗုဒၶဟူး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ဘာလုပ္လုပ္ ဟိုဟာဆုံးျဖတ္ရမလိုလို၊ ဒီဟာဆုံးျဖတ္ရမလိုလို ေဝခြဲမရတဲ့ကိစၥေတြ ေပၚလာတတ္ပါတယ္။ကိုယ္မလုပ္ရဘဲ  အထင္ခံရတဲ့ ကိစၥေတြလည္း ဒီကာလမွာ ျဖစ္တတ္သလို ေငြေၾကးျပႆနာေတြထဲ ဝင္ၾကားညႇပ္တတ္ပါတယ္။ဒီကာလမွာ ကိုယ္ပိုင္စီးပြားေရး လုပ္ကိုင္သူေတြ လုပ္ငန္းတိုးခ်ဲ႕တာ၊ ဝန္ထမ္းသစ္ခန႔္တာ ေသခ်ာသတိထားၿပီး လုပ္ကိုင္သင့္ပါတယ္။ေငြကံကေတာ့ အသင့္အတင့္သာရွိၿပီး ေငြေခ်းငွားသူေတြ ျပန္လိုခ်င္ရင္ အခက္ေတြ႕မယ့္ ကာလပါ။ပညာေရးလုပ္ငန္း လုပ္ကိုင္သူေတြ အေျခအေနေကာင္းေနၿပီး ပို႔ေဆာင္ေရး လုပ္ကိုင္သူေတြ၊ ေရလုပ္ငန္း လုပ္ကိုင္သူေတြ ေဆာက္လုပ္ေရး လုပ္ကိုင္သူေတြ အေျခအေနၾကည့္ၿပီး လုပ္ကိုင္ရမယ့္ အခ်ိန္ကာလပါ။ဒီကာလမွာ ႏိုင္ငံျခားထြက္ဖို႔ ျပင္ေနတဲ့သူေတြ အဆင္ေျပေခ်ာေမြ႕ၿပီး လိုရာေရာက္ပါလိမ့္မယ္။ဝန္ထမ္းေတြ ေနရာအေျပာင္းအေ႐ႊ႕ ရွိေနပါတယ္။ဒီကာလမွာ ပညာေရးကေတာ့ အသင့္အတင့္ပါ။က်န္းမာေရးကေတာ့ အေကာင္းအဆိုး တလွည့္ၾကား ျဖစ္ေနတတ္သလို အပရိကေရာဂါေတြနဲ႔ လုံးေထြးေနတတ္ပါတယ္။အိမ္ေထာင္၊ ခ်စ္သူမ်ားအၾကား သိပ္ေဝးေနရင္ မေကာင္းပါဘူး။အၿပီးတိုင္ေဝးတတ္တဲ့ ကာလျဖစ္လို႔ သတိျပဳသင့္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ဗုဒၶဟူးနံ ပန္းသစ္သီးမ်ားျဖင့္ ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ေနအိမ္သို႔ ႂကြလာသည့္ သံဃာေတာ္မ်ားကို ထီး၊ ဖိနပ္၊ သကၤန္း ကပ္လႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ အိမ္ရွိ ဘုရားစင္အား သန႔္ရွင္းကာ ေရခ်မ္းကပ္လႉ၍ နံနက္တိုင္း အရဟံဂုဏ္ေတာ္ သက္ေစ့ပုတီးစိပ္ကာ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ စေနနံ ပစၥည္းအေဟာင္းအပ်က္မ်ား အိမ္ထဲ၊ အိပ္ခန္းထဲ ရွိပါက ရွာ၍လႊင့္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ မနက္မိုးလင္းကတည္းက သမၺဳေဒၶဂါထာကို သတိရတိုင္း ႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ လမ္းကူး၊ ေခ်ာင္းကူးမ်ားတြင္ တံတားထိုးပါ။ဘုရားေစတီမ်ားတြင္ ေညာင္ေထာက္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ေမြးေန႔ေမြးရက္တြင္ ၄ ဂဏန္းမ်ားမ်ားပါသည့္ ထီကို ရွာထိုးပါ။