【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။ငွေကိစ္စ၊အရောင်းအဝယ်ကိစ္စတွေမှာ အထစ်အငေါ့လေးတွေ၊ စိတ်ဒွိဟဖြစ်စရာတွေရှိပါတယ်။ဒီရက်ပိုင်းမှာရှိနေတတ်ပါတယ်။အရောင်းအဝယ်သမားတွေ အဆင်မချောဖြစ်တတ်လို့ အလောတကြီးမလုပ်သင့်ပါဘူး။စပ်တူလုပ်တဲ့ ကိစ္စတွေ ဒီအချိန်စလုပ်တာ အကောင်းဆုံးပါ။အဝေးရပ်ခြားက လူမျိုးခြားအကူအညီ မထင်မှတ်ထားဘဲ ရတတ်ပါတယ်။လက်အောက်ငယ်သားကြောင့် စိတ်ရှုပ်တတ်ရတတ်သလို လူရင်းက သစ္စာဖောက်တတ်ပါတယ်။အိမ်ခြံမြေ၊ အမွေနဲ့ စာချုပ်စာတမ်းကိစ္စတွေ၊ အစုရှယ်ယာ အလုပ်တွေ မကောင်းတတ်ပါဘူး။ငွေရေးကြေးရေးအလိမ်အညာမိတတ်ပါတယ်။ကား၊ ခရီးသွားလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းလုပ်သူတွေ အလုပ်အကိုင်ကောင်းပါတယ်။ပညာရေးကတော့ ကံကောင်းနေတတ်ပြီး လိုရာရောက်စေပါလိမ့်မယ်။ကျန်းမာရေးကတော့ ခြေထောက်၊ ဗိုက်မကောင်းတာတွေ၊ လေအောင့်တာတွေ၊ ခါးနာတာတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင် များ ပျော်ရွင်စရာတွေ ဆိုက်ရောက်လာပေမယ့် ချစ်သူများကတော့ ကြားလူကြောင့် ပျက်ကိန်းရှိပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်အတွင်း ကံ့ကော်ပန်းနှင့် ငွေပန်းကို တွဲပူဇော်ကာ ရှင်သီဝလိဂါထာကို နံနက်စောစောတိုင်း ရွတ်ဖတ်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ပြည်ပအလုပ်ကိစ္စအတွက်သွားတိုင်း တဟိ့ ံ တဟိ့ ံ ဂါထာကို သက်စေ့ရွတ်ဖတ်ပြီးမှ သွားသင့်ပါတယ်။အချိန်မရလျှင် ၉ ခေါက်တိတိ ရွတ်ဖတ်ပူဇော်ပြီးမှ သွားပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်ဘုရားနှင့် အိမ်အနီးရှိ ဘုရားစေတီတစ်ခုခုသို့ နံနက်စောစော ပဋ္ဌာန်းဒေသနာ သွားရောက်ရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဒီရက်ပိုင်း စိတ်ချင်းအဆင်မပြေဖြစ်နေသည့်  အိမ်ထောင်ဘက်များ၊ ချစ်သူများ မိုးလင်းတိုင်း မှန်ကို စတိကြည့်ပြီးမှ စကားပြောပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုန်းကြီးကျောင်းသို့သွားကာ ကုဋီဆေးကြောပေးပါ။ ရေဖြည့်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရေသတ္တဝါများ ထားသည့်ကန်သို့ ရေဖြည့်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင် ၂/၇/၉ ဂဏန်းကို များများပါအောင်ထိုးပါ။ ၇/၉ ဂဏန်း အပူးရလျှင်ကောင်းသည်။

( Zawgyi )

ဒီရက္အတြင္း လူမႈေရး၊ စီးပြားေရး၊ ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။ေငြကိစၥ၊အေရာင္းအဝယ္ကိစၥေတြမွာ အထစ္အေငါ့ေလးေတြ၊ စိတ္ဒြိဟျဖစ္စရာေတြရွိပါတယ္။ဒီရက္ပိုင္းမွာရွိေနတတ္ပါတယ္။အေရာင္းအဝယ္သမားေတြ အဆင္မေခ်ာျဖစ္တတ္လို႔ အေလာတႀကီးမလုပ္သင့္ပါဘူး။စပ္တူလုပ္တဲ့ ကိစၥေတြ ဒီအခ်ိန္စလုပ္တာ အေကာင္းဆုံးပါ။အေဝးရပ္ျခားက လူမ်ိဳးျခားအကူအညီ မထင္မွတ္ထားဘဲ ရတတ္ပါတယ္။လက္ေအာက္ငယ္သားေၾကာင့္ စိတ္ရႈပ္တတ္ရတတ္သလို လူရင္းက သစၥာေဖာက္တတ္ပါတယ္။အိမ္ၿခံေျမ၊ အေမြနဲ႔ စာခ်ဳပ္စာတမ္းကိစၥေတြ၊ အစုရွယ္ယာ အလုပ္ေတြ မေကာင္းတတ္ပါဘူး။ေငြေရးေၾကးေရးအလိမ္အညာမိတတ္ပါတယ္။ကား၊ ခရီးသြားလုပ္ငန္း၊ ေက်ာက္မ်က္လုပ္ငန္းလုပ္သူေတြ အလုပ္အကိုင္ေကာင္းပါတယ္။ပညာေရးကေတာ့ ကံေကာင္းေနတတ္ၿပီး လိုရာေရာက္ေစပါလိမ့္မယ္။က်န္းမာေရးကေတာ့ ေျခေထာက္၊ ဗိုက္မေကာင္းတာေတြ၊ ေလေအာင့္တာေတြ၊ ခါးနာတာေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္ မ်ား ေပ်ာ္႐ႊင္စရာေတြ ဆိုက္ေရာက္လာေပမယ့္ ခ်စ္သူမ်ားကေတာ့ ၾကားလူေၾကာင့္ ပ်က္ကိန္းရွိပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္အတြင္း ကံ့ေကာ္ပန္းႏွင့္ ေငြပန္းကို တြဲပူေဇာ္ကာ ရွင္သီဝလိဂါထာကို နံနက္ေစာေစာတိုင္း ႐ြတ္ဖတ္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ျပည္ပအလုပ္ကိစၥအတြက္သြားတိုင္း တဟိ့ ံ တဟိ့ ံ ဂါထာကို သက္ေစ့႐ြတ္ဖတ္ၿပီးမွ သြားသင့္ပါတယ္။အခ်ိန္မရလွ်င္ ၉ ေခါက္တိတိ ႐ြတ္ဖတ္ပူေဇာ္ၿပီးမွ သြားပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္ဘုရားႏွင့္ အိမ္အနီးရွိ ဘုရားေစတီတစ္ခုခုသို႔ နံနက္ေစာေစာ ပ႒ာန္းေဒသနာ သြားေရာက္႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဒီရက္ပိုင္း စိတ္ခ်င္းအဆင္မေျပျဖစ္ေနသည့္  အိမ္ေထာင္ဘက္မ်ား၊ ခ်စ္သူမ်ား မိုးလင္းတိုင္း မွန္ကို စတိၾကည့္ၿပီးမွ စကားေျပာပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုန္းႀကီးေက်ာင္းသို႔သြားကာ ကုဋီေဆးေၾကာေပးပါ။ ေရျဖည့္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေရသတၱဝါမ်ား ထားသည့္ကန္သို႔ ေရျဖည့္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ စက္ဘီးႏွင့္ေရာင္းသည့္ ထီဆိုင္တြင္ ၂/၇/၉ ဂဏန္းကို မ်ားမ်ားပါေအာင္ထိုးပါ။ ၇/၉ ဂဏန္း အပူးရလွ်င္ေကာင္းသည္။