【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်အတွင်း မိသားစုအတွင်း အလှူမင်္ဂလာပွဲတွေ ဖြစ်လာတတ်ပါသလို ဘာသာရေးအလုပ်တွေမှာ သင့်ကို တာဝန်ပေးတာတွေ ဖြစ်လာတတ်ပါတယ်။ဒီကာလမှာ ဘာပဲလုပ်လုပ် ကုသိုလ်ကောင်းမှုနဲ့ ဘာသာရေးကို အခြေခံပြီး မှ လုပ်ကိုင်ရင် အောင်မြင်မှုပိုရတတ်ပါတယ်။ဒီရက်အတွင်း ငွေကံလည်း ကောင်းနေသလို လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် ဗုဒ္ဓဟူး သားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်ပါ။စပ်တူရှယ်ယာကိစ္စတွေ၊ အင်္ဂါနံလုပ်ငန်းတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ စာအုပ်၊ စက်ပစ္စည်း၊ ဆေး စတဲ့ လုပ်ငန်းတွေ အထူးကောင်းတဲ့ အချိန်ကာလ ရောက်နေပါပြီ။ပညာရေးကတော့ ဒီရက်ပိုင်း အထူးကောင်းပါတယ်။လုပ်ငန်းခွင်စာမေးပွဲရှိနေရင် ဝင်ဖြေသင့်သလို ငယ်ရွယ်သူတွေအတွက် စာမေးပွဲကံ ကောင်းနေတဲ့ ကာလပါ။ကျန်းမာရေးကတော့ သွားကိုက်တာ၊ နှလုံးရောဂါတွေ၊ သွေးတိုးတာတွေ ဖြစ်တတ်ပါတယ်။ အိမ်ထောင်ရှင်၊ ချစ်သူများ အကြား ကြည်နူးစရာ ပျော်ရွင်စရာတွေ ဆိုက်ရောက်လာဖို့ ခဏတာခွဲရပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုရက်သတ္တပတ်အတွင်း ဘုရား၊ စေတီ၊ ပုထိုးသို့ သွားကာ ပန်းကိုးမျိုး၊ သစ်သီးကိုးမျိုးဖြင့် ဘုရားရှင်အား ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ စာသင် သံဃာတော်အား လွယ်အိတ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဗုဒ္ဓဟူးထောင့်အရပ်ရှိ ဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ တတ်နိုင်သလောက် အချိန်ပေးကာ ရည်ရွယ်သူကို မေတ္တာပို့ပါ။
ဓာတ်ပူးအသစ်ထဲ နှစ်ဦးစလုံးပုံထည့်ကာ တစ်ပတ်တိတိ ထားပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီသို့သွားကာ သက်စေ့ မေတ္တာသုတ် ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားတွင် ကာယကံရှင်အား ရည်ရွယ်ပြီး သက်စေ့ ဗောဇ္ဇင်သုတ် ရွတ်ဖတ်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ကြုံရာထီဆိုင်တွင် ၃/၇/၈/၉ ဂဏန်းများပါသည့် ထီလက်မှတ်ကို ရှာထိုးပါ။

( Zawgyi )

ဒီရက္အတြင္း မိသားစုအတြင္း အလႉမဂၤလာပြဲေတြ ျဖစ္လာတတ္ပါသလို ဘာသာေရးအလုပ္ေတြမွာ သင့္ကို တာဝန္ေပးတာေတြ ျဖစ္လာတတ္ပါတယ္။ဒီကာလမွာ ဘာပဲလုပ္လုပ္ ကုသိုလ္ေကာင္းမႈနဲ႔ ဘာသာေရးကို အေျခခံၿပီး မွ လုပ္ကိုင္ရင္ ေအာင္ျမင္မႈပိုရတတ္ပါတယ္။ဒီရက္အတြင္း ေငြကံလည္း ေကာင္းေနသလို လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ ဗုဒၶဟူး သားသမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။စပ္တူရွယ္ယာကိစၥေတြ၊ အဂၤါနံလုပ္ငန္းေတြျဖစ္တဲ့ ဆန္၊ ဆီ၊ ဆား၊ စာအုပ္၊ စက္ပစၥည္း၊ ေဆး စတဲ့ လုပ္ငန္းေတြ အထူးေကာင္းတဲ့ အခ်ိန္ကာလ ေရာက္ေနပါၿပီ။ပညာေရးကေတာ့ ဒီရက္ပိုင္း အထူးေကာင္းပါတယ္။လုပ္ငန္းခြင္စာေမးပြဲရွိေနရင္ ဝင္ေျဖသင့္သလို ငယ္႐ြယ္သူေတြအတြက္ စာေမးပြဲကံ ေကာင္းေနတဲ့ ကာလပါ။က်န္းမာေရးကေတာ့ သြားကိုက္တာ၊ ႏွလုံးေရာဂါေတြ၊ ေသြးတိုးတာေတြ ျဖစ္တတ္ပါတယ္။ အိမ္ေထာင္ရွင္၊ ခ်စ္သူမ်ား အၾကား ၾကည္ႏူးစရာ ေပ်ာ္႐ြင္စရာေတြ ဆိုက္ေရာက္လာဖို႔ ခဏတာခြဲရပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုရက္သတၱပတ္အတြင္း ဘုရား၊ ေစတီ၊ ပုထိုးသို႔ သြားကာ ပန္းကိုးမ်ိဳး၊ သစ္သီးကိုးမ်ိဳးျဖင့္ ဘုရားရွင္အား ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ စာသင္ သံဃာေတာ္အား လြယ္အိတ္လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဗုဒၶဟူးေထာင့္အရပ္ရွိ ဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ တတ္ႏိုင္သေလာက္ အခ်ိန္ေပးကာ ရည္႐ြယ္သူကို ေမတၱာပို႔ပါ။
ဓာတ္ပူးအသစ္ထဲ ႏွစ္ဦးစလုံးပုံထည့္ကာ တစ္ပတ္တိတိ ထားေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီသို႔သြားကာ သက္ေစ့ ေမတၱာသုတ္ ႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ဘုရားတြင္ ကာယကံရွင္အား ရည္႐ြယ္ၿပီး သက္ေစ့ ေဗာဇၨင္သုတ္ ႐ြတ္ဖတ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ႀကဳံရာထီဆိုင္တြင္ ၃/၇/၈/၉ ဂဏန္းမ်ားပါသည့္ ထီလက္မွတ္ကို ရွာထိုးပါ။