【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

သင့်အတွက် အပြိုင်အဆိုင်များတဲ့ ဒီတစ်ပတ်မှာ ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် တနင်္ဂနွေ သားသမီးတွေကို တိုင်ပင်တာ သင့်အတွက် အကောင်းဆုံးပါဘဲ။အလုပ်ထဲမှာ အထစ်အငေါ့တွေ ရှိပေမယ့် သူဘာသာ ပြေလည်သွားပါလိမ့်မယ်။ဒီရက်ပိုင်းမှာ လုပ်ငန်းသစ် စတာတွေ၊ နေရာထိုင်ခင်း ရွှေ့တာတွေ လုပ်တာကောင်းပါတယ်။အလုပ်နဲ့ ပတ်သက်ပြီး ခရီးထွက်ဖို့ အကြောင်းပေါ်လာရင် သွားဖြစ်အောင်သွားပါ။သင့်အတွက် ကောင်းတတ်ပါတယ်။လွန်နေတဲ့ ငွေတွေ၊ ရစရာရှိတဲ့ ကြွေးဟောင်းတွေ ပြန်ဝင်လာတတ်ပါတယ်။ကွဲကွာနေတဲ့သူတွေ၊ မိတ်ဆွေတွေ ဆွေမျိုးတွေနဲ့ ပြန်လည်ဆုံတွေ့ရတတ်ပါတယ်။ကျန်းမာရေးကတော့ ဗိုက်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တတ်သလို လေကြောင့် ဖြစ်တတ်တဲ့ ရောဂါကို ဂရုစိုက်သင့်ပါတယ်။အထူးသဖြင့် မတည့်တဲ့ အစာတွေကြောင့် အစာမှားတတ်ပါတယ်။ပညာရေးကံ ကောင်းနေပေမယ့် အလုပ်အကိုင် ရာထူးတိုး စတာတွေ ဖြေမယ့်သူအဖို့ ကြိုးစားမှ အောင်မြင်မဲ့ အနေအထားပါ။အိမ်ထောင်ရှင် ချစ်သူတွေအတွက် ဘေးစကား ယုံတတ်တာ ရှောင်ဖို့လိုသလို ငယ်ရွယ်သူတွေလည်း တစ်ယောက်နဲ့ တစ်ယောက် သံသယများတတ်တဲ့ အချိန်အခါပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား အောင်သပြေညွှန့် အပါအဝင် ပန်းပေါင်းစုံဖြင့် ကပ်လှူပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ နံနက် လမ်းထဲ တန်းဆွမ်းကြွသည့် သံဃာတော်များအား ဖိနပ်ကပ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ယခုတစ်ပတ်တွင်း ဘုရားစေတီ (သို့မဟုတ်) နေအိမ်တွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ နှစ်ဦးစလုံး၏ နေနံသင့်ပန်းကို ဘုရားပန်းအိုး တစ်အိုးတွင် သပ်သပ်ထိုးကာ ဘုရားသို့ ကပ်လှူပူဇော်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ မနက် မျက်နှာသစ်တိုင်း သရဏဂုံကို ရွတ်ဆိုပူဇော်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားသို့သွားသည့် လမ်းကို ပြင်ပေးခြင်း၊ တံတားပြင်ပေးခြင်း၊ ကန်ဆယ်ခြင်း၊ ညောင်ထောက်ပေးခြင်းများ ပြုလုပ်ပါ။

ထီကံကောင်းလိုသူများ ။     ။ တနင်္ဂနွေ နာမည်ပါ ထီဆိုင်တွင် ၁ အစ ၉ အဆုံး ဂဏန်းကို ရှာထိုးပါ။

( Zawgyi )

သင့္အတြက္ အၿပိဳင္အဆိုင္မ်ားတဲ့ ဒီတစ္ပတ္မွာ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ တနဂၤေႏြ သားသမီးေတြကို တိုင္ပင္တာ သင့္အတြက္ အေကာင္းဆုံးပါဘဲ။အလုပ္ထဲမွာ အထစ္အေငါ့ေတြ ရွိေပမယ့္ သူဘာသာ ေျပလည္သြားပါလိမ့္မယ္။ဒီရက္ပိုင္းမွာ လုပ္ငန္းသစ္ စတာေတြ၊ ေနရာထိုင္ခင္း ေ႐ႊ႕တာေတြ လုပ္တာေကာင္းပါတယ္။အလုပ္နဲ႔ ပတ္သက္ၿပီး ခရီးထြက္ဖို႔ အေၾကာင္းေပၚလာရင္ သြားျဖစ္ေအာင္သြားပါ။သင့္အတြက္ ေကာင္းတတ္ပါတယ္။လြန္ေနတဲ့ ေငြေတြ၊ ရစရာရွိတဲ့ ေႂကြးေဟာင္းေတြ ျပန္ဝင္လာတတ္ပါတယ္။ကြဲကြာေနတဲ့သူေတြ၊ မိတ္ေဆြေတြ ေဆြမ်ိဳးေတြနဲ႔ ျပန္လည္ဆုံေတြ႕ရတတ္ပါတယ္။က်န္းမာေရးကေတာ့ ဗိုက္နဲ႔ ပတ္သက္တဲ့ ေရာဂါေတြ ျဖစ္တတ္သလို ေလေၾကာင့္ ျဖစ္တတ္တဲ့ ေရာဂါကို ဂ႐ုစိုက္သင့္ပါတယ္။အထူးသျဖင့္ မတည့္တဲ့ အစာေတြေၾကာင့္ အစာမွားတတ္ပါတယ္။ပညာေရးကံ ေကာင္းေနေပမယ့္ အလုပ္အကိုင္ ရာထူးတိုး စတာေတြ ေျဖမယ့္သူအဖို႔ ႀကိဳးစားမွ ေအာင္ျမင္မဲ့ အေနအထားပါ။အိမ္ေထာင္ရွင္ ခ်စ္သူေတြအတြက္ ေဘးစကား ယုံတတ္တာ ေရွာင္ဖို႔လိုသလို ငယ္႐ြယ္သူေတြလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ သံသယမ်ားတတ္တဲ့ အခ်ိန္အခါပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ေအာင္သေျပၫႊန႔္ အပါအဝင္ ပန္းေပါင္းစုံျဖင့္ ကပ္လႉေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ နံနက္ လမ္းထဲ တန္းဆြမ္းႂကြသည့္ သံဃာေတာ္မ်ားအား ဖိနပ္ကပ္လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ယခုတစ္ပတ္တြင္း ဘုရားေစတီ (သို႔မဟုတ္) ေနအိမ္တြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ႏွစ္ဦးစလုံး၏ ေနနံသင့္ပန္းကို ဘုရားပန္းအိုး တစ္အိုးတြင္ သပ္သပ္ထိုးကာ ဘုရားသို႔ ကပ္လႉပူေဇာ္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ မနက္ မ်က္ႏွာသစ္တိုင္း သရဏဂုံကို ႐ြတ္ဆိုပူေဇာ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ဘုရားသို႔သြားသည့္ လမ္းကို ျပင္ေပးျခင္း၊ တံတားျပင္ေပးျခင္း၊ ကန္ဆယ္ျခင္း၊ ေညာင္ေထာက္ေပးျခင္းမ်ား ျပဳလုပ္ပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ တနဂၤေႏြ နာမည္ပါ ထီဆိုင္တြင္ ၁ အစ ၉ အဆုံး ဂဏန္းကို ရွာထိုးပါ။