【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တနင်္ဂနွေ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ဒီရက်ပိုင်း ငွေကြေးကိစ္စ အရှုပ်အရှင်းဖြစ်တတ်လို့ စာရင်းဇယား သေချာစွာပြုလုပ်ပါလေ။အပြိုင်အဆိုင်တွေ များတတ်သလို မနာလိုသူတွေကြောင့် အလုပ်ထဲ သတိထားလုပ်ကိုင်သင့်ပါတယ်။မတင်မကျဖြစ်စရာ ကိစ္စတွေများတဲ့ ဒီကာလမှာ ဘယ်အရာဆို ခေါင်းအေးအေးထားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။အတိုက်အခံကတော့ ရှိနေပါတယ်။သတိထားပါ။ဘုရားတရားလုပ်တာကလွဲပြီး ဘယ်အရာမှ သင့်ကို စိတ်ချမ်းသာစေမှာ မဟုတ်ပါဘူး။ဒီကာလမှာ စပ်တူကိစ္စတွေ စာချုပ်စာတမ်းနဲ့ အစုရှယ်ယာအလုပ်တွေ၊ အိမ်ခြံမြေလုပ်ငန်းတွေ အရမ်းကောင်းပါတယ်။မိသားစုအတွင်း ညီအစ်ကို မောင်နှမသားချင်းများရဲ့ ကောင်းစကားကြားရတတ်ပါတယ်။ပညာရေးကတော့ ကံကောင်းနေတတ်ပြီး လိုရာရောက်ပါလိမ့်မယ်။ကျန်းမာရေးကတော့ ချုပ်စာတွေကြောင့် ဒုက္ခများကိန်းမြင်ပါတယ်။အိမ်ထောင်၊ ချစ်သူများအကြား ပြဿနာရှိတတ်ပြီး နောက်ဆုံးမှာ အပြန်အလှန် ယုံကြည်မှုတွေတိုးလာမယ့် အခါသမယပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး အုန်းယာဂုဆွမ်း ကပ်လှူကာ ရှင်သီ၀လိဂါထာဖြင့်  ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မွေးနေ့မွေးရက်တွင် မိမိတတ်နိုင်သလောက် သံဃာတော်များကို အာရုဏ်ဆွမ်းကပ်လှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္ဂနွေနံပါ စေတီများ၊ ဘုရားများသို့သွားကာ နံနက်စောစော ပဋ္ဌာန်းဒေဿနာဖြင့် ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထောင်ဘက်အား ရည်စူးကာ ဘုရားတွင် နံနက်စောစော ကောက်ညှင်းပြန်ပေါင်း ကပ်လှူပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ မေတ္တာသုတ်ကို နေ့စဉ် သက်စေ့ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ လမ်းကူး၊ ချောင်းကူးများတွင် တံတားထိုးပါ။ဘုရားစေတီရှိ ညောင်ပင်တွင် ညောင်ထောက်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင် ၁ ဂဏန်း ထိပ်စီးပါသည့်  ထီလက်မှတ်ကို ရှာထိုးပါ။

( Zawgyi )

ဒီရက္အတြင္း လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တနဂၤေႏြ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ဒီရက္ပိုင္း ေငြေၾကးကိစၥ အရႈပ္အရွင္းျဖစ္တတ္လို႔ စာရင္းဇယား ေသခ်ာစြာျပဳလုပ္ပါေလ။အၿပိဳင္အဆိုင္ေတြ မ်ားတတ္သလို မနာလိုသူေတြေၾကာင့္ အလုပ္ထဲ သတိထားလုပ္ကိုင္သင့္ပါတယ္။မတင္မက်ျဖစ္စရာ ကိစၥေတြမ်ားတဲ့ ဒီကာလမွာ ဘယ္အရာဆို ေခါင္းေအးေအးထားၿပီးမွ ဆုံးျဖတ္သင့္ပါတယ္။အတိုက္အခံကေတာ့ ရွိေနပါတယ္။သတိထားပါ။ဘုရားတရားလုပ္တာကလြဲၿပီး ဘယ္အရာမွ သင့္ကို စိတ္ခ်မ္းသာေစမွာ မဟုတ္ပါဘူး။ဒီကာလမွာ စပ္တူကိစၥေတြ စာခ်ဳပ္စာတမ္းနဲ႔ အစုရွယ္ယာအလုပ္ေတြ၊ အိမ္ၿခံေျမလုပ္ငန္းေတြ အရမ္းေကာင္းပါတယ္။မိသားစုအတြင္း ညီအစ္ကို ေမာင္ႏွမသားခ်င္းမ်ားရဲ႕ ေကာင္းစကားၾကားရတတ္ပါတယ္။ပညာေရးကေတာ့ ကံေကာင္းေနတတ္ၿပီး လိုရာေရာက္ပါလိမ့္မယ္။က်န္းမာေရးကေတာ့ ခ်ဳပ္စာေတြေၾကာင့္ ဒုကၡမ်ားကိန္းျမင္ပါတယ္။အိမ္ေထာင္၊ ခ်စ္သူမ်ားအၾကား ျပႆနာရွိတတ္ၿပီး ေနာက္ဆုံးမွာ အျပန္အလွန္ ယုံၾကည္မႈေတြတိုးလာမယ့္ အခါသမယပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး အုန္းယာဂုဆြမ္း ကပ္လႉကာ ရွင္သီ၀လိဂါထာျဖင့္  ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ေမြးေန႔ေမြးရက္တြင္ မိမိတတ္ႏိုင္သေလာက္ သံဃာေတာ္မ်ားကို အာ႐ုဏ္ဆြမ္းကပ္လႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ တနဂၤေႏြနံပါ ေစတီမ်ား၊ ဘုရားမ်ားသို႔သြားကာ နံနက္ေစာေစာ ပ႒ာန္းေဒႆနာျဖင့္ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ေထာင္ဘက္အား ရည္စူးကာ ဘုရားတြင္ နံနက္ေစာေစာ ေကာက္ညႇင္းျပန္ေပါင္း ကပ္လႉပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေမတၱာသုတ္ကို ေန႔စဥ္ သက္ေစ့႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ လမ္းကူး၊ ေခ်ာင္းကူးမ်ားတြင္ တံတားထိုးပါ။ဘုရားေစတီရွိ ေညာင္ပင္တြင္ ေညာင္ေထာက္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ စက္ဘီးႏွင့္ေရာင္းသည့္ ထီဆိုင္တြင္ ၁ ဂဏန္း ထိပ္စီးပါသည့္  ထီလက္မွတ္ကို ရွာထိုးပါ။