【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း လုပ်ငန်းခွင်မှာ သင့်အတွက် အခွင့်အလမ်းကောင်းတွေ ဆက်တိုက်ပေါ်ထွက်လာမယ့် ကာလဖြစ်နေပါတယ်။ငွေကံ တအားကောင်းနေလို့ စုဆောင်းရမယ့် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ရမယ့် အချိန်အခါပါ။ဒီအချိန်မှာ အရင်ကရည်ရွယ်ထားတဲ့ လုပ်ငန်းတွေ၊ နေရာသစ်ရွှေ့တာတွေ၊ အလုပ်အကိုင်ပြောင်းရွှေ့တာတွေ၊ လုပ်ငန်းတိုးချဲ့တာတွေ လုပ်ကိုင်သင့်တဲ့ အချိန်ကာလပါ။လူမျိုးခြားနဲ့ လုပ်ကိုင်နေသူတွေ ဝန်ထမ်းတွေ ဒီကာလမှာ နာမည်ဂုဏ်သတင်း ထင်ရှားမယ့်ကိန်း ရှိပါတယ်။ဘာလုပ်လုပ် တစ်ခါတည်းမပြီးတာ ဒီအချိန်ကာလပါ။အနည်းဆုံး နှစ်ခါလောက်လုပ်ရတတ်ပါတယ်။ဒီကာလမှာ အပြိုင်အဆိုင်များလို့ ရန်များတတ်ပါတယ်။ယခုရက်ပိုင်းအတွင်း သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ ဆွေးနွေးသင့်တဲ့ နေ့နံသမားက တနင်္လာ သားသမီးတွေပါ။ခရီးထွက်တာတွေ၊ ဘုရားဖူးသွားရတာတွေ ပေါ်တတ်ပါတယ်။စပ်တူလုပ်ရတဲ့အလုပ်တွေ၊ ဆောက်လုပ်ရေးတွေ၊ အိမ်ခြံမြေယာ အရောင်းအဝယ်သမားတွေ ခဏရပ်ထားပါဦး။အချိန်ကိုစောင့်လိုက်တာက သင့်ကိုအကျိုးပေးပါတယ်။ဒီကာလမှာ အနုပညာ၊ ကား၊ အလှကုန်၊ ကွန်ပျူတာ စတဲ့ အလုပ်တွေ အကျိုးပေးပါလိမ်မယ်။
ငွေကံကောင်းလွန်းနေလို့ ထီထိုးသင့်ပါတယ်။ပညာရေးကကောင်းနေပါတယ်။အိမ်ထောင်ရှင်များ စိတ်ညစ်ရသလောက် ချစ်သူများအတွက်ကတော့ နေ့တိုင်းပျော်စရာဖြစ်နေတဲ့ အချိန်ကာလပါ။ကျန်းမာရေးမှာ အပူကြောင့်ဖြစ်တဲ့ရောဂါ၊ လေကြောင့်ဖြစ်တတ်တဲ့ ရောဂါကို သတိပြုသင့်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး ကံ့ကော်ညွှန့်နှင့် စပယ်ပန်းခိုင်ကို ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ နံနက်စောစောတွေ့သည့် အသိမိတ်ဆွေကို ကော်ရည်ခေါက်ဆွဲ လိုက်ကျွေးပြီး စိတ်ထဲက ကော်ပီဟု ၃ ခါ ရွတ်ဆိုပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ရွှေတိဂုံဘုရား အောင်မြေတွင် အဓိဋ္ဌာန်ပြုပါ။ဘုရားအား ကံ့ကော်ညွှန့် ၉ ညွှန့် ကပ်လှူကာ လိုရာဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ မေတ္တာသုတ်ကို ယုံယုံကြည်ကြည် သက်စေ့ရွတ်ဆိုနေပါ။ချစ်သူနှင့်တွေ့သည့်အခါတိုင်း ကျောက်စရစ်အသေးတစ်လုံး အိတ်ထဲဆောင်ထားပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ နေအိမ်ရှိ ဘုရားစင်နှင့် ဘုရားစေတီရင်ပြင်များတွင် သန့်ရှင်းရေးလုပ်၍ ဆီမီးပူဇော်ကာ ရတနာသုတ် ရွတ်ဆိုပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ မနက်စောစောထ၍ သံဃာတော်များအား တန်းဆွမ်းလောင်းလှူပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်တွင် ၂ ပူး၊ ၇ ပူး ဂဏန်းပါသော ထီကိုရွေးထိုးပါ။

( Zawgyi )

ဒီရက္ပိုင္း လုပ္ငန္းခြင္မွာ သင့္အတြက္ အခြင့္အလမ္းေကာင္းေတြ ဆက္တိုက္ေပၚထြက္လာမယ့္ ကာလျဖစ္ေနပါတယ္။ေငြကံ တအားေကာင္းေနလို႔ စုေဆာင္းရမယ့္ ရင္းႏွီးျမဳပ္ႏွံမႈေတြ လုပ္ရမယ့္ အခ်ိန္အခါပါ။ဒီအခ်ိန္မွာ အရင္ကရည္႐ြယ္ထားတဲ့ လုပ္ငန္းေတြ၊ ေနရာသစ္ေ႐ႊ႕တာေတြ၊ အလုပ္အကိုင္ေျပာင္းေ႐ႊ႕တာေတြ၊ လုပ္ငန္းတိုးခ်ဲ႕တာေတြ လုပ္ကိုင္သင့္တဲ့ အခ်ိန္ကာလပါ။လူမ်ိဳးျခားနဲ႔ လုပ္ကိုင္ေနသူေတြ ဝန္ထမ္းေတြ ဒီကာလမွာ နာမည္ဂုဏ္သတင္း ထင္ရွားမယ့္ကိန္း ရွိပါတယ္။ဘာလုပ္လုပ္ တစ္ခါတည္းမၿပီးတာ ဒီအခ်ိန္ကာလပါ။အနည္းဆုံး ႏွစ္ခါေလာက္လုပ္ရတတ္ပါတယ္။ဒီကာလမွာ အၿပိဳင္အဆိုင္မ်ားလို႔ ရန္မ်ားတတ္ပါတယ္။ယခုရက္ပိုင္းအတြင္း သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ ေဆြးေႏြးသင့္တဲ့ ေန႔နံသမားက တနလၤာ သားသမီးေတြပါ။ခရီးထြက္တာေတြ၊ ဘုရားဖူးသြားရတာေတြ ေပၚတတ္ပါတယ္။စပ္တူလုပ္ရတဲ့အလုပ္ေတြ၊ ေဆာက္လုပ္ေရးေတြ၊ အိမ္ၿခံေျမယာ အေရာင္းအဝယ္သမားေတြ ခဏရပ္ထားပါဦး။အခ်ိန္ကိုေစာင့္လိုက္တာက သင့္ကိုအက်ိဳးေပးပါတယ္။ဒီကာလမွာ အႏုပညာ၊ ကား၊ အလွကုန္၊ ကြန္ပ်ဴတာ စတဲ့ အလုပ္ေတြ အက်ိဳးေပးပါလိမ္မယ္။
ေငြကံေကာင္းလြန္းေနလို႔ ထီထိုးသင့္ပါတယ္။ပညာေရးကေကာင္းေနပါတယ္။အိမ္ေထာင္ရွင္မ်ား စိတ္ညစ္ရသေလာက္ ခ်စ္သူမ်ားအတြက္ကေတာ့ ေန႔တိုင္းေပ်ာ္စရာျဖစ္ေနတဲ့ အခ်ိန္ကာလပါ။က်န္းမာေရးမွာ အပူေၾကာင့္ျဖစ္တဲ့ေရာဂါ၊ ေလေၾကာင့္ျဖစ္တတ္တဲ့ ေရာဂါကို သတိျပဳသင့္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး ကံ့ေကာ္ၫႊန႔္ႏွင့္ စပယ္ပန္းခိုင္ကို ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ နံနက္ေစာေစာေတြ႕သည့္ အသိမိတ္ေဆြကို ေကာ္ရည္ေခါက္ဆြဲ လိုက္ေကြၽးၿပီး စိတ္ထဲက ေကာ္ပီဟု ၃ ခါ ႐ြတ္ဆိုပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေ႐ႊတိဂုံဘုရား ေအာင္ေျမတြင္ အဓိ႒ာန္ျပဳပါ။ဘုရားအား ကံ့ေကာ္ၫႊန႔္ ၉ ၫႊန႔္ ကပ္လႉကာ လိုရာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ေမတၱာသုတ္ကို ယုံယုံၾကည္ၾကည္ သက္ေစ့႐ြတ္ဆိုေနပါ။ခ်စ္သူႏွင့္ေတြ႕သည့္အခါတိုင္း ေက်ာက္စရစ္အေသးတစ္လုံး အိတ္ထဲေဆာင္ထားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေနအိမ္ရွိ ဘုရားစင္ႏွင့္ ဘုရားေစတီရင္ျပင္မ်ားတြင္ သန႔္ရွင္းေရးလုပ္၍ ဆီမီးပူေဇာ္ကာ ရတနာသုတ္ ႐ြတ္ဆိုပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ မနက္ေစာေစာထ၍ သံဃာေတာ္မ်ားအား တန္းဆြမ္းေလာင္းလႉေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ထီဆိုင္တြင္ ၂ ပူး၊ ၇ ပူး ဂဏန္းပါေသာ ထီကိုေ႐ြးထိုးပါ။