【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ဒီရက်ပိုင်းအတွင်း ဆုံးပြီလို့ထင်တဲ့ ငွေနဲ့ ပစ္စည်းဟောင်းတွေ ပြန်ရတတ်ပါတယ်။ဒီရက်ပိုင်း ပညာရေး၊ လူမှုရေး၊ စီးပွားရေးတွေမှာ အကောင်းဆုံးအကြံပေးနိုင်တာက အင်္ဂါ သားသမီးတွေပါ။ရပ်ဝေးနဲ့ ပြည်ပရပ်ခြားက ဝမ်းသာစရာ သတင်းစကားများ ကြုံရတတ်ပါသည်။နေရာဟောင်းကသူတွေ၊ ကွဲကွာနေတဲ့သူတွေ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ပြန်တွေ့ရတတ်ပါတယ်။ငွေရွှင်တဲ့ကာလဖြစ်သလို အပြိုင်အဆိုင်လည်း ပေါများတဲ့ ကာလဖြစ်နေပါတယ်။အလှကုန်သမားတွေ၊ ကားအရောင်းအဝယ်တွေ၊ ဆန်ဆီဆား စတဲ့ စာသောက်ကုန်လုပ်ငန်းသမားတွေ ကောင်းတဲ့ကာလပါ။ဒီကာလအတွင်းစပ်တူကိစ္စတွေ အကျိုးမပေးတတ်ပါဘူး။ကျန်းမာရေးက ဆီး၊ အစာအိမ်ရောဂါတွေ ဖြစ်တတ်ပါတယ်။ညဘက်အိပ်မရတာတွေလည်း  ဖြစ်တတ်လို့ သတိထားပါ။ပညာရေးကတော့ အာရုံစိုက်သလောက် အောင်မြင်မှုအသီးအပွင့် ရတတ်တဲ့အချိန်ပါ။အိမ်ထောင်ရှင်တွေ အိမ်ထောင်ဘက် ကျန်းမာရေးကြောင့် သောကဖြစ်တတ်ပါတယ်။ချစ်သူအချင်းချင်းကတော့ စိတ်ကြည်နူးရတဲ့ အချိန်ကာလရောက်နေပါပြီ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား နံနက်စောစော ဆီထမင်းကပ်လှူကာ ကပ်လှူပူဇော်ပါ။
ပြည်ပထွက်ခွာလိုသူများ ။     ။ သံဃာတော်များကို ထီး၊ ဖိနပ် လှူပေးပါ။သီလရှင်များအား ဆွမ်းဆန်၊ ဝတ္ထူငွေ ကပ်လှူပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီပုထိုး၏ အင်္ဂါထောင့်အရပ်တွင် ပန်းပေါင်းစုံကပ်လှူကာ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အနက်ရောင် အဝတ်အထည်များ မဝတ်ပါနှင့်။လမ်းတွင်ကောက်ရသော ပစ္စည်းများ အိမ်သို့မယူလာပါနှင့်။
လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် တံမြက်စည်းလှည်းပါ။ဆီးမီးပူဇော်ပေးပါ။
ကျန်းမာရေးမကောင်းသူများ ။     ။ ရပ်ထဲရွာထဲမှ ကျန်းမာရေးမကောင်းသူကို ဆေးဝါးလှူဒါန်းပေးပါ။
ထီကံကောင်းလိုသူများ ။     ။ အင်္ဂါနေ့တွင် ကားနှင့်လှည့်ရောင်းသည့် ထီဆိုင်မှ ၃/၇/၈/၉ ဂဏန်းများပါသော ထီလက်မှတ်ကို ထိုးပါ။
( Zawgyi )