【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

အတိုက်အခံများတဲ့ သင့်အတွက် ဒီကာလမှာ အရာရာကို စိတ်တစ်ထစ်လျော့ပြီး ဆက်ဆံတာ အကောင်းဆုံးဖြစ်ပါတယ်။အရောင်းအဝယ်သမားတွေလည်း အဆင်မချောဖြစ်တတ်လို့ ဘာကိစ္စမဆို အလောတကြီးမလုပ်ဘဲ ခေါင်းသုံးပြီး လုပ်ရမယ့် ကာလပါ။ဒီကာလမှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စတွေအတွက် ဗုဒ္ဓဟူး သားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်မှ အဆင်ပြေပါလိမ့်မယ်။မကြာခဏခရီးထွက်ရပါလိမ့်မယ်။ဒီကာလအတွင်း နိုင်ငံရပ်ခြားက လူမျိုးခြားအကူအညီ မထင်မှတ်ထားဘဲ ရတတ်ပါတယ်။လူမျိုးခြားနဲ့ တွဲလုပ်ရတဲ့ စပ်တူလုပ်တဲ့ ကိစ္စတွေ စလုပ်ရတတ်ပြီး စာချုပ်စာတမ်းကိစ္စတွေ အိမ်ရောင်းအိမ်ဝယ် အလုပ်တွေ ခက်ခဲပေမယ့် နောက်ဆုံးမှာ အဆင်ပြေတတ်ပါတယ်။လုပ်ငန်းတိုးချဲ့တာနဲ့ တခြားအရေးကြီးကိစ္စတွေမှာ ကြီးကဲသူတို့ အကူအညီပေးပါလိမ့်မယ်။ပညာရေးကတော့ ကံကောင်းနေတတ်ပြီး လိုရာရောက်စေပါလိမ့်မယ်။ကျန်းမာရေးကတော့ အဆစ်အမြစ်ကိုက်တာတွေ၊ ခါးနာတာတွေ ဖြစ်တတ်လို့ အညောင်းထိုင်သမားတွေ ဂရုစိုက်သင့်ပါတယ်။အိမ်ထောင်ရှင်များအတွက်ကတော့ ဒီကာလမှာ ပျော်ရွှင်စရာတွေ ဆိုက်ရောက်လာပေမယ့် ချစ်သူများအကြားမှာတော့ စိတ်ဆိုးစိတ်ကောက်စရာတွေနဲ့ တစ်နေ့ရွှေ တစ်နေ့ငွေ ဖြစ်နေတဲ့ ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ဗုဒ္ဓဟူးနံ ပန်း၊ သစ်သီး၊ အညွှန့်များဖြင့် ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ယခုတစ်ပတ်အတွင်း သံဃာတော်များကို နံနက်စောစောထ၍ တန်းဆွမ်းလောင်းလှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားရှင်အား နံနက်စောစော သောက်တော်ရေချမ်းကပ်၍ ပဋ္ဌာန်းဒေဿနာဖြင့် ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဒီရက်ပိုင်း မိမိအိတ်ထဲတွင် ရည်ရွယ်သူဓာတ်ပုံကို ထည့်ထားကာ အချိန်ရတိုင်း မေတ္တာပို့ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ မနက်တစ်ခါ ညတစ်ခါ ဘုရားရှင်ရှေ့တွင် အရဟံဂုဏ်တော် သက်စေ့ပုတီးစိပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရေသတ္တဝါများ ထားသည့်ကန်သို့ ရေဖြည့်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်တွင် ဗုဒ္ဓဟူးနံ အက္ခရာပါသော ထီလက်မှတ်တွင် ၂ အစ ၇/၈/၉ အဆုံး ဂဏန်းပါသည့် ထီကိုထိုးပါ။
( Zawgyi )
အတိုက္အခံမ်ားတဲ့ သင့္အတြက္ ဒီကာလမွာ အရာရာကို စိတ္တစ္ထစ္ေလ်ာ့ၿပီး ဆက္ဆံတာ အေကာင္းဆုံးျဖစ္ပါတယ္။အေရာင္းအဝယ္သမားေတြလည္း အဆင္မေခ်ာျဖစ္တတ္လို႔ ဘာကိစၥမဆို အေလာတႀကီးမလုပ္ဘဲ ေခါင္းသုံးၿပီး လုပ္ရမယ့္ ကာလပါ။ဒီကာလမွာ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥေတြအတြက္ ဗုဒၶဟူး သားသမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္မွ အဆင္ေျပပါလိမ့္မယ္။မၾကာခဏခရီးထြက္ရပါလိမ့္မယ္။ဒီကာလအတြင္း ႏိုင္ငံရပ္ျခားက လူမ်ိဳးျခားအကူအညီ မထင္မွတ္ထားဘဲ ရတတ္ပါတယ္။လူမ်ိဳးျခားနဲ႔ တြဲလုပ္ရတဲ့ စပ္တူလုပ္တဲ့ ကိစၥေတြ စလုပ္ရတတ္ၿပီး စာခ်ဳပ္စာတမ္းကိစၥေတြ အိမ္ေရာင္းအိမ္ဝယ္ အလုပ္ေတြ ခက္ခဲေပမယ့္ ေနာက္ဆုံးမွာ အဆင္ေျပတတ္ပါတယ္။လုပ္ငန္းတိုးခ်ဲ႕တာနဲ႔ တျခားအေရးႀကီးကိစၥေတြမွာ ႀကီးကဲသူတို႔ အကူအညီေပးပါလိမ့္မယ္။ပညာေရးကေတာ့ ကံေကာင္းေနတတ္ၿပီး လိုရာေရာက္ေစပါလိမ့္မယ္။က်န္းမာေရးကေတာ့ အဆစ္အျမစ္ကိုက္တာေတြ၊ ခါးနာတာေတြ ျဖစ္တတ္လို႔ အေညာင္းထိုင္သမားေတြ ဂ႐ုစိုက္သင့္ပါတယ္။အိမ္ေထာင္ရွင္မ်ားအတြက္ကေတာ့ ဒီကာလမွာ ေပ်ာ္႐ႊင္စရာေတြ ဆိုက္ေရာက္လာေပမယ့္ ခ်စ္သူမ်ားအၾကားမွာေတာ့ စိတ္ဆိုးစိတ္ေကာက္စရာေတြနဲ႔ တစ္ေန႔ေ႐ႊ တစ္ေန႔ေငြ ျဖစ္ေနတဲ့ ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ဗုဒၶဟူးနံ ပန္း၊ သစ္သီး၊ အၫႊန႔္မ်ားျဖင့္ ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ယခုတစ္ပတ္အတြင္း သံဃာေတာ္မ်ားကို နံနက္ေစာေစာထ၍ တန္းဆြမ္းေလာင္းလႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားရွင္အား နံနက္ေစာေစာ ေသာက္ေတာ္ေရခ်မ္းကပ္၍ ပ႒ာန္းေဒႆနာျဖင့္ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဒီရက္ပိုင္း မိမိအိတ္ထဲတြင္ ရည္႐ြယ္သူဓာတ္ပုံကို ထည့္ထားကာ အခ်ိန္ရတိုင္း ေမတၱာပို႔ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ မနက္တစ္ခါ ညတစ္ခါ ဘုရားရွင္ေရွ႕တြင္ အရဟံဂုဏ္ေတာ္ သက္ေစ့ပုတီးစိပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေရသတၱဝါမ်ား ထားသည့္ကန္သို႔ ေရျဖည့္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ထီဆိုင္တြင္ ဗုဒၶဟူးနံ အကၡရာပါေသာ ထီလက္မွတ္တြင္ ၂ အစ ၇/၈/၉ အဆုံး ဂဏန္းပါသည့္ ထီကိုထိုးပါ။