【 ဗေဒင် 】 စနေသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

    ဒီရက်အတွင်း လူမှုရေး၊စီးပွားရေးပညာရေးအောင်မြင်လိုသောကိစ္စများအတွက် ဗုဒ္ဓဟူးသား သမီး များနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ လုပ်ငန်းတိုးချဲ့တာနဲ့ တခြားအရေးကြီး ကိစ္စတွေမှာ ကြီးကဲသူတို့ အကူအညီ ပေးပါလိမ့်မယ်။အရောင်းအဝယ်သမားတွေအဆင်မချော
 ဖြစ်တတ်လို့ လောတကြီးမလုပ်ဘဲ အေးအေးဆေး ဆေးခေါင်းသုံးလုပ်သင့်ပါတယ်။ အရောင်းအဝယ်သမားတွေ အဆင်မချော ဖြစ်တတ်လို့အလောတကြီးမလုပ်ဘဲ ခေါင်းသုံးပြီး အေးအေးဆေးဆေးလုပ်သင့်ပါတယ်။စပ်တူလုပ်တဲ့ကိစ္စတွေဒီအချိန်စလုပ်တာအကောင်းဆုံးပါ။ စပ်တူလုပ်တဲ့ ကိစ္စတွေဒီအချိန်စလုပ်တာ အကောင်းဆုံးပါ။

ရပ်ခြားက လူမျိုးခြားအကူအညီမထင်မှတ်ထားဘဲ ရတတ်ပါတယ်။ မိသားစုအတွင်း  မောင်နှမအချင်းချင်း စကားအထအနကောက်ကာ စကားများတတ်ပါတယ်။ခရီးမကြာခဏ ထွက်ရတတ်လို့ သင့်အခက်အခဲတွေ ပြေပျောက်ပါလိမ့်မယ်။ပညာရေးကတော့ ကံကောင်းနေတတ်ပြီး လိုရာရောက်စေပါလိမ့်မယ်။ ကျန်းမာရေးကတော့ အဆစ်အမြစ်ကိုက်တာတွေ၊ခါးနာတာတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်များ ပျော်ရွင်စရာတွေ ဆိုက်ရောက်လာပါလိမ့်ပေမယ့် ချစ်သူများအကြား ကြားလူဝင်ကိန်းရှိပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားအား ဗုဒ္ဓဟူးနံ အသီးအရွက် အညွှန်များဖြင့် ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ ယခုတစ်ပတ်အတွင်း သံဃာတော်များကို နံနက်စောစော တန်းဆွမ်း လောင်းလှူပါ ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။။ဘုရားရှင်အားသောက်တော်ရေချမ်းကပ်ကာ  နံနက်စောစော ပဋ္ဌာန်းဒေသနာဖြင့် အချိန်ယူကာ စိတ်ပါလက်ပါ ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ ဒီရက်ပိုင်း မိမိအိတ်ထဲရည်ရွယ်သူဓာတ်ပုံကို ထည့်ထားကာ အချိန်ရတိုင်းမေတ္တာပို့ပါ။

လူမှုရေးအတိုက်အခံများသူများ။    ။မနက်တစ်ခါ ညတစ်ခါ ဘုရားရှင်ရှေ့တွင် အရဟံသက်စေ့ ပုတီး စိပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ ရေသတ္တဝါများထားသည့်ကန်သို့ရေဖြည့်ပေးပါ။

ထီကံကောင်းလိုသူများ။။ ဗုဒ္ဓဟူးနံဖြင့်စသော ထီဆိုင်တွင် ၃ အစ ၈ အဆုံး ဂဏန်းကိုများများပါအောင် ထိုးပါ။

 

(  Zawgyi  )

    ဒီရက္အတြင္း လူမႈေရး၊စီးပြားေရးပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ဗုဒၶဟူးသား သမီး မ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ လုပ္ငန္းတိုးခ်ဲ႕တာနဲ႔ တျခားအေရးႀကီး ကိစၥေတြမွာ ႀကီးကဲသူတို႔ အကူအညီ ေပးပါလိမ့္မယ္။အေရာင္းအဝယ္သမားေတြအဆင္မေခ်ာ
 ျဖစ္တတ္လို႔ ေလာတႀကီးမလုပ္ဘဲ ေအးေအးေဆး ေဆးေခါင္းသုံးလုပ္သင့္ပါတယ္။ အေရာင္းအဝယ္သမားေတြ အဆင္မေခ်ာ ျဖစ္တတ္လို႔အေလာတႀကီးမလုပ္ဘဲ ေခါင္းသုံးၿပီး ေအးေအးေဆးေဆးလုပ္သင့္ပါတယ္။စပ္တူလုပ္တဲ့ကိစၥေတြဒီအခ်ိန္စလုပ္တာအေကာင္း
ဆုံးပါ။ စပ္တူလုပ္တဲ့ ကိစၥေတြ ဒီအခ်ိန္စလုပ္တာ အေကာင္းဆုံးပါ။ ရပ္ျခားက လူမ်ိဳးျခားအကူအညီမထင္မွတ္ထားဘဲ ရတတ္ပါတယ္။ မိသားစုအတြင္း  ေမာင္ႏွမအခ်င္းခ်င္း စကားအထအနေကာက္ကာ စကားမ်ားတတ္ပါတယ္။ခရီးမၾကာခဏ ထြက္ရတတ္လို႔ သင့္အခက္
အခဲေတြ ေျပေပ်ာက္ပါလိမ့္မယ္။ပညာေရးကေတာ့ ကံေကာင္းေနတတ္ၿပီး လိုရာေရာက္ေစပါလိမ့္မယ္။ က်န္းမာေရးကေတာ့ အဆစ္အျမစ္ကိုက္တာေတြ၊ခါးနာတာေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္မ်ား ေပ်ာ္႐ြင္စရာေတြ ဆိုက္ေရာက္လာပါလိမ့္ေပမယ့္ ခ်စ္သူမ်ား
အၾကား ၾကားလူဝင္ကိန္းရွိပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားအား ဗုဒၶဟူးနံ အသီးအ႐ြက္ အၫႊန္မ်ားျဖင့္ ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ယခုတစ္ပတ္အတြင္း သံဃာေတာ္မ်ားကို နံနက္ေစာေစာ တန္းဆြမ္း ေလာင္းလႉပါ ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။။ဘုရားရွင္အားေသာက္ေတာ္ေရခ်မ္းကပ္ကာ  နံနက္ေစာေစာ ပ႒ာန္းေဒသနာျဖင့္ အခ်ိန္ယူကာ စိတ္ပါလက္ပါ ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ ဒီရက္ပိုင္း မိမိအိတ္ထဲရည္႐ြယ္သူဓာတ္ပုံကို ထည့္ထားကာ အခ်ိန္ရတိုင္းေမတၱာပို႔ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။    ။မနက္တစ္ခါ ညတစ္ခါ ဘုရားရွင္ေရွ႕တြင္ အရဟံသက္ေစ့ ပုတီး စိပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ေရသတၱဝါမ်ားထားသည့္ကန္သို႔ေရျဖည့္ေပးပါ။

ထီကံေကာင္းလိုသူမ်ား။။ ဗုဒၶဟူးနံျဖင့္စေသာ ထီဆိုင္တြင္ ၃ အစ ၈ အဆုံး ဂဏန္းကိုမ်ားမ်ားပါေအာင္ ထိုးပါ။