【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ် လုပ်ငန်းခွင်မှာ အလုပ်အကိုင်တွေ ရာထူးတိုးတာတွေ၊ အလုပ်လျှောက်ထားသူတွေ အလုပ်ရတာတွေလို ကောင်းတဲ့အပြောင်းအလဲ ဖြစ်မယ့်ကာလပါ။အိမ်တွင်းရေးက သာယာနေတတ်သလို မိသားစုဆွေမျိုးများအတွင်း အလှူအတန်းနဲ့ ဘာသာရေးအလုပ်တွေ လုပ်ရတတ်တဲ့ ကာလပါ။ဒီရက်ပိုင်း ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အကောင်းဆုံး အကြံပေးနိုင်တာက တနင်္ဂနွေ သားသမီးတွေပါ။အိမ်တွင်းဆူရင် ငွေပူတတ်လို့ ဒီလိုတွေဖြစ်လာရင် စိတ်မတိုပါနဲ့။ဒေါသမကြီးပါနဲ့။စိတ်အေးအေးထားပြီး လုပ်ကိုင်ရင် အားလုံးအဆင်ပြေသွားမှာပါ။အိုးအိမ်ကိစ္စ၊ နေရာထိုင်ခင်းကိစ္စများ ပြောဆိုဆောင်ရွက် အဆင်ပြေမည်။မိသားစုအတွင်း နေရာထိုင်ခင်း ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ တိုးတက်ခြင်းများကို ဆောင်ရွက်သောကာလ ဖြစ်သည်။အိမ်ပြင်၊ အိမ်ဆောက်၊ အိမ်ပြပြင်ခြင်း၊ အိမ်တည်ဆောက်ခြင်း၊ အပြောင်းအရွှေ့ပြုခြင်းများ ဆောင်ရွက်မှုမှန်သမျှ အောင်မြင်မည်။ဒီကာလအတွင်း စပ်တူကိစ္စတွေ၊ အစုရှယ်ယာအလုပ်တွေ၊ ဆွေမျိုးတွေနဲ့ စပ်တူလုပ်တဲ့ အလုပ်တွေ အောင်မြင်အကျိုးပေးတတ်ပါတယ်။ဆန်ဆီရောင်းဝယ်သူတွေ၊ စက်ပစ္စည်းရောင်းဝယ်လုပ်ကိုင်သူတွေ လုပ်ငန်းကောင်းမွန်နေတတ်သလို တနင်္လာနံ အလုပ်တွေလည်း ကောင်းတတ်တဲ့ အခါပါ။ကျန်းမာရေးက ကောင်းနေပေမယ့် ညဘက်အိပ်မရတာတွေ ဖြစ်တတ်ပါတယ်။ပညာရေးကတော့ ပန်းဝင်မှာ တစ်ချက်ပေါ့ရင် အဖျားရှူးကိန်း ရှိနေပါတယ်။
အိမ်ထောင်ရှင်တွေ  ချစ်သူအချင်းချင်း ခေတ္တခွဲရတာတွေ ဖြစ်ပေမယ့် ကောင်းသော ခွဲခွာရခြင်းပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်အတွင်း အောင်သပြေပန်း ကပ်လှူကာ လိုရာဆုတောင်းပါ။အုန်းဖူးခိုင်ရပါက အိုးတစ်လုံးဖြင့် ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သီလရှင်များအား ဆွမ်းဆန်၊ ငွေကြေး ထောက်ပံ့ပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားတွင် ပန်းပေါင်းစုံကပ်လှူကာ အောင်မြေတွင် ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်တွင် နှစ်ဦး၏ နေ့သင့်နံသင့် ပန်းကို ပန်းအိုးတစ်အိုးဖြင့် သက်သက်ထိုးကာ ဘုရားရှင်အား ပူဇော်ပေးပါ။အနီရောင်ကိုရှောင်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် တံမြက်စည်းလှည်းပါ။ပန်းအိုးမှ ပန်းခြောက်များ သန့်ရှင်းပေးပါလေ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဈေးသွားရင်း တွေ့သည့် မရှိဆင်းရဲသား တောင်းစားသူကို ငွေတစ်ထောင် လှူပေးပါ။

ထီကံကောင်းလိုသူများ ။     ။ အောင် အမည်ပါ ထီဆိုင်တွင် ၁/၂/၅ ဂဏန်းပါသည့် ထီလက်မှတ်ကို ထိုးပါ။

( Zawgyi )

ဒီတစ္ပတ္ လုပ္ငန္းခြင္မွာ အလုပ္အကိုင္ေတြ ရာထူးတိုးတာေတြ၊ အလုပ္ေလွ်ာက္ထားသူေတြ အလုပ္ရတာေတြလို ေကာင္းတဲ့အေျပာင္းအလဲ ျဖစ္မယ့္ကာလပါ။အိမ္တြင္းေရးက သာယာေနတတ္သလို မိသားစုေဆြမ်ိဳးမ်ားအတြင္း အလႉအတန္းနဲ႔ ဘာသာေရးအလုပ္ေတြ လုပ္ရတတ္တဲ့ ကာလပါ။ဒီရက္ပိုင္း ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အေကာင္းဆုံး အႀကံေပးႏိုင္တာက တနဂၤေႏြ သားသမီးေတြပါ။အိမ္တြင္းဆူရင္ ေငြပူတတ္လို႔ ဒီလိုေတြျဖစ္လာရင္ စိတ္မတိုပါနဲ႔။ေဒါသမႀကီးပါနဲ႔။စိတ္ေအးေအးထားၿပီး လုပ္ကိုင္ရင္ အားလုံးအဆင္ေျပသြားမွာပါ။အိုးအိမ္ကိစၥ၊ ေနရာထိုင္ခင္းကိစၥမ်ား ေျပာဆိုေဆာင္႐ြက္ အဆင္ေျပမည္။မိသားစုအတြင္း ေနရာထိုင္ခင္း ျပဳျပင္ျခင္း၊ ေျပာင္းလဲျခင္း၊ တိုးတက္ျခင္းမ်ားကို ေဆာင္႐ြက္ေသာကာလ ျဖစ္သည္။အိမ္ျပင္၊ အိမ္ေဆာက္၊ အိမ္ျပျပင္ျခင္း၊ အိမ္တည္ေဆာက္ျခင္း၊ အေျပာင္းအေ႐ႊ႕ျပဳျခင္းမ်ား ေဆာင္႐ြက္မႈမွန္သမွ် ေအာင္ျမင္မည္။ဒီကာလအတြင္း စပ္တူကိစၥေတြ၊ အစုရွယ္ယာအလုပ္ေတြ၊ ေဆြမ်ိဳးေတြနဲ႔ စပ္တူလုပ္တဲ့ အလုပ္ေတြ ေအာင္ျမင္အက်ိဳးေပးတတ္ပါတယ္။ဆန္ဆီေရာင္းဝယ္သူေတြ၊ စက္ပစၥည္းေရာင္းဝယ္လုပ္ကိုင္သူေတြ လုပ္ငန္းေကာင္းမြန္ေနတတ္သလို တနလၤာနံ အလုပ္ေတြလည္း ေကာင္းတတ္တဲ့ အခါပါ။က်န္းမာေရးက ေကာင္းေနေပမယ့္ ညဘက္အိပ္မရတာေတြ ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ ပန္းဝင္မွာ တစ္ခ်က္ေပါ့ရင္ အဖ်ားရွဴးကိန္း ရွိေနပါတယ္။
အိမ္ေထာင္ရွင္ေတြ  ခ်စ္သူအခ်င္းခ်င္း ေခတၱခြဲရတာေတြ ျဖစ္ေပမယ့္ ေကာင္းေသာ ခြဲခြာရျခင္းပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္အတြင္း ေအာင္သေျပပန္း ကပ္လႉကာ လိုရာဆုေတာင္းပါ။အုန္းဖူးခိုင္ရပါက အိုးတစ္လုံးျဖင့္ ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သီလရွင္မ်ားအား ဆြမ္းဆန္၊ ေငြေၾကး ေထာက္ပံ့ေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားတြင္ ပန္းေပါင္းစုံကပ္လႉကာ ေအာင္ေျမတြင္ ဓမၼစၾကာ ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္တြင္ ႏွစ္ဦး၏ ေန႔သင့္နံသင့္ ပန္းကို ပန္းအိုးတစ္အိုးျဖင့္ သက္သက္ထိုးကာ ဘုရားရွင္အား ပူေဇာ္ေပးပါ။အနီေရာင္ကိုေရွာင္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ တံျမက္စည္းလွည္းပါ။ပန္းအိုးမွ ပန္းေျခာက္မ်ား သန႔္ရွင္းေပးပါေလ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေဈးသြားရင္း ေတြ႕သည့္ မရွိဆင္းရဲသား ေတာင္းစားသူကို ေငြတစ္ေထာင္ လႉေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ေအာင္ အမည္ပါ ထီဆိုင္တြင္ ၁/၂/၅ ဂဏန္းပါသည့္ ထီလက္မွတ္ကို ထိုးပါ။