【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း တနင်္လာ သားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ဒီရက်ပိုင်းအတွင်း ကွဲကွာနေသူများ ပြန်ဆုံခြင်း၊ ဆုံးရှုံးထားတဲ့ ငွေကြေးနဲ့ စက်ပစ္စည်းတွေ ပြန်ဝင်လာမဲ့ အချိန်ကာလပါ။မထင်မှတ်ဘဲ ဘာသာရေး၊ ပညာရေး၊ အခွင့်အလမ်းကောင်းတွေ နေရာအပြောင်းအလဲတွေ အလုပ်အကိုင် အပြောင်းအလဲတွေ ပေါ်ထွက်လာတတ်ပါတယ်။ကောင်းတဲ့ ပြောင်းလဲခြင်းတွေပါ။ရပ်ဝေးက မိတ်ဆွေကောင်းများရဲ့ အကူအညီများ ရတတ်ပါတယ်။စီစဉ်ထားတဲ့ ခရီးစဉ်တွေလဲ မရေမရာဖြစ်တဲ့ အချိန်ကာလပါ။ခရီးသွားလုပ်ငန်း၊ ကျောက်မျက်ရတနာ လုပ်ငန်းတွေ၊ ကားအရောင်းအဝယ်သမားတွေ၊ တနင်္လာနံ လုပ်ငန်းတွေ ကောင်းပါတယ်။လုပ်ငန်းခွင်အတွင်း သာယာနေပါလိမ့်မယ်။အိမ်ခြံမြေ လုပ်ငန်းသမားတွေနဲ့ စာချုပ်စာတမ်းနဲ့ လုပ်ရတဲ့ အလုပ်တွေ သတိထား လုပ်ကိုင်သင့်ပါတယ်။ပညာရေးက ကောင်းနေတတ်ပါတယ်။ကျန်းမာရေးကတော့ ဝမ်း၊ ဦးခေါင်း စတဲ့ ရောဂါတွေ ဂရုစိုက်သင့်ပါတယ်။အိမ်ထောင်ရှင်များကြား ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ ပေါ်လာတတ်သလို သမီးရည်းစားများကြား တစ်ဘဝလုံးစာ ဆုံးဖြတ်စရာတွေ ရှိလာတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်လုံး ကံ့ကော်ပန်းနှင့် ငွေပန်းကို တွဲထိုးကာ ဆက်ကပ်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ လမ်းထဲ အလှူခံကြွလာသည့် သီလရှင်ဆရာလေးများကို ဆွမ်းကပ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္လာနံ ဘုရားစေတီတွင် အောင်သပြေပန်း လှူပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲတွင် ဓာတ်ပုံ အစုတ်များ၊ အပြဲများ တွေ့ပါက လွှင့်ပစ်ပါ။

အချစ်ရေးအဆင်မပြေသူများ ။     ။ ခိုစာကျွေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ရန်များနေပါက မိဘများ၏ ပုဆိုးစ၊ ထမိန်စကို အိတ်သန့်သန့်ဖြင့် အမြဲထည့်ထားကာ ညဘက် ခေါင်းအုံးအိပ်ပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဈေးတွင် ရေသတ္တဝါအရှင်ကို တွေ့ပါက ဝယ်ပြီး နီးစပ်ရာ ကန်ချောင်းတွင် လွှတ်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ တွေ့သည့် ထီဆိုင်တွင် ၅/၂ ဂဏန်းများများပါသော ထီကို ထိုးပါ။
( Zawgyi )
ယခုရက္ပိုင္းအတြင္း တနလၤာ သားသမီးေတြနဲ႔ တိုင္ပင္တာက သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။ဒီရက္ပိုင္းအတြင္း ကြဲကြာေနသူမ်ား ျပန္ဆုံျခင္း၊ ဆုံးရႈံးထားတဲ့ ေငြေၾကးနဲ႔ စက္ပစၥည္းေတြ ျပန္ဝင္လာမဲ့ အခ်ိန္ကာလပါ။မထင္မွတ္ဘဲ ဘာသာေရး၊ ပညာေရး၊ အခြင့္အလမ္းေကာင္းေတြ ေနရာအေျပာင္းအလဲေတြ အလုပ္အကိုင္ အေျပာင္းအလဲေတြ ေပၚထြက္လာတတ္ပါတယ္။ေကာင္းတဲ့ ေျပာင္းလဲျခင္းေတြပါ။ရပ္ေဝးက မိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ား ရတတ္ပါတယ္။စီစဥ္ထားတဲ့ ခရီးစဥ္ေတြလဲ မေရမရာျဖစ္တဲ့ အခ်ိန္ကာလပါ။ခရီးသြားလုပ္ငန္း၊ ေက်ာက္မ်က္ရတနာ လုပ္ငန္းေတြ၊ ကားအေရာင္းအဝယ္သမားေတြ၊ တနလၤာနံ လုပ္ငန္းေတြ ေကာင္းပါတယ္။လုပ္ငန္းခြင္အတြင္း သာယာေနပါလိမ့္မယ္။အိမ္ၿခံေျမ လုပ္ငန္းသမားေတြနဲ႔ စာခ်ဳပ္စာတမ္းနဲ႔ လုပ္ရတဲ့ အလုပ္ေတြ သတိထား လုပ္ကိုင္သင့္ပါတယ္။ပညာေရးက ေကာင္းေနတတ္ပါတယ္။က်န္းမာေရးကေတာ့ ဝမ္း၊ ဦးေခါင္း စတဲ့ ေရာဂါေတြ ဂ႐ုစိုက္သင့္ပါတယ္။အိမ္ေထာင္ရွင္မ်ားၾကား ဆုံးျဖတ္ရခက္တဲ့ ကိစၥေတြ ေပၚလာတတ္သလို သမီးရည္းစားမ်ားၾကား တစ္ဘဝလုံးစာ ဆုံးျဖတ္စရာေတြ ရွိလာတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္လုံး ကံ့ေကာ္ပန္းႏွင့္ ေငြပန္းကို တြဲထိုးကာ ဆက္ကပ္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ လမ္းထဲ အလႉခံႂကြလာသည့္ သီလရွင္ဆရာေလးမ်ားကို ဆြမ္းကပ္လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ တနလၤာနံ ဘုရားေစတီတြင္ ေအာင္သေျပပန္း လႉေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ထဲတြင္ ဓာတ္ပုံ အစုတ္မ်ား၊ အၿပဲမ်ား ေတြ႕ပါက လႊင့္ပစ္ပါ။

အခ်စ္ေရးအဆင္မေျပသူမ်ား ။     ။ ခိုစာေကြၽးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ရန္မ်ားေနပါက မိဘမ်ား၏ ပုဆိုးစ၊ ထမိန္စကို အိတ္သန႔္သန႔္ျဖင့္ အၿမဲထည့္ထားကာ ညဘက္ ေခါင္းအုံးအိပ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေဈးတြင္ ေရသတၱဝါအရွင္ကို ေတြ႕ပါက ဝယ္ၿပီး နီးစပ္ရာ ကန္ေခ်ာင္းတြင္ လႊတ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ေတြ႕သည့္ ထီဆိုင္တြင္ ၅/၂ ဂဏန္းမ်ားမ်ားပါေသာ ထီကို ထိုးပါ။