【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ်မှာ ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် သင့်ကိုအကောင်းဆုံးအကြံပေးနိုင်တာက အင်္ဂါ သားသမီးတွေပါ။နာမည်ဂုဏ်သတင်းတက်နေတဲ့ အချိန်ကာလထဲရောက်နေသလို မိသားစုထဲ အလှူမင်္ဂလာကိစ္စတွေ၊ ဘုရားဖူးခရီးတွေ အောင်မြင်တတ်တဲ့ အချိန်ကာလပါ။ဒါပေမယ့် လက်အောက်ငယ်သားတွေကြောင့်  စိတ်ရှုပ်ထွေးစရာကြုံရတတ်သလို တချို့ကိစ္စတွေမှာ တစ်ဇွတ်ထိုးလုပ်လို့ အမှားကြုံရကိန်းလည်းရှိနေပါတယ်။အများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုပေမယ် လူပျို အပျိုများ မရည်ရွယ်ဘဲ အိမ်ထောင်ကျကိန်းရှိနေပါတယ်။အထည်အလိပ်သမားတွေ၊ ဖက်ရှင်လုပ်ငန်းတွေ၊ အနုပညာလုပ်ငန်းတွေ ဒီကာလအတွင်း အထူးအကျိုးပေးပြီး နိုင်ငံရပ်ခြားနဲ့တွဲလုပ်သူတွေ လုပ်ငန်းကောင်းတဲ့ အချိန်အခါရောက်နေပါပြီ။အိမ်ခြံမြေစပ်တူကိစ္စတွေမှာတော့ သိပ်အကောင်းကြီး မဟုတ်သေးပါဘူး။ကျန်းမာရေးက သာမန်အားဖြင့် ကောင်းနေပေမယ့် အစားမှားတာတွေ ဒူးနာတာတွေ ဖြစ်တတ်ပါတယ်။ပညာရေးကတော့အထူးကောင်းပါတယ်။အိမ်ထောင်ရှင်တွေကတော့ ဝေးနေတဲ့ခင်ပွန်းကြောင့် သောကရောက်ရသလို ငယ်ရွယ်သူ ချစ်သူများကတော့ ကြားလူစကားကို သတိထားရမယ့်အချိန်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား ပန်းပေါင်းစုံကပ်လှူကာ ဆီးယိုကပ်လှူပူဇော်ပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ နံနက်စောစော တန်းဆွမ်းကြွသည့် သံဃာတော်များကို မျက်နှာသုတ်ပုဝါ ကပ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားစေတီ၏ အင်္ဂါထောင့်ရှိ ရုပ်ပွားတော်အား ရောင်တော်ဖွင့်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်တွင်းရှိ အိုးကွဲမှန်ကွဲများ၊ ရေဗူးအပေါက်များကို လွှင့်ပစ်ပါ။နှမြော၍သိမ်းထားသည့် ရုပ်ပုံကားချပ်အဟောင်းများ ပိုစတာအဟောင်းများကို လွှင့်ပစ်လိုက်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ နံနက်အိပ်ယာထနှင့် အိပ်ယာဝင်ချိန်များတွင်  သရဏဂုံ ၃ ခေါက်စီ ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ မိမိမွေးနေ့တွင် ဘုရားသို့သွားကာ သက်စေ့ရေသပ္ပယ်ပေးခြင်း၊ ညောင်ထောက်ခြင်း စသည့် ကံပြင်သည့်ကုသိုလ်များကို ကိုယ်တိုင် (သို့မဟုတ်) နေနံတူတစ်ယောက်ဖြင့် လုပ်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ မိမိနေ့နံဖြင့်စသော ထီဆိုင်တွင် ၃ အစ ၅ အဆုံး ဂဏန်းပါ ထီလက်မှတ်ကိုထိုးပေးပါ။
( Zawgyi )
ဒီတစ္ပတ္မွာ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ သင့္ကိုအေကာင္းဆုံးအႀကံေပးႏိုင္တာက အဂၤါ သားသမီးေတြပါ။နာမည္ဂုဏ္သတင္းတက္ေနတဲ့ အခ်ိန္ကာလထဲေရာက္ေနသလို မိသားစုထဲ အလႉမဂၤလာကိစၥေတြ၊ ဘုရားဖူးခရီးေတြ ေအာင္ျမင္တတ္တဲ့ အခ်ိန္ကာလပါ။ဒါေပမယ့္ လက္ေအာက္ငယ္သားေတြေၾကာင့္  စိတ္ရႈပ္ေထြးစရာႀကဳံရတတ္သလို တခ်ိဳ႕ကိစၥေတြမွာ တစ္ဇြတ္ထိုးလုပ္လို႔ အမွားႀကဳံရကိန္းလည္းရွိေနပါတယ္။အမ်ားအက်ိဳးေဆာင္ ကိုယ့္အက်ိဳးေအာင္ဆိုေပမယ္ လူပ်ိဳ အပ်ိဳမ်ား မရည္႐ြယ္ဘဲ အိမ္ေထာင္က်ကိန္းရွိေနပါတယ္။အထည္အလိပ္သမားေတြ၊ ဖက္ရွင္လုပ္ငန္းေတြ၊ အႏုပညာလုပ္ငန္းေတြ ဒီကာလအတြင္း အထူးအက်ိဳးေပးၿပီး ႏိုင္ငံရပ္ျခားနဲ႔တြဲလုပ္သူေတြ လုပ္ငန္းေကာင္းတဲ့ အခ်ိန္အခါေရာက္ေနပါၿပီ။အိမ္ၿခံေျမစပ္တူကိစၥေတြမွာေတာ့ သိပ္အေကာင္းႀကီး မဟုတ္ေသးပါဘူး။က်န္းမာေရးက သာမန္အားျဖင့္ ေကာင္းေနေပမယ့္ အစားမွားတာေတြ ဒူးနာတာေတြ ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့အထူးေကာင္းပါတယ္။အိမ္ေထာင္ရွင္ေတြကေတာ့ ေဝးေနတဲ့ခင္ပြန္းေၾကာင့္ ေသာကေရာက္ရသလို ငယ္႐ြယ္သူ ခ်စ္သူမ်ားကေတာ့ ၾကားလူစကားကို သတိထားရမယ့္အခ်ိန္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား ပန္းေပါင္းစုံကပ္လႉကာ ဆီးယိုကပ္လႉပူေဇာ္ေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ နံနက္ေစာေစာ တန္းဆြမ္းႂကြသည့္ သံဃာေတာ္မ်ားကို မ်က္ႏွာသုတ္ပုဝါ ကပ္လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားေစတီ၏ အဂၤါေထာင့္ရွိ ႐ုပ္ပြားေတာ္အား ေရာင္ေတာ္ဖြင့္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္တြင္းရွိ အိုးကြဲမွန္ကြဲမ်ား၊ ေရဗူးအေပါက္မ်ားကို လႊင့္ပစ္ပါ။ႏွေျမာ၍သိမ္းထားသည့္ ႐ုပ္ပုံကားခ်ပ္အေဟာင္းမ်ား ပိုစတာအေဟာင္းမ်ားကို လႊင့္ပစ္လိုက္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ နံနက္အိပ္ယာထႏွင့္ အိပ္ယာဝင္ခ်ိန္မ်ားတြင္  သရဏဂုံ ၃ ေခါက္စီ ႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ မိမိေမြးေန႔တြင္ ဘုရားသို႔သြားကာ သက္ေစ့ေရသပၸယ္ေပးျခင္း၊ ေညာင္ေထာက္ျခင္း စသည့္ ကံျပင္သည့္ကုသိုလ္မ်ားကို ကိုယ္တိုင္ (သို႔မဟုတ္) ေနနံတူတစ္ေယာက္ျဖင့္ လုပ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ မိမိေန႔နံျဖင့္စေသာ ထီဆိုင္တြင္ ၃ အစ ၅ အဆုံး ဂဏန္းပါ ထီလက္မွတ္ကိုထိုးေပးပါ။