ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်တာ အကောင်းဆုံးပါ။ဒီရက်ပိုင်း လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်ရလာတတ်သလို ဆုံးပြီထင်တဲ့ငွေတွေ၊ ထွက်သွားတဲ့ ရွှေငွေတွေ ပြန်ဝင်လာတတ်တဲ့ အချိန်အခါပါ။လူမျိုး ခြားနဲ့ ဘာသာခြားနဲ့ လုပ်ကိုင်သူတွေ ယခုရက်ပိုင်း အကျိုးမြတ်ကြီးကြီးရကိန်းရှိနေသလို နေရာထိုင်ခင်း အပြောင်းအရွှေ့ ရှိနိုင်ပါတယ်။အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတွေ မကောင်းပေမယ့် ကားနဲ့ပတ်သက်တဲ့အလုပ် လုပ်ကိုင်သူတွေ လုပ်ငန်းကောင်းမယ့် အချိန်အခါပါ။ပြည်တွင်း ပြည်ပ ခရီးတွေ ပျက်တတ်ပါတယ်။စပ်တူကိစ္စတွေ၊ လူမျိုးခြားနဲ့ လုပ်ကိုင်တဲ့အလုပ်တွေ ကောင်းပါတယ်။
ပညာရေးကံကောင်းပေမယ့် အပေါင်းအသင်းမက်တာကြောင့် မျှော်မှန်းထားသလို မဖြစ်ဘဲနေတတ်ပါတယ်။ကျန်းမာရေးကတော့ အဆစ်အမြစ်ကိုက်တာတွေ၊ အာရုံကြောအားနည်းလို့ ခြေလက်မမြဲတာတွေ ဖြစ်တတ်ပါတယ်။သတိထားပါ။ အိမ်ထောင်သည်တွေ ခဏတာခွဲရတာရှိသလို ချစ်သူတွေလိုအင်ဆန္ဒပြည့်၀မယ့် အချိန်ပါ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ယခုတစ်ပတ်လုံး သကြားယာဂု ဆွမ်းကပ်ကာ ဘုရားပန်းအိုးတွင် ငွေပန်းကပ်လှူပါ။
ပြည်ပထွက်ခွာလိုသူများ ။ ။ လမ်းထဲကြွလာသည့် သီလရှင်ငယ်များအား ထီး၊ ဖိနပ် လှူဒါန်းပေးပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ နေအိမ်၏ တနင်္လာထောင့်အရပ်ရှိ ဘုရားတွင် အရဟံဂုဏ်တော်ကို သက်စေ့၏အဓိဋ္ဌာန်ပုတီး စိပ်ပေးပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ ဆွမ်းခံကြွလာသည့် သံဃာတော်အား ကောက်ညှင်းပေါင်း ကပ်လှူပေးပါ။
လူမှုရေးအတိုက်အခံများသူများ ။ ။ နံနက်အိပ်ယာထနှင့် အိပ်ယာဝင် မေတ္တာသုတ် ရွတ်ဆိုပူဇော်ပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ မွေးနေ့တွင် လမ်းထဲရှိခွေးများအား ညဘက် အစာကျွေးပါ။
ထီကံကောင်းလိုသူများ ။ ။ သင့်ရှေ့ရောက်လာသည့် ထီကားမှ ၂/၅ ဆက်နေသည့် ဂဏန်းအတွဲပါသည့် ထီတစ်စောင်ကို ရှာထိုးလိုက်ပါ။
( Zawgyi )
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္တာ အေကာင္းဆုံးပါ။ဒီရက္ပိုင္း လက္လြန္ထားတဲ့ ေငြေၾကးေတြ ျပန္ရလာတတ္သလို ဆုံးၿပီထင္တဲ့ေငြေတြ၊ ထြက္သြားတဲ့ ေ႐ႊေငြေတြ ျပန္ဝင္လာတတ္တဲ့ အခ်ိန္အခါပါ။လူမ်ိဳး ျခားနဲ႔ ဘာသာျခားနဲ႔ လုပ္ကိုင္သူေတြ ယခုရက္ပိုင္း အက်ိဳးျမတ္ႀကီးႀကီးရကိန္းရွိေနသလို ေနရာထိုင္ခင္း အေျပာင္းအေ႐ႊ႕ ရွိႏိုင္ပါတယ္။အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းေတြ မေကာင္းေပမယ့္ ကားနဲ႔ပတ္သက္တဲ့အလုပ္ လုပ္ကိုင္သူေတြ လုပ္ငန္းေကာင္းမယ့္ အခ်ိန္အခါပါ။ျပည္တြင္း ျပည္ပ ခရီးေတြ ပ်က္တတ္ပါတယ္။စပ္တူကိစၥေတြ၊ လူမ်ိဳးျခားနဲ႔ လုပ္ကိုင္တဲ့အလုပ္ေတြ ေကာင္းပါတယ္။
ပညာေရးကံေကာင္းေပမယ့္ အေပါင္းအသင္းမက္တာေၾကာင့္ ေမွ်ာ္မွန္းထားသလို မျဖစ္ဘဲေနတတ္ပါတယ္။က်န္းမာေရးကေတာ့ အဆစ္အျမစ္ကိုက္တာေတြ၊ အာ႐ုံေၾကာအားနည္းလို႔ ေျခလက္မၿမဲတာေတြ ျဖစ္တတ္ပါတယ္။သတိထားပါ။ အိမ္ေထာင္သည္ေတြ ခဏတာခြဲရတာရွိသလို ခ်စ္သူေတြလိုအင္ဆႏၵျပည့္၀မယ့္ အခ်ိန္ပါ။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ယခုတစ္ပတ္လုံး သၾကားယာဂု ဆြမ္းကပ္ကာ ဘုရားပန္းအိုးတြင္ ေငြပန္းကပ္လႉပါ။
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ လမ္းထဲႂကြလာသည့္ သီလရွင္ငယ္မ်ားအား ထီး၊ ဖိနပ္ လႉဒါန္းေပးပါ။
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ေနအိမ္၏ တနလၤာေထာင့္အရပ္ရွိ ဘုရားတြင္ အရဟံဂုဏ္ေတာ္ကို သက္ေစ့၏အဓိ႒ာန္ပုတီး စိပ္ေပးပါ။
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ ဆြမ္းခံႂကြလာသည့္ သံဃာေတာ္အား ေကာက္ညႇင္းေပါင္း ကပ္လႉေပးပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ နံနက္အိပ္ယာထႏွင့္ အိပ္ယာဝင္ ေမတၱာသုတ္ ႐ြတ္ဆိုပူေဇာ္ပါ။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေမြးေန႔တြင္ လမ္းထဲရွိေခြးမ်ားအား ညဘက္ အစာေကြၽးပါ။
ထီကံေကာင္းလိုသူမ်ား ။ ။ သင့္ေရွ႕ေရာက္လာသည့္ ထီကားမွ ၂/၅ ဆက္ေနသည့္ ဂဏန္းအတြဲပါသည့္ ထီတစ္ေစာင္ကို ရွာထိုးလိုက္ပါ။