【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းမှာ ကံဇာတာပွင့်ပုံက မယုံနိုင်လောက်အောင် ဖြစ်နေပါလိမ့်မယ်။သင့်စကားက အောင်နေလို့ သင်ပြောသမျှ ဖြစ်နေတတ်ပါတယ်။ရသမျှ အဖတ်တင်ဖို့  ငွေရတိုင်း ဘုရားကို ဆယ်ဖို့တစ်ဖို့ လှူပေးသင့်ပါတယ်။အလုပ်များတဲ့ကာလဖြစ်လို့ အလုပ်ဘက်စိတ်ရောက်နေတဲ့ သင့်ကို လူတွေက အထင်အမြင်လွဲတတ်ပါတယ်။
ဝန်ထမ်းများ လုပ်ငန်းခွင်မှာ အောင်မြင်မှုကြောင့် လူအမြင်ကြတ်စရာ ဖြစ်နေတတ်ပါတယ်။အပြောအဆိုအနေအထိုင် ဂရုစိုက်ပါ။အိမ်တွင်းရေးက အသင့်အတင့် သာယာနေတတ်သလို အိမ်မှာထက် အပြင်မှာ ပိုနေတတ်ပါတယ်။ဒီရက်ပိုင်း ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အကောင်းဆုံးအကြံပေးနိုင်တာက တနင်္လာ သားသမီးတွေပါ။ဒီကာလအတွင်း ရက်ဝေးခရီးသွားရကိန်း ရှိပါတယ်။ကျန်းမာရေးက ကောင်းနေပေမယ့် အာရုံကြောရောဂါဖြစ်ပြီး ညဘက်အိပ်မရတာတွေ ဖြစ်တတ်ပါတယ်။ပညာရေးကတော့ အာရုံစိုက်သလောက် အောင်မြင်မှုအသီးအပွင့် ရတတ်တဲ့ အချိန်ပါ။အိမ်ထောင်ရှင်တွေ  နားလည်မှုလွဲတတ်သလို ချစ်သူအချင်းချင်း နားပူနားဆာလုပ်တတ်လို့ စိတ်ရှုပ်ရတဲ့ အချိန်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား အောင်သပြေပန်းထိုးကာ ကဗ္မလာသီးဆွမ်း ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သံဃာတော်များကို ထီးဖိနပ် စသည်တို့ လှူပေးပါ။သီလရှင်များအား ဆွမ်းဆန်၊ ငွေကြေး ထောက်ပံပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္လာနံဘုရားတွင် ပန်းပေါင်းစုံကပ်လှူကာ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ရွှေရောင်ပစ္စည်း အဟောင်းအပျက်များ၊ ပြက္ခဒိန် အဟောင်းများကိုရှိနေပါက လွှင့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် တံမြက်စည်းလှည်းပါ။ဆီမီးပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရပ်ထဲရွာထဲမှ ကျန်းမာရေးမကောင်းသူကို ဆေးဝါးလှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ ။     ။ လမ်းတွင် ကားနှင့်လှည့်ရောင်းသည့် ထီဆိုင်တွေ့ပါက ၃ ဂဏန်းပါသည့် ထီကိုထိုးပါ။

( Zawgyi )

ဒီရက္ပိုင္းမွာ ကံဇာတာပြင့္ပုံက မယုံႏိုင္ေလာက္ေအာင္ ျဖစ္ေနပါလိမ့္မယ္။သင့္စကားက ေအာင္ေနလို႔ သင္ေျပာသမွ် ျဖစ္ေနတတ္ပါတယ္။ရသမွ် အဖတ္တင္ဖို႔  ေငြရတိုင္း ဘုရားကို ဆယ္ဖို႔တစ္ဖို႔ လႉေပးသင့္ပါတယ္။အလုပ္မ်ားတဲ့ကာလျဖစ္လို႔ အလုပ္ဘက္စိတ္ေရာက္ေနတဲ့ သင့္ကို လူေတြက အထင္အျမင္လြဲတတ္ပါတယ္။
ဝန္ထမ္းမ်ား လုပ္ငန္းခြင္မွာ ေအာင္ျမင္မႈေၾကာင့္ လူအျမင္ၾကတ္စရာ ျဖစ္ေနတတ္ပါတယ္။အေျပာအဆိုအေနအထိုင္ ဂ႐ုစိုက္ပါ။အိမ္တြင္းေရးက အသင့္အတင့္ သာယာေနတတ္သလို အိမ္မွာထက္ အျပင္မွာ ပိုေနတတ္ပါတယ္။ဒီရက္ပိုင္း ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ အေကာင္းဆုံးအႀကံေပးႏိုင္တာက တနလၤာ သားသမီးေတြပါ။ဒီကာလအတြင္း ရက္ေဝးခရီးသြားရကိန္း ရွိပါတယ္။က်န္းမာေရးက ေကာင္းေနေပမယ့္ အာ႐ုံေၾကာေရာဂါျဖစ္ၿပီး ညဘက္အိပ္မရတာေတြ ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ အာ႐ုံစိုက္သေလာက္ ေအာင္ျမင္မႈအသီးအပြင့္ ရတတ္တဲ့ အခ်ိန္ပါ။အိမ္ေထာင္ရွင္ေတြ  နားလည္မႈလြဲတတ္သလို ခ်စ္သူအခ်င္းခ်င္း နားပူနားဆာလုပ္တတ္လို႔ စိတ္ရႈပ္ရတဲ့ အခ်ိန္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ေအာင္သေျပပန္းထိုးကာ ကဗၼလာသီးဆြမ္း ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သံဃာေတာ္မ်ားကို ထီးဖိနပ္ စသည္တို႔ လႉေပးပါ။သီလရွင္မ်ားအား ဆြမ္းဆန္၊ ေငြေၾကး ေထာက္ပံေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ တနလၤာနံဘုရားတြင္ ပန္းေပါင္းစုံကပ္လႉကာ ဓမၼစၾကာ ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ေ႐ႊေရာင္ပစၥည္း အေဟာင္းအပ်က္မ်ား၊ ျပကၡဒိန္ အေဟာင္းမ်ားကိုရွိေနပါက လႊင့္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ တံျမက္စည္းလွည္းပါ။ဆီမီးပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ရပ္ထဲ႐ြာထဲမွ က်န္းမာေရးမေကာင္းသူကို ေဆးဝါးလႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ လမ္းတြင္ ကားႏွင့္လွည့္ေရာင္းသည့္ ထီဆိုင္ေတြ႕ပါက ၃ ဂဏန္းပါသည့္ ထီကိုထိုးပါ။