【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း အလုပ်ထဲမှာ နေရာပေးခံရခြင်း၊ နာမည်ကောင်းရခြင်းမျိုးလဲ ကြုံရမှာပါ။ကြီးကဲသူများက နေရာပေးခြင်း ကြုံရဖွယ်ရှိပါတယ်။လုပ်ငန်းခွင်မှာ စိတ်ပင်ပန်းစရာတွေ ရှိတတ်ပါတယ်။အလုပ်အပြောင်းအလဲ ရှိပါတယ်။တာဝန်ပိုကြီးတဲ့နေရာ ပြောင်းရမှာပါ။မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီရတတ်ပါတယ်။ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် သောကြာသားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။အိမ်တွင်းရေးနဲ့ အိမ်ထောင်ရေးတော့ အနည်းငယ်ညံ့ပါတယ်။အိမ်ထောင်ဘက်နဲ့ စကားများရန်ဖြစ်ရတာမျိုး ကြုံရနိုင်သလို လူလွတ်များကတော့ မွေးချင်းမောင်နှမတွေနဲ့ စကားအခြေအတင် ဖြစ်ရတတ်ပါတယ်။အမှုဖြစ်သူ၊ အိမ်ထောင်ပျက်လာသူတွေလာရင် အကူအညီပေးလိုက်ပါ။ညအိပ်တော့ လက်မခံပါနဲ့။မိသားစုထဲ အလှူမင်္ဂလာတွေ လုပ်ရတတ်ပါတယ်။စပ်တူအလုပ်တွေ မကောင်းသေးပါဘူး။ပညာရေးကံ ကောင်းနေပေမယ့် ပေါ့ဆတတ်လို့ လိုရာမရောက် ဖြစ်တတ်ပါတယ်။သတိထားပါ။ကျန်းမာရေးကတော့ ဆီး၊ မျက်စိ၊ အစာအိမ် စတဲ့ အသုံးများတဲ့ ကိုယ်အင်္ဂါနေရာတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်တွေ အဆင်မပြေ ဖြစ်တတ်သလို ချစ်သူရည်းစားတွေ စိတ်ချမ်းသာရမယ့် အချိန်အခါပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား ပန်းပေါင်းစုံဖြင့် ပူဇော်ပြီး ဒိဝါတပတိဂါထာကို နေ့စဉ် ၉ ခေါက် ပုတီးစိပ်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ နေအိမ်ရှိရာ အရပ်၏ သောကြာထောင့်တွင် ခွေးများကို အစာကျွေးပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နံနက်စောစော ဘုရားသွား၍ သစ်ခွပန်း အပါအဝင် ပန်း (၃) မျိုးဖြင့် ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲနှင့် ကုတင်အောက်တွင် ပုလင်းခွံ၊ ဗူးခွံတွေ ရှာဖွေရှင်းလင်းပါ။ယခုရက်ပိုင်း အမည်းရောင်ပစ္စည်းကို မသုံးပါနဲ့။

လူမှုရေးအတိုက်အခံများသူများ ။     ။ နေအိမ်အနီးရှိ ဘုန်းကြီးကျောင်းသို့သွားကာ ကုဋီဆေးကြောကာ ကုသိုလ်ယူပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ရပ်ထဲရွာထဲရှိ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများကို ဆေးဝါးဓာတ်စာ လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ ။     ။ နေအိမ်ရှေ့ ရောက်လာသည့် ထီသည်ထံမှ ၅ / ၆ ဂဏန်းများများပါသည့် ထီလက်မှတ်ကို ရှာထိုးပေးပါ။

( Zawgyi )

ယခုရက္ပိုင္းအတြင္း အလုပ္ထဲမွာ ေနရာေပးခံရျခင္း၊ နာမည္ေကာင္းရျခင္းမ်ိဳးလဲ ႀကဳံရမွာပါ။ႀကီးကဲသူမ်ားက ေနရာေပးျခင္း ႀကဳံရဖြယ္ရွိပါတယ္။လုပ္ငန္းခြင္မွာ စိတ္ပင္ပန္းစရာေတြ ရွိတတ္ပါတယ္။အလုပ္အေျပာင္းအလဲ ရွိပါတယ္။တာဝန္ပိုႀကီးတဲ့ေနရာ ေျပာင္းရမွာပါ။မိတ္ေကာင္းေဆြေကာင္းေတြရဲ႕ အကူအညီရတတ္ပါတယ္။ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ ေသာၾကာသားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။အိမ္တြင္းေရးနဲ႔ အိမ္ေထာင္ေရးေတာ့ အနည္းငယ္ညံ့ပါတယ္။အိမ္ေထာင္ဘက္နဲ႔ စကားမ်ားရန္ျဖစ္ရတာမ်ိဳး ႀကဳံရႏိုင္သလို လူလြတ္မ်ားကေတာ့ ေမြးခ်င္းေမာင္ႏွမေတြနဲ႔ စကားအေျခအတင္ ျဖစ္ရတတ္ပါတယ္။အမႈျဖစ္သူ၊ အိမ္ေထာင္ပ်က္လာသူေတြလာရင္ အကူအညီေပးလိုက္ပါ။ညအိပ္ေတာ့ လက္မခံပါနဲ႔။မိသားစုထဲ အလႉမဂၤလာေတြ လုပ္ရတတ္ပါတယ္။စပ္တူအလုပ္ေတြ မေကာင္းေသးပါဘူး။ပညာေရးကံ ေကာင္းေနေပမယ့္ ေပါ့ဆတတ္လို႔ လိုရာမေရာက္ ျဖစ္တတ္ပါတယ္။သတိထားပါ။က်န္းမာေရးကေတာ့ ဆီး၊ မ်က္စိ၊ အစာအိမ္ စတဲ့ အသုံးမ်ားတဲ့ ကိုယ္အဂၤါေနရာေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္ေတြ အဆင္မေျပ ျဖစ္တတ္သလို ခ်စ္သူရည္းစားေတြ စိတ္ခ်မ္းသာရမယ့္ အခ်ိန္အခါပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား ပန္းေပါင္းစုံျဖင့္ ပူေဇာ္ၿပီး ဒိဝါတပတိဂါထာကို ေန႔စဥ္ ၉ ေခါက္ ပုတီးစိပ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ေနအိမ္ရွိရာ အရပ္၏ ေသာၾကာေထာင့္တြင္ ေခြးမ်ားကို အစာေကြၽးေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ နံနက္ေစာေစာ ဘုရားသြား၍ သစ္ခြပန္း အပါအဝင္ ပန္း (၃) မ်ိဳးျဖင့္ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ထဲႏွင့္ ကုတင္ေအာက္တြင္ ပုလင္းခြံ၊ ဗူးခြံေတြ ရွာေဖြရွင္းလင္းပါ။ယခုရက္ပိုင္း အမည္းေရာင္ပစၥည္းကို မသုံးပါနဲ႔။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေနအိမ္အနီးရွိ ဘုန္းႀကီးေက်ာင္းသို႔သြားကာ ကုဋီေဆးေၾကာကာ ကုသိုလ္ယူပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ရပ္ထဲ႐ြာထဲရွိ သက္ႀကီး႐ြယ္အိုမ်ား၊ က်န္းမာေရးမေကာင္းသူမ်ားကို ေဆးဝါးဓာတ္စာ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ေနအိမ္ေရွ႕ ေရာက္လာသည့္ ထီသည္ထံမွ ၅ / ၆ ဂဏန္းမ်ားမ်ားပါသည့္ ထီလက္မွတ္ကို ရွာထိုးေပးပါ။