【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း အဖက်ဖက်က အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာတတ်ပါတယ်။ကံတရားက ကိုယ့်ဘက်မှာ ရှိနေတဲ့အတွက် ဒီအချိန်မှာ ကိုယ်ရည်ရွယ်ထားတဲ့ လုပ်ငန်းတွေကိစ္စတွေကို စတင်တိုးချဲ့ ဆောင်ရွက်လုပ်ကိုင်သင့်တဲ့ အချိန်ပါ။ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ကိုယ့်အောင်မြင်မှုကြောင့် မနာလိုကာ အပြိုင်အဆိုင်များတတ်တဲ့ အချိန်ကာလဖြစ်လို့ ပြောမှားဆိုမှား အထင်လွဲစရာတွေကြောင့် မိတ်ရင်းဆွေရင်းတွေနဲ့ စိတ်ဝမ်းကွဲတတ်ပါတယ်။ဒီကာလမှာ အိမ်ခြံမြေနဲ့ စပ်တူအလုပ်တွေ ကောင်းပါတယ်။အထူးသဖြင့် အိမ်ခြံမြေသမားတွေ၊ ခရီးသွားလုပ်ငန်းသမားတွေ၊ ကားအရောင်းအဝယ်သမားတွေ အခြေအနေကောင်းပါတယ်။ကျန်းမာရေးကတော့ ဆီးနဲ့ပတ်သက်တဲ့ ရောဂါနဲ့ မျက်စိရောဂါတွေ ဖြစ်တတ်ပါတယ်။ပြည်တွင်း ပြည်ပ ခရီးစဉ်တွေ အကြံပေါက်သလောက် ရောက်မယ့်အချိန်အခါပါ။ပညာရေးကံ ကောင်းနေပြီး ကြိုးစားလေ ပိုခရီးရောက်မယ့် အချိန်အခါဖြစ်ပေမယ့် အပေါင်းအသင်းမက်တာကြောင့် မျှော်မှန်းထားသလိုမဖြစ်ဘဲ နေတတ်ပါတယ်။အိမ်ထောင်သည်တွေ၊ ချစ်သူတွေအတွက် ဒီရက်ပိုင်း သတင်းကောင်းကြားရဖို့ ရှိနေပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ခုနှစ်ရက်တိတိ ကြာသပတေး နေ့နံပန်း၊ အညွှန့်၊ သစ်သီးတို့ဖြင့် ပူဇော်ဆက်ကပ်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ယခုတစ်ပတ် နေ့စဉ် နံနက်စောစောထကာ သံဃာများကို တန်းဆွမ်းလောင်းလှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အနီးရှိ စေတီတွင် မေမြို့ပန်း ကိုးပွင့်တိတိဖြင့် နံနက် ကိုးနာရီတိတိ ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်တွင်းရှိ သင့်အိမ်ထောင်ဘက်၏ နေ့နံအသုံးအဆောင် ပစ္စည်းအဟောင်းအပျက်များကို အိမ်ခြံဝင်း အပြင်ဘက်ရောက်အောင် ရှာကြံကာ လွှင့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ သမ္ဗုဒ္ဓေဂါထာကို သင်သတိရတိုင်း ရွတ်ဆိုပေးပါ။သင့်ကို အကာကွယ်ပေးပါလိမ့်မယ်။

ကျန်းမာရေးမကောင်းသူများ ။     ။ လမ်းသွားရင်း ခွေး၊ ကျီး စသည့် တနင်္လာနံ သတ္တဝါများကို အစာကျွေးပါ။

ထီကံကောင်းလိုသူများ ။     ။ ကြာသပတေး နာမည်ပါ ထီဆိုင်တွင် ၂/၄ ဂဏန်းများများပါသည့် ထီလက်မှတ်ကို ရှာထိုးပါ။

( Zawgyi )

ဒီရက္ပိုင္း အဖက္ဖက္က အခြင့္အလမ္းေကာင္းေတြ ေပၚထြက္လာတတ္ပါတယ္။ကံတရားက ကိုယ့္ဘက္မွာ ရွိေနတဲ့အတြက္ ဒီအခ်ိန္မွာ ကိုယ္ရည္႐ြယ္ထားတဲ့ လုပ္ငန္းေတြကိစၥေတြကို စတင္တိုးခ်ဲ႕ ေဆာင္႐ြက္လုပ္ကိုင္သင့္တဲ့ အခ်ိန္ပါ။ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ကိုယ့္ေအာင္ျမင္မႈေၾကာင့္ မနာလိုကာ အၿပိဳင္အဆိုင္မ်ားတတ္တဲ့ အခ်ိန္ကာလျဖစ္လို႔ ေျပာမွားဆိုမွား အထင္လြဲစရာေတြေၾကာင့္ မိတ္ရင္းေဆြရင္းေတြနဲ႔ စိတ္ဝမ္းကြဲတတ္ပါတယ္။ဒီကာလမွာ အိမ္ၿခံေျမနဲ႔ စပ္တူအလုပ္ေတြ ေကာင္းပါတယ္။အထူးသျဖင့္ အိမ္ၿခံေျမသမားေတြ၊ ခရီးသြားလုပ္ငန္းသမားေတြ၊ ကားအေရာင္းအဝယ္သမားေတြ အေျခအေနေကာင္းပါတယ္။က်န္းမာေရးကေတာ့ ဆီးနဲ႔ပတ္သက္တဲ့ ေရာဂါနဲ႔ မ်က္စိေရာဂါေတြ ျဖစ္တတ္ပါတယ္။ျပည္တြင္း ျပည္ပ ခရီးစဥ္ေတြ အႀကံေပါက္သေလာက္ ေရာက္မယ့္အခ်ိန္အခါပါ။ပညာေရးကံ ေကာင္းေနၿပီး ႀကိဳးစားေလ ပိုခရီးေရာက္မယ့္ အခ်ိန္အခါျဖစ္ေပမယ့္ အေပါင္းအသင္းမက္တာေၾကာင့္ ေမွ်ာ္မွန္းထားသလိုမျဖစ္ဘဲ ေနတတ္ပါတယ္။အိမ္ေထာင္သည္ေတြ၊ ခ်စ္သူေတြအတြက္ ဒီရက္ပိုင္း သတင္းေကာင္းၾကားရဖို႔ ရွိေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ခုႏွစ္ရက္တိတိ ၾကာသပေတး ေန႔နံပန္း၊ အၫႊန႔္၊ သစ္သီးတို႔ျဖင့္ ပူေဇာ္ဆက္ကပ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ယခုတစ္ပတ္ ေန႔စဥ္ နံနက္ေစာေစာထကာ သံဃာမ်ားကို တန္းဆြမ္းေလာင္းလႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အနီးရွိ ေစတီတြင္ ေမၿမိဳ႕ပန္း ကိုးပြင့္တိတိျဖင့္ နံနက္ ကိုးနာရီတိတိ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္တြင္းရွိ သင့္အိမ္ေထာင္ဘက္၏ ေန႔နံအသုံးအေဆာင္ ပစၥည္းအေဟာင္းအပ်က္မ်ားကို အိမ္ၿခံဝင္း အျပင္ဘက္ေရာက္ေအာင္ ရွာႀကံကာ လႊင့္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ သမၺဳေဒၶဂါထာကို သင္သတိရတိုင္း ႐ြတ္ဆိုေပးပါ။သင့္ကို အကာကြယ္ေပးပါလိမ့္မယ္။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ လမ္းသြားရင္း ေခြး၊ က်ီး စသည့္ တနလၤာနံ သတၱဝါမ်ားကို အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ၾကာသပေတး နာမည္ပါ ထီဆိုင္တြင္ ၂/၄ ဂဏန္းမ်ားမ်ားပါသည့္ ထီလက္မွတ္ကို ရွာထိုးပါ။