【 ဗေဒင် 】အင်္ဂါသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဘာမဆို စိတ်အလိုမကျဖြစ်တတ်တဲ့ ကာလပါ။ အလုပ်များလို့ စိတ်ကော လူကော တအားပင်ပန်း နေတဲ့ အခါဖြစ်နေသလို ဘာလုပ် လုပ် လွဲချော်နေတတ်လို့ စိတ်အလိုအတိုင်း ဆုံးဖြတ်ရင် ထပ်ပင်ပန်းမယ့် ကာလပါ။ ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေ ဆောင်ရွက်ရာမှာ တနင်္ဂနွေ၊ဗုဒ္ဓဟူးသား သမီး များနှင့် တိုင်ပင်ဆောင်ရွက်ရင် အကျိုးထူးပါလိမ့်မယ်။ ဒီကာလ အတွင်း ကြား ၃ ကြားမဝင်သင့်တဲ့ ကာလဖြစ် သလို သူများပြဿနာ ကိုယ်ပြဿနာဖြစ်တတ်ပါတယ်။ လုပ်ငန်းသစ်တွေ စလုပ်ရင် အခြေအနေကောင်းနိုင်ပြီး စပ်တူရှယ်ယာအလုပ်တွေ၊ အိမ်ခြံမြေ အမွေကိစ္စတွေ ဒီရက်ပိုင်းမှာ လုပ်ဆောင်သင့်ပါတယ်။ လုပ်ငန်းခွင်နဲ့ အချို့ကိစ္စတွေမှာ လူကြီးသူမတွေရဲ့ ဆောင်မကြည့်ရှုမယ့်ကိန်းရှိလို့ ဘုရားတရားမြဲမြဲ လုပ်ကိုင်သင့်ပါတယ်။ ဒီကာလမှာ နိုင်ငံခြား အဆက်အသွယ် အခွင့်အရေးကောင်းတွေ ပေါ်လာတတ်ပါတယ်။ ငွေကြေးကံကတော့ ညံနေပါတယ်။ ငွေရတိုင်း ဘုရားကို လှူပေး သင့်ပါတယ်။ဆန်၊ဆီ၊ဆေး စတဲ့အလုပ်တွေ၊ရွှေအရောင်း အဝယ်အ လုပ်တွေ ကောင်းပါတယ်။ ပညာရေးကိစ္စမှာ ဒီရက်ပိုင်းမှာ ခက်ခဲနေ တတ်သလို ကြိုးစားမှ တော်ကာကြမယ့် ကာလပါ။ ကျန်းမာရေး ကတော့ အထူးဂရုစိုက်ပါ။ ခြေထောက်၊နှလုံးနှင့်ပတ်သက်တဲ့ ရောဂါဖြစ်တတ်ပါတယ်။ အိမ်ထောင်ရှင်တွေ ငယ်ရွယ်သူတွေ ခေတ္တခွဲခွာနေထိုင်ရကိန်းရှိနေပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။။ဘုရားရှင်အားသစ်သီး ဆွမ်းဆပ်ကပ်ကာ နံနက်တိုင်း မေတ္တာသုတ် ရွတ်ဖတ် ပူဇော် ပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ ထီး၊သင်္ကန်း၊ဝတ္ထုငွေ အလှူခံလာသူ ရဟန်းသံဃာရှိပါက စိတ်မကွက်ဘဲ ကပ်လှူပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ နေအိမ်အရပ်မှ တနင်္ဂနွေထောင့်အရပ်ရှိ ဘုရားစေတီတွင် သန့်ရှင်းရေးလုပ်ပြီး အောင်သပြေပန်းကပ်လှူကာ လိုရာဆုတောင်းပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ ခို၊ကျီး၊ခွေး စသည်တို့ကို အစာကျွေးပါ။ ချစ်သူနှင့် တွေ့ရန် ဗုဒ္ဓဟူးနံ အသုံး အဆောင် များကို ဆောင်သွားပါ။

လူမှုရေးအတိုက်အခံများသူများ။ ။ ဘုရားစေတီများတွင် မွေးနေ့ဂြိုလ် ခွင်မှ စတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည် အောင် ရေသပါ္ပယ်ပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ ရပ်ထဲ ရွာထဲ လေဖြတ်ထားသည့် ကျန်းမာရေးမကောင်းသူများကို ဆေးဝါးဓာတ်စာလှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ။ ။ လမ်းထိပ်ထီဆိုင်တွင် ၁/၃/၄ ဂဏန်းပါသည့် ထီကို ရှာထိုးလိုက်ပါ။

(  Zawgyi  )

 ဘာမဆို စိတ္အလိုမက်ျဖစ္တတ္တဲ့ ကာလပါ။ အလုပ္မ်ားလို႔ စိတ္ေကာ လူေကာ တအားပင္ပန္း ေနတဲ့ အခါျဖစ္ေနသလို ဘာလုပ္ လုပ္ လြဲေခ်ာ္ေနတတ္လို႔ စိတ္အလိုအတိုင္း ဆုံးျဖတ္ရင္ ထပ္ပင္ပန္းမယ့္ ကာလပါ။ ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြ ေဆာင္႐ြက္ရာမွာ တနဂၤေႏြ၊ဗုဒၶဟူးသား သမီး မ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ရင္ အက်ိဳးထူးပါလိမ့္မယ္။ ဒီကာလ အတြင္း ၾကား ၃ ၾကားမဝင္သင့္တဲ့ ကာလျဖစ္ သလို သူမ်ားျပႆနာ ကိုယ္ျပႆနာျဖစ္တတ္ပါတယ္။ လုပ္ငန္းသစ္ေတြ စလုပ္ရင္ အေျခအေနေကာင္းႏိုင္ၿပီး စပ္တူရွယ္ယာအလုပ္ေတြ၊ အိမ္ၿခံေျမ အေမြကိစၥေတြ ဒီရက္ပိုင္းမွာ လုပ္ေဆာင္သင့္ပါတယ္။ လုပ္ငန္းခြင္နဲ႔ အခ်ိဳ႕ကိစၥေတြမွာ လူႀကီးသူမေတြရဲ႕ ေဆာင္မၾကည့္ရႈမယ့္ကိန္းရွိလို႔ ဘုရားတရားၿမဲၿမဲ လုပ္ကိုင္သင့္ပါတယ္။ ဒီကာလမွာ ႏိုင္ငံျခား အဆက္အသြယ္ အခြင့္အေရးေကာင္းေတြ ေပၚလာတတ္ပါတယ္။ ေငြေၾကးကံကေတာ့ ညံေနပါတယ္။ ေငြရတိုင္း ဘုရားကို လႉေပး သင့္ပါတယ္။ဆန္၊ဆီ၊ေဆး စတဲ့အလုပ္ေတြ၊ေ႐ႊအေရာင္း အဝယ္အ လုပ္ေတြ ေကာင္းပါတယ္။ ပညာေရးကိစၥမွာ ဒီရက္ပိုင္းမွာ ခက္ခဲေန တတ္သလို ႀကိဳးစားမွ ေတာ္ကာၾကမယ့္ ကာလပါ။ က်န္းမာေရး ကေတာ့ အထူးဂ႐ုစိုက္ပါ။ ေျခေထာက္၊ႏွလုံးႏွင့္ပတ္သက္တဲ့ ေရာဂါျဖစ္တတ္ပါတယ္။ အိမ္ေထာင္ရွင္ေတြ ငယ္႐ြယ္သူေတြ ေခတၱခြဲခြာေနထိုင္ရကိန္းရွိေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။။ဘုရားရွင္အားသစ္သီး ဆြမ္းဆပ္ကပ္ကာ နံနက္တိုင္း ေမတၱာသုတ္ ႐ြတ္ဖတ္ ပူေဇာ္ ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ ထီး၊သကၤန္း၊ဝတၳဳေငြ အလႉခံလာသူ ရဟန္းသံဃာရွိပါက စိတ္မကြက္ဘဲ ကပ္လႉေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ ေနအိမ္အရပ္မွ တနဂၤေႏြေထာင့္အရပ္ရွိ ဘုရားေစတီတြင္ သန႔္ရွင္းေရးလုပ္ၿပီး ေအာင္သေျပပန္းကပ္လႉကာ လိုရာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ ခို၊က်ီး၊ေခြး စသည္တို႔ကို အစာေကြၽးပါ။ ခ်စ္သူႏွင့္ ေတြ႕ရန္ ဗုဒၶဟူးနံ အသုံး အေဆာင္ မ်ားကို ေဆာင္သြားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ ခြင္မွ စတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည္ ေအာင္ ေရသပါၸယ္ပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ရပ္ထဲ ႐ြာထဲ ေလျဖတ္ထားသည့္ က်န္းမာေရးမေကာင္းသူမ်ားကို ေဆးဝါးဓာတ္စာလႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ လမ္းထိပ္ထီဆိုင္တြင္ ၁/၃/၄ ဂဏန္းပါသည့္ ထီကို ရွာထိုးလိုက္ပါ။