【 ဗေဒင် 】သောကြာသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
အဖက်ဖက်ကကံဇာတာပွင့်လန်းနေပါလိမ့်မယ်။ ကံတရားက အကျိုးပေး တဲ့ ဘက်ရောက်နေတဲ့ အတွက် လုပ်ငန်းသစ်၊နေရာသစ် စတာတွေ အစပြုလုပ်တာကောင်းပါတယ်။ ပညာရေး၊လူမှုရေး၊ စီးပွားရေး အတွက် ကြာသပတေးသားသမီးတွေ ကိုတိုင်ပင်တာ အကောင်းဆုံးပါဘဲ။ စပ်တူကိစ္စတွေ ကတော့ မလုပ်ပါနဲ့ဦး။ အရင်းအခြာတွေကသင့်ကိုတမျိုးမြင်တတ်ပါတယ်။ ငွေအပါအဝင် တခြားဘာမှ ဘယ်သူကိုမှ အာမမခံပေးတာ သင့်အတွက်အကောင်း ဆုံး ပါ။
ဒီကာလမှာ ရပ်ဝေးနဲ့ ပြည်ပက အကူအညီတွေ ရတတ်သလို ရေထွက်ကုန်သမားတွေ၊ သီးနှံရောင်းဝယ်ဖောက်ကားသူတွေ၊ သံထည်လုပ်ကိုင်သူတွေအကျိုးများမယ့်ကာလတစ်ခုပါဘဲ။ကျန်းမာရေး ကတော့ အစားအသောက်ကြောင့် ဖြစ်တတ်တာပဲရှိပါတယ်။ ပညာရေးကတော့ သင်တန်းတွေကို တစ်ခုပြီးမှ တစ်ခုတက်သင့် သလို ကြိုစီစဉ်ထားတာတွေ ပျက်တတ်ပါတယ်။ အိမ်ထောင်ရှင်များ အကျီစားသန်လို့ စကားများတတ်သလို ချစ်သူတွေအတွက်နားလည် မှု လွဲမှားမယ့် အချိန်ကာလပါ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားအားကြာသပတေးနံမာလကာ၊ပန်းသီးစသည်တို့ဖြင့် ကပ်လှူပူဇော်ပါ။
ပြည်ပထွက်ခွာလိုသူများ။    ။မိမိသွားလိုသည့် အရပ်မှ ခွေးများကို နံနက်ဖက် အစာကျွေးပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ စေတီပုထိုးဘုရားများရှိ ကြာသပတေးထောင့်၌ ပန်းပေါင်းစုံ ကပ်လှူကာ ဓမ္မစကြာရွတ် ဖတ်ပူဇော်ပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ နေအိမ်အိပ်ခန်းထဲရှိနေသည့်စပ်ပစ္စည်းအဟောင်းအပျက်များ၊အင်္ဂါနံပစ္စည်းအဟောင်းများကို လွှင့်ပစ်ပေးပါ။
လူမှုရေးအတိုက်အခံများသူများ။  ။ ဘုရားစေတီများတွင် မိမိဂြိုလ်နံဘုရားကို သက်စေ့ထက် တစ်ခွက်ပိုကာ ရေသပ္ပါယ်ပါ။
ကျန်းမာရေးမကောင်းသူများ ။  ။ ဘုရားစေတီများရှိ ဗောဓိညောင်တွင် ကျိုးကျ၊ညွှတ်ကျနေသည့် ကိုင်းကိုရှာကာ ညောင်ထောက်ပေးပါ။
ထီကံကောင်းလိုသူများ။။ ကြာသပတေးနာမည်ပါ ထီဆိုင်တွင် ၅ပူး ၆ ပူး ဂဏန်းများပါသည့် ထီလက်မျတ်ကို ရှာထိုးပါ။
( Zawgyi )