【 ဗေဒင် 】ဗုဒ္ဓဟူးသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဆုံးရှုံးပြီလိုထင်ထားတဲ့ ငွေကြေး၊အခွင့်အရေးနဲ့ ချေးငှားမှုတွေ ယခုရက်ပိုင်းအတွင်း ပြန်ရတဲ့ တဲ့ ကာလကို ရောက်ပါပြီ။ လူမှုရေး ၊စီးပွားရေး ၊ပညာရေးတွေမှာ အောင်မြင်လိုတဲ့ သူတွေအတွက် ကတော့ ယခု တစ်ပတ်အတွင်း သောကြာသားသမီးများနဲ့သာ တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။ မထင်မှတ်ထားတဲ့ နေရာ ကနေငွေကြေးအမြတ်အစွန်းရရှိလာနိုင်သလို ထိုင်းမှိုင်းနေတဲ့ လုပ်ငန်း အတွက် ၊အလုပ်အကိုင်အတွက် ကွဲ ကွာနေတဲ့သူတွေနဲ့ ပြန်ဆုံရာ ကနေ လမ်းစသစ်၊ အခွင့်အရေးသစ်တွေ ပေါ်ပေါက်လာတတ် ပါသည်။ ဒီကာလမှာ ထူးထူးခြားခြား တနင်္လာနံလုပ်ငန်းတွေ အထူး
ကောင်းပြီး ကျောက်မျက်လုပ်ငန်းသမားတွေ၊ စက်ပစ္စည်းနှင့် ကား အရောင်းအဝယ်သမားတွေအလုပ်အကိုင်ထူးခြားမယ့်ကာလဖြစ် ပါတယ်။ ဒီရက်တွေမှာ  မနာလိုစရာ ကောင်းလောက်အောင် ငွေဝင်ကောင်းနေတတ်ပါတယ်။ လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်ဝင်ကိန်းရှိသလို လူမျိုးကွဲ၊ ဘာသာကွဲနဲ့ အကျိုးပေးကိန်းရှိပါ တယ်။ ခရီးဝေးသွားရကိန်းရှိပြီးဘာသာရေးအလုပ်တွေ လုပ်ရတတ် ပါတယ်။ပညာရေး ကိစ္စမှာ ဒီရက်ပိုင်းမှာ အထူးကောင်းနေပါတယ်။ ကျန်းမာရေးကတော့ ရောဂါဟောင်းတွေ၊ နှလုံးနှင့်ပတ်သက်တဲ့ ရောဂါတွေ ပြန်ဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်တွေ ချစ်သူတွေ သာယာဖွယ် အချိန်အခါကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားရှင်အား ခုနှစ်ရက်လုံး သစ်တော်သီးကို  ဆွမ်းကပ်လှူ ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ သံဃာများကို ထီးဖိနပ် သင်္ကန်း ကပ်လှူပေးပါ ။ နံနက်တိုင်း မင်္ဂလသုတ်ကို ရွတ်ဆိုပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ဘုရားစေတီ၏သောကြာထောင့် တွင်  ပန်း ၅ မျိုးဖြင့်  ပဋ္ဌာန်း ကိုရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ မွေးနေ့တွင် မနက်စောစော အိမ်ရှေ့သို့ ရောက်လာသည့် ကလေးငယ်ကို  ကောက်ညှင်းပြန်ပေါင်းကျွေး ပါ။

လူမှုရေးအတိုက်အခံများသူများ။    ။ဘုရား၊ကျောင်း။စေတီများတွင် ကုဋီ၊ကျောင်းအိမ်သာများကို သန့်ရှင်းရေး လုပ်ပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။  ။ ခရီးသွားရင်း ကားပေါ်ပါ သက်ကြီးရွယ်အိုတွေ့ပါက ကားခလှူပေးပါ။

ထီကံကောင်းလိုသူများ။  ။ ကားနှင့်ရောင်းသောထီဆိုင်တွင် ၆ ဂဏန်း များများပါအောင် ထီထိုးပေးပါ။

(  Zawgyi  )

 ဆုံးရႈံးၿပီလိုထင္ထားတဲ့ ေငြေၾကး၊အခြင့္အေရးနဲ႔ ေခ်းငွားမႈေတြ ယခုရက္ပိုင္းအတြင္း ျပန္ရတဲ့ တဲ့ ကာလကို ေရာက္ပါၿပီ။ လူမႈေရး ၊စီးပြားေရး ၊ပညာေရးေတြမွာ ေအာင္ျမင္လိုတဲ့ သူေတြအတြက္ ကေတာ့ ယခု တစ္ပတ္အတြင္း ေသာၾကာသားသမီးမ်ားနဲ႔သာ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။ မထင္မွတ္ထားတဲ့ ေနရာ ကေနေငြေၾကးအျမတ္အစြန္းရရွိလာႏိုင္သလို ထိုင္းမႈိင္းေနတဲ့ လုပ္ငန္း အတြက္ ၊အလုပ္အကိုင္အတြက္ ကြဲ ကြာေနတဲ့သူေတြနဲ႔ ျပန္ဆုံရာ ကေန လမ္းစသစ္၊ အခြင့္အေရးသစ္ေတြ ေပၚေပါက္လာတတ္ ပါသည္။ ဒီကာလမွာ ထူးထူးျခားျခား တနလၤာနံလုပ္ငန္းေတြ အထူး
ေကာင္းၿပီး ေက်ာက္မ်က္လုပ္ငန္းသမားေတြ၊ စက္ပစၥည္းႏွင့္ ကား အေရာင္းအဝယ္သမားေတြအလုပ္အကိုင္ထူးျခားမယ့္ကာလျဖစ္ ပါတယ္။ ဒီရက္ေတြမွာ  မနာလိုစရာ ေကာင္းေလာက္ေအာင္ ေငြဝင္ေကာင္းေနတတ္ပါတယ္။ လက္လြန္ထားတဲ့ ေငြေၾကးေတြ ျပန္ဝင္ကိန္းရွိသလို လူမ်ိဳးကြဲ၊ ဘာသာကြဲနဲ႔ အက်ိဳးေပးကိန္းရွိပါ တယ္။ ခရီးေဝးသြားရကိန္းရွိၿပီးဘာသာေရးအလုပ္ေတြ လုပ္ရတတ္ ပါတယ္။ပညာေရး ကိစၥမွာ ဒီရက္ပိုင္းမွာ အထူးေကာင္းေနပါတယ္။ က်န္းမာေရးကေတာ့ ေရာဂါေဟာင္းေတြ၊ ႏွလုံးႏွင့္ပတ္သက္တဲ့ ေရာဂါေတြ ျပန္ျဖစ္တတ္ပါတယ္။ အိမ္ေထာင္သည္ေတြ ခ်စ္သူေတြ သာယာဖြယ္ အခ်ိန္အခါကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားရွင္အား ခုႏွစ္ရက္လုံး သစ္ေတာ္သီးကို  ဆြမ္းကပ္လႉ ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ သံဃာမ်ားကို ထီးဖိနပ္ သကၤန္း ကပ္လႉေပးပါ ။ နံနက္တိုင္း မဂၤလသုတ္ကို ႐ြတ္ဆိုေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ဘုရားေစတီ၏ေသာၾကာေထာင့္ တြင္  ပန္း ၅ မ်ိဳးျဖင့္  ပ႒ာန္း ကို႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ ေမြးေန႔တြင္ မနက္ေစာေစာ အိမ္ေရွ႕သို႔ ေရာက္လာသည့္ ကေလးငယ္ကို  ေကာက္ညႇင္းျပန္ေပါင္းေကြၽး ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။    ။ဘုရား၊ေက်ာင္း။ေစတီမ်ားတြင္ ကုဋီ၊ေက်ာင္းအိမ္သာမ်ားကို သန႔္ရွင္းေရး လုပ္ေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။  ။ ခရီးသြားရင္း ကားေပၚပါ သက္ႀကီး႐ြယ္အိုေတြ႕ပါက ကားခလႉေပးပါ။

ထီကံေကာင္းလိုသူမ်ား။  ။ ကားႏွင့္ေရာင္းေသာထီဆိုင္တြင္ ၆ ဂဏန္း မ်ားမ်ားပါေအာင္ ထီထိုးေပးပါ။