【 ဗေဒင် 】တနင်္လာသားသမီးများအတွက် ယခုတစ်ပတ် ဆောင် ရန်/ရှောင်ရန်

ဒီရက်ပိုင်းပညာရေး၊လူမှုရေး၊စီးပွားရေးကိစ္စတွေမှာ သင့်ကို အကောင်းဆုံးအကြံပေးနိုင်တာက တနင်္ဂ နွေသားသမီးတွေပါ။ သင့်ကံဇာတာကအကောင်းချည်းမဟုတ်ဘဲ အညံဘက်ပါနေလို ဒီရက်ပိုင်း အခက်အခဲ လေးတွေရှိ နေတတ်ပါတယ်။ နေအိမ်သုံး ပစ္စည်းတွေ၊ စက်ပစ္စည်းတွေဝင်တတ်သလို ပျက်လည်း ပျက်ဆီး တတ်ပါတယ်။ နေအိမ်ပြောင်းရွှေ့တာ၊လုပ်ငန်းသစ်စတင်တာစတဲ့ အလုပ်တွေကတော့ အကောင်းဘက်မှာ ရှိနေပါတယ်။ ငွေဝင်ကောင်းပေမယ့် ကျန်းမာရေးအတွက် ကုန်တတ်တဲ့အချိန်မို့ ရသမျှ အဖတ်တင်ဖို့ ဘုရားကို ဆယ်ဖို့ တစ်ဖို့လှူပေးသင့်ပါတယ်။အိမ်တွင်းရေးကအသင့်အတင့် သာယာနေတတ်သလို အိမ်မှာထက် အပြင် မှာ နေရတာကို သင့်စိတ်က ပိုသာယာနေတတ်ပါတယ်။  ဒီကာလ အတွင်း ရက်ဝေးခရီးတွေသွားဖို့စီစဉ်ထားသလို မဖြစ်တာတွေ ဖြစ် တတ် ပါတယ်။ စပ်တူအလုပ်တွေ လူမျိုးခြားနဲ့ လုပ်ရတဲ့ အလုပ်တွေ ခဏရပ်ထား ပါ။ ကျန်းမာရေးကကောင်းနေပေမယ့် ညဘက်အိပ် မရတာတွေ ဖြစ်တတ်ပါတယ်။ပညာရေးကတော့ အာရုံစိုက် သလောက် အောင်မြင်မှု အသီးအပွင့်ရတတ်တဲ့အချိန်ပါ။အိမ်ထောင်ရှင်တွေကြားနားလည်မှုလွဲတတ်သလို ချစ်သူအချင်းချင်း နားပူနား ဆာ လုပ် တတ်လို့  စိတ်ရှုပ်ရတဲ့အချိန်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားအား အောင်သပြေ ပန်းထိုးကာ ကဗ္မလာသစ်သီး ဆွမ်း ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။   ။ သံဃာတော်များကိုထီးဖိနပ်စသည်တို့ လှူပေးပါ။သီလရှင်များအားလည်း ဆွမ်း ဆန်၊ ငွေကြေးထောက်ပံ့ပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ တနင်္လာနံဘုရားတွင် ပန်းပေါင်းစုံကပ်လှူကာဓမ္မစကြာ ရွတ်ဖတ် ပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ရွှေရောင်ပစ္စည်း အဟောင်းအပျက်များ၊ပြက္ခဒိန် အဟောင်းများနေအိမ်အိပ်ခန်းအတွင်း ရှိ နေပါကလွှင့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ။  ။ ဘုရားစေတီများတွင်ပုံမှန် တံမြက်စည်းလှည်းပါ။ပန်းဆီမီးပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ။  ။ ရပ်ထဲရွာထဲမှ ကျန်းမာရေး မကောင်း သူ ကိုဆေးဝါးဓာတ်စာ လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ။   ။ လမ်းတွင် ကားနှင့်လှည့်ရောင်းသည့် ထီဆိုင်တွေ့ပါက က/ခ/ဂ အက္ခရာဖြင့်စသည့် ထီလက်မှတ်ကိုထိုးပါ။ 

(  Zawgyi  )

 ဒီရက္ပိုင္းပညာေရး၊လူမႈေရး၊စီးပြားေရးကိစၥေတြမွာ သင့္ကို အေကာင္းဆုံးအႀကံေပးႏိုင္တာက တနဂၤ ေႏြသားသမီးေတြပါ။ သင့္ကံဇာတာကအေကာင္းခ်ည္းမဟုတ္ဘဲ အညံဘက္ပါေနလို ဒီရက္ပိုင္း အခက္အခဲ ေလးေတြရွိ ေနတတ္ပါတယ္။ ေနအိမ္သုံး ပစၥည္းေတြ၊ စက္ပစၥည္းေတြဝင္တတ္သလို ပ်က္လည္း ပ်က္ဆီး တတ္ပါတယ္။ ေနအိမ္ေျပာင္းေ႐ႊ႕တာ၊လုပ္ငန္းသစ္စတင္တာစတဲ့ အလုပ္ေတြကေတာ့ အေကာင္းဘက္မွာ ရွိေနပါတယ္။ ေငြဝင္ေကာင္းေပမယ့္ က်န္းမာေရးအတြက္ ကုန္တတ္တဲ့အခ်ိန္မို႔ ရသမွ် အဖတ္တင္ဖို႔ ဘုရားကို ဆယ္ဖို႔ တစ္ဖို႔လႉေပးသင့္ပါတယ္။အိမ္တြင္းေရးကအသင့္အတင့္ သာယာေနတတ္သလို အိမ္မွာထက္ အျပင္ မွာ ေနရတာကို သင့္စိတ္က ပိုသာယာေနတတ္ပါတယ္။  ဒီကာလ အတြင္း ရက္ေဝးခရီးေတြသြားဖို႔စီစဥ္ထားသလို မျဖစ္တာေတြ ျဖစ္ တတ္ ပါတယ္။ စပ္တူအလုပ္ေတြ လူမ်ိဳးျခားနဲ႔ လုပ္ရတဲ့ အလုပ္ေတြ ခဏရပ္ထား ပါ။ က်န္းမာေရးကေကာင္းေနေပမယ့္ ညဘက္အိပ္ မရတာေတြ ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ အာ႐ုံစိုက္ သေလာက္ ေအာင္ျမင္မႈ အသီးအပြင့္ရတတ္တဲ့အခ်ိန္ပါ။အိမ္ေထာင္ရွင္ေတြၾကားနားလည္မႈလြဲတတ္သလို ခ်စ္သူအခ်င္းခ်င္း နားပူနား ဆာ လုပ္ တတ္လို႔  စိတ္ရႈပ္ရတဲ့အခ်ိန္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားအား ေအာင္သေျပ ပန္းထိုးကာ ကဗၼလာသစ္သီး ဆြမ္း ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။   ။ သံဃာေတာ္မ်ားကိုထီးဖိနပ္စသည္တို႔ လႉေပးပါ။သီလရွင္မ်ားအားလည္း ဆြမ္း ဆန္၊ ေငြေၾကးေထာက္ပံ့ေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ တနလၤာနံဘုရားတြင္ ပန္းေပါင္းစုံကပ္လႉကာဓမၼစၾကာ ႐ြတ္ဖတ္ ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ေ႐ႊေရာင္ပစၥည္း အေဟာင္းအပ်က္မ်ား၊ျပကၡဒိန္ အေဟာင္းမ်ားေနအိမ္အိပ္ခန္းအတြင္း ရွိ ေနပါကလႊင့္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ ဘုရားေစတီမ်ားတြင္ပုံမွန္ တံျမက္စည္းလွည္းပါ။ပန္းဆီမီးပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား။  ။ ရပ္ထဲ႐ြာထဲမွ က်န္းမာေရး မေကာင္း သူ ကိုေဆးဝါးဓာတ္စာ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား။   ။ လမ္းတြင္ ကားႏွင့္လွည့္ေရာင္းသည့္ ထီဆိုင္ေတြ႕ပါက က/ခ/ဂ အကၡရာျဖင့္စသည့္ ထီလက္မွတ္ကိုထိုးပါ။