【 ဗေဒင် 】တနင်္လာသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းက သင့်ကံဇာတာက အညံဘက်ရောက်နေလို့ အခက်အခဲလေးတွေ ဝိုင်း နေတတ်ပါတယ်။ဒါပေမယ့်နေအိမ်ပြောင်းရွှေ့ တာ၊လုပ်ငန်းသစ်စတင်တာ စတဲ့အလုပ်တွေကတော့အကောင်း ဘက်မှာ ရှိနေပါတယ်။ ငွေဝင်ကောင်းပေမယ့် ကုန်တတ်တဲ့အချိန်မို့ ရသမျှ အဖတ်တင်ဖို့  ငွေရတိုင်းဘုရားကို ဆယ်ဖို့တစ်ဖို့ လှူပေးသင့် ပါတယ်။ဒီရက်ပိုင်း ပညာရေး၊လူမှုရေး၊စီးပွားရေးအတွက် အကောင်း ဆုံး သင့်ကို အကြံပေးနိုင်တာက တနင်္လာသားသမီးတွေပါ။အိမ်တွင်းရေး က အသင့်အတင့် သာယာနေတတ် သလိုအိမ်မှာထက် အပြင် မှာနေရတာကို သင့်စိတ်က ပိုသာယာနေတတ်ပါတယ်။ ဒီကာလ အတွင်း ရက်ဝေးခရီးတွေသွားရ ကိန်းရှိပါတယ်။ စပ်တူ အလုပ်တွေ လူမျိုးခြားနဲ့ လုပ်ရတဲ့ အလုပ်တွေ ခဏရပ်ထားပါ။ကျန်းမာရေးက ကောင်းနေပေမယ့် အာရုံကြောရောဂါ ဖြစ်ပြီးညဘက်အိပ်မရတာတွေဖြစ်တတ်ပါတယ်။ပညာရေးကတော့ အာရုံစိုက်သလောက် အောင်မြင်မှု အသီးအပွင့်ရတတ်တဲ့အချိန်ပါ။အိမ်ထောင်ရှင်တွေကြား နားလည်မှုလွဲတတ်သလို  ချစ်သူအချင်းချင်းနားပူနားဆာ လုပ်တတ်လို့ စိတ်ရှု ပ်ရတဲ့အချိန်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ဘုရားအားအောင်သပြေ ပန်းထိုးကာ ကဗ္မလာသစ်သီး ဆွမ်းကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။   ။သံဃာတော်များကို ထီးဖိနပ်စသည်တို့ လှူပေးပါ။သီလရှင်များအား လည်းဆွမ်းဆန်၊ငွေကြေး ထောက်ပံပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ တနင်္လာနံဘုရားတွင် ပန်းပေါင်းစုံကပ်လှူကာ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ရွှေရောင်ပစ္စည်း အဟောင်းအပျက်များ၊ပြက္ခဒိန် အဟောင်းများနေအိမ်အိပ်ခန်း အတွင်းရှိနေပါက လွှင့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ။  ။ ဘုရားစေတီများတွင် ပုံမှန် တံမြက်စည်း လှည်းပါ။ပန်း ဆီမီးပူဇော်ပါ။

 ကျန်းမာရေးမကောင်းသူများ ။  ။ရပ်ထဲရွာထဲမှ ကျန်းမာရေးမကောင်း သူကို ဆေးဝါးဓာတ်စာ လှူဒါန်းပေးပါ။

 ကံကောင်းလိုသူများ။   ။လမ်းတွင် ကားနှင့်လှည့်ရောင်းသည့် ထီဆိုင်တွေ့ပါက ၂ ဂဏန်းများများပါသည့် ထီကိုထိုးပါ။

(  Zawgyi  )

 ဒီရက္ပိုင္းက သင့္ကံဇာတာက အညံဘက္ေရာက္ေနလို႔ အခက္အခဲေလးေတြ ဝိုင္း ေနတတ္ပါတယ္။ဒါေပမယ့္ေနအိမ္ေျပာင္းေ႐ႊ႕ တာ၊လုပ္ငန္းသစ္စတင္တာ စတဲ့အလုပ္ေတြကေတာ့အေကာင္း ဘက္မွာ ရွိေနပါတယ္။ ေငြဝင္ေကာင္းေပမယ့္ ကုန္တတ္တဲ့အခ်ိန္မို႔ ရသမွ် အဖတ္တင္ဖို႔  ေငြရတိုင္းဘုရားကို ဆယ္ဖို႔တစ္ဖို႔ လႉေပးသင့္ ပါတယ္။ဒီရက္ပိုင္း ပညာေရး၊လူမႈေရး၊စီးပြားေရးအတြက္ အေကာင္း ဆုံး သင့္ကို အႀကံေပးႏိုင္တာက တနလၤာသားသမီးေတြပါ။အိမ္တြင္းေရး က အသင့္အတင့္ သာယာေနတတ္ သလိုအိမ္မွာထက္ အျပင္ မွာေနရတာကို သင့္စိတ္က ပိုသာယာေနတတ္ပါတယ္။ ဒီကာလ အတြင္း ရက္ေဝးခရီးေတြသြားရ ကိန္းရွိပါတယ္။ စပ္တူ အလုပ္ေတြ လူမ်ိဳးျခားနဲ႔ လုပ္ရတဲ့ အလုပ္ေတြ ခဏရပ္ထားပါ။က်န္းမာေရးက ေကာင္းေနေပမယ့္ အာ႐ုံေၾကာေရာဂါ ျဖစ္ၿပီးညဘက္အိပ္မရတာေတြျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ အာ႐ုံစိုက္သေလာက္ ေအာင္ျမင္မႈ အသီးအပြင့္ရတတ္တဲ့အခ်ိန္ပါ။အိမ္ေထာင္ရွင္ေတြၾကား နားလည္မႈလြဲတတ္သလို  ခ်စ္သူအခ်င္းခ်င္းနားပူနားဆာ လုပ္တတ္လို႔ စိတ္ရႈ ပ္ရတဲ့အခ်ိန္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ဘုရားအားေအာင္သေျပ ပန္းထိုးကာ ကဗၼလာသစ္သီး ဆြမ္းကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။   ။သံဃာေတာ္မ်ားကို ထီးဖိနပ္စသည္တို႔ လႉေပးပါ။သီလရွင္မ်ားအား လည္းဆြမ္းဆန္၊ေငြေၾကး ေထာက္ပံေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ တနလၤာနံဘုရားတြင္ ပန္းေပါင္းစုံကပ္လႉကာ ဓမၼစၾကာ ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ေ႐ႊေရာင္ပစၥည္း အေဟာင္းအပ်က္မ်ား၊ျပကၡဒိန္ အေဟာင္းမ်ားေနအိမ္အိပ္ခန္း အတြင္းရွိေနပါက လႊင့္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ ဘုရားေစတီမ်ားတြင္ ပုံမွန္ တံျမက္စည္း လွည္းပါ။ပန္း ဆီမီးပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ရပ္ထဲ႐ြာထဲမွ က်န္းမာေရးမေကာင္း သူကို ေဆးဝါးဓာတ္စာ လႉဒါန္းေပးပါ။

 ကံေကာင္းလိုသူမ်ား။   ။လမ္းတြင္ ကားႏွင့္လွည့္ေရာင္းသည့္ ထီဆိုင္ေတြ႕ပါက ၂ ဂဏန္းမ်ားမ်ားပါသည့္ ထီကိုထိုးပါ။