【 ဗေဒင် 】တနင်္လာသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊စီးပွားရေး၊ပညာရေးစတဲ့ အောင်မြင်လိုသောကိစ္စအဝဝအတွက် ဗုဒ္ဓဟူး သား သမီးများနှင့် တိုင်ပင်ဆောင်ရွက်တာ အကောင်းဆုံးပါ။ယခုရက်ပိုင်းအတွင်း ငွေကြေးကတအားဝင်ပြီးတအား ထွက်နေလို့ အဖတ်မတင်ဖြစ်နေပါလိမ့်မယ်။ ဒီရက်တွေမှာသွေးရင်းသားရင်းမိသားစုဝင်တွေ အကူအညီကြောင့် ရှိနေတဲ့ အခက်အခဲတွေ ပြေလည်သွားပါမယ်။ဒီအချိန်မှာလုပ်ငန်းသစ် စတာတွေ၊အလုပ်ပြောင်းတာတွေ လုပ်ဖို့ ကောင်းတဲ့ အချိန်အခါကောင်းပါ။စီစဉ်ထားတဲ့ ပြည်တွင်းပြည်ပခရီးတွေ ထွက်ဖြစ်သွားပါလိမ့်မယ်။ စီပွားရေး လုပ်ငန်းရှင်တွေဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေ မြေအရောင်းအဝယ်တွေ အလုပ်ပြန်ဖြစ်မယ့်ကာလ ဖြစ်ပေမယ့် စပ်တူအလုပ်ကိုတော့ရှောင်ပါ။ ကျန်းမာရေးကတော့ ညံတတ်လို့ သတိထားသင့်ပါတယ်။ ပညာသင်နေတဲ့သူလုပ်ငန်းခွင်ထဲပညာတော်သင်မျှော်မှန်းနေတဲ့ သူတွေ မထင်မှတ်ဘဲ နိုင်ငံခြားပညာသင် ကိန်းရှိနေပါတယ်။ ပညာသင်နေတဲ့သူတွေတဲ့ ပညာရည်မှန်းချက် ပြည်စုံပါမယ်။ ရေလမ်းခရီးရှောင်ပါ။ အိမ်ထောင်ရှင်များ ၊ ချစ်သူတွေကတော့ ဒီရက်ပိုင်းပူပန်ရတာတွေ၊ အထစ်အငေါ့တွေရှိပေမယ့် ပြန်ပြေလည် သွားပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအားယခုတစ်ပတ်လုံးထန်းညက်ဖြင့် ဆွမ်းကပ်လှူပါ။

ပြည်ပထွက်ခွာလိုသူများ။    ။နံနက်စောစောတန်းဆွမ်းကြွသည့် သံဃာတော်များကို သကြားသာကူကပ်လှူပူဇော်ပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။အိမ်အနီးဘုရားစေတီရှိတနင်္လာထောင်တွင်  ဒိဝါတပတိဂါထာသက်စေ့ ရွတ်ဆိုပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။     ။ အိမ်ထောင်ရှင်နှစ်ဦးနေနံပါသည့် ပန်းကိုအိုးတစ်လုံးဖြင့် သပ်သပ်ထိုးကာယခုတစ်ပတ်လုံးဘုရားပူဇော်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ။  ။မကြာခဏဘုရားစေတီများသို့ နံနက်စောစောသွားကာရင်ပြင်၊စြင်္ကန်လမ်းများကိုသန့်ရှင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ။  ။ရပ်ထဲရွာထဲ နွမ်းပါးသူ၊ကိုယ်ဝန်ဆောင်များကိုဆေးဝါးငွေကြေးထောက်ပံပေးပါ။

ထီကံကောင်းလိုသူများ။     ။မွေးနေ့မွေးရက်နံနက်စောစောတွင် အရှေ့အရပ်မှ ထီဆိုင်သို့သွားကာ  ၄ဂဏန်းအပူးပါသည့်  ထီလက်မှတ်ကိုထိုးပါ။ 

(   Zawgyi  )

 ယခုတစ္ပတ္ လူမႈေရး၊စီးပြားေရး၊ပညာေရးစတဲ့ ေအာင္ျမင္လိုေသာကိစၥအဝဝအတြက္ ဗုဒၶဟူး သား သမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္တာ အေကာင္းဆုံးပါ။ယခုရက္ပိုင္းအတြင္း ေငြေၾကးကတအားဝင္ၿပီးတအား ထြက္ေနလို႔ အဖတ္မတင္ျဖစ္ေနပါလိမ့္မယ္။ ဒီရက္ေတြမွာေသြးရင္းသားရင္းမိသားစုဝင္ေတြ အကူအညီေၾကာင့္ ရွိေနတဲ့ အခက္အခဲေတြ ေျပလည္သြားပါမယ္။ဒီအခ်ိန္မွာလုပ္ငန္းသစ္ စတာေတြ၊အလုပ္ေျပာင္းတာေတြ လုပ္ဖို႔ ေကာင္းတဲ့ အခ်ိန္အခါေကာင္းပါ။စီစဥ္ထားတဲ့ ျပည္တြင္းျပည္ပခရီးေတြ ထြက္ျဖစ္သြားပါလိမ့္မယ္။ စီပြားေရး လုပ္ငန္းရွင္ေတြေဆာက္လုပ္ေရးလုပ္ငန္းလုပ္ကိုင္သူေတြ ေျမအေရာင္းအဝယ္ေတြ အလုပ္ျပန္ျဖစ္မယ့္ကာလ ျဖစ္ေပမယ့္ စပ္တူအလုပ္ကိုေတာ့ေရွာင္ပါ။ က်န္းမာေရးကေတာ့ ညံတတ္လို႔ သတိထားသင့္ပါတယ္။ ပညာသင္ေနတဲ့သူလုပ္ငန္းခြင္ထဲပညာေတာ္သင္ေမွ်ာ္မွန္းေနတဲ့ သူေတြ မထင္မွတ္ဘဲ ႏိုင္ငံျခားပညာသင္ ကိန္းရွိေနပါတယ္။ ပညာသင္ေနတဲ့သူေတြတဲ့ ပညာရည္မွန္းခ်က္ ျပည္စုံပါမယ္။ ေရလမ္းခရီးေရွာင္ပါ။ အိမ္ေထာင္ရွင္မ်ား ၊ ခ်စ္သူေတြကေတာ့ ဒီရက္ပိုင္းပူပန္ရတာေတြ၊ အထစ္အေငါ့ေတြရွိေပမယ့္ ျပန္ေျပလည္ သြားပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအားယခုတစ္ပတ္လုံးထန္းညက္ျဖင့္ ဆြမ္းကပ္လႉပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။နံနက္ေစာေစာတန္းဆြမ္းႂကြသည့္ သံဃာေတာ္မ်ားကို သၾကားသာကူကပ္လႉပူေဇာ္ပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။အိမ္အနီးဘုရားေစတီရွိတနလၤာေထာင္တြင္  ဒိဝါတပတိဂါထာသက္ေစ့ ႐ြတ္ဆိုပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။     ။ အိမ္ေထာင္ရွင္ႏွစ္ဦးေနနံပါသည့္ ပန္းကိုအိုးတစ္လုံးျဖင့္ သပ္သပ္ထိုးကာယခုတစ္ပတ္လုံးဘုရားပူေဇာ္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။မၾကာခဏဘုရားေစတီမ်ားသို႔ နံနက္ေစာေစာသြားကာရင္ျပင္၊ျစကၤန္လမ္းမ်ားကိုသန႔္ရွင္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား။  ။ရပ္ထဲ႐ြာထဲ ႏြမ္းပါးသူ၊ကိုယ္ဝန္ေဆာင္မ်ားကိုေဆးဝါးေငြေၾကးေထာက္ပံေပးပါ။

ထီကံေကာင္းလိုသူမ်ား။     ။ေမြးေန႔ေမြးရက္နံနက္ေစာေစာတြင္ အေရွ႕အရပ္မွ ထီဆိုင္သို႔သြားကာ  ၄ဂဏန္းအပူးပါသည့္  ထီလက္မွတ္ကိုထိုးပါ။