【 ဗေဒင် 】တနင်္လာသားသမီးများအတွက်ယခုတစ်ပတ်ဆောင်ရန်/ရှောင်ရန်

 ဒီရက်ပိုင်းအတွင်း ငွေဝင်ကောင်းနေသလို ငွေထွက်လည်းကောင်းနေလို့ ရသမျှ အဖတ်မတင် တတ်ပါ ဘူး။ ယခုရက်ပိုင်း ဘာကိစ္စပဲတိုင်ပင်တိုင်ပင် အင်္ဂါ/ဗုဒ္ဓဟူးသားသမီးတွေနဲ့ တိုင်ပင် တာက သင့်အတွက် လူမှုရေး ၊စီးပွားရေး၊ပညာရေးကိစ္စတွေမှာအောင်မြင် မှုရနိုင်ပါတယ်။ဒီရက်ပိုင်း ကံအညံလေးတွေ များနေတတ်သလို့  အ နှောင့်အယှက်တွေလည်းရှိနေတတ် လို့ စိတ်မတင်မကျကိစ္စတွေ ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ ဖြစ်တတ်ပါ တယ်။လက်အောက်ငယ်သားကြောင့်စိတ်ရှုပ်ရတတ်ပါတယ်။လူမျိုးခြား ဘာသာခြားတွေနဲ့ လုပ်တဲ့အလုပ်တွေ၊ စပ်တူ ကိစ္စတွေ၊ စာချုပ် ကိစ္စတွေ ခေတ္တရပ်ထားပါဦး။ကုန်ရောင်း ကုန်ဝယ်အလုပ်တွေ၊ ခရီး သွားလုပ်ငန်းလုပ်ကိုင်သူတွေ၊အသီးအနှံရောင်းဝယ်သူတွေအဆင်ပြေ မယ့် အချိန်ကာလပါ။ ခရီးထွက်ရတာတွေ ဘာသာရေး လုပ်ရတာ တွေ ယခုတစ်ပတ်မှာပေါ်တတ်ပါတယ်။ ပညာရေး ကံကကောင်း

ပေမယ့် ပန်းအဝင်မှာ ခြေချော်တတ်လို့ သတိ ထားနေသင့်ပါတယ်။ကျန်းမာရေးမှာအစာအိမ်၊ဆီးဒုက္ခပေးတတ်ပါတယ်။အိမ်ထောင်ရှင်များဘာမဟုတ်တာနဲ့ စိတ်ဆိုးစိတ်ကောက်ရန်ဖြစ်တတ်ပါ တယ်။ သမီးရည်းစားများ ချစ်သူများ ကြား တစ်ဦးနဲ့ တစ်ဦးစိတ်ငြိုငြင် ခံရ တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအားယခု တစ်ပတ်လုံး ငွေပန်းနှင့် ကံ့ကော်ပန်းကို တွဲကာ ဘုရားပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ ကိုယ်ဆီလာအလှူခံသမျှ မငြင်းဘဲ မိမိတတ်နိုင်သလောက် လှူပြီးစိတ်က ထွက်ပြီထွက်ပြီဟု ရွတ်ဆိုပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။စေတီပုထိုးအင်္ဂါထောင့် တွင် အရဟံဂုဏ်တော်ကို သက်စေ့ အဓိဋ္ဌာန်ပုတီးစိပ်ပါ။
 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။အိမ်တွင် စက်ပစ္စည်းအဟောင်းအပျက်များရှိနေပါက ဖယ်ရှားပေးပါ။ အထူးသဖြင့် ကုတင်အောက်တွင် ရှိပါကအမြန်ဆုံးဖယ်ရှားပါ။
လူပါထိတတ်ပါသည်။

လူမှုရေးအတိုက်အခံများသူများ။  ။ဘုရားစေတီရင်ပြင်များတွင်အမှိုက်များရှင်းလင်းပေးခြင်းကသင့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။

ကျန်းမာရေးမကောင်းသူများ ။  ။ သွားရင်းလာရင်းရေသတ္တဝါအရှင် များ ရောင်းနေသည်ကို တွေ့ပါက  ဝယ်ကာ  လွှတ်ပေးပါ။

ထီကံကောင်းလိုသူများ။  ။မွေးနေ့မွေးရက် လမ်းသွားရင်းတွေ့သည့် ထီဆိုင်မှ ၂/ ၃ /၄စသည့် ဂဏန်းတွဲ များများပါသည့် ထီလက်မှတ်ကိုရှာထိုးပေးပါ။  

(  Zawgyi  )

  ဒီရက္ပိုင္းအတြင္း ေငြဝင္ေကာင္းေနသလို ေငြထြက္လည္းေကာင္းေနလို႔ ရသမွ် အဖတ္မတင္ တတ္ပါ ဘူး။ ယခုရက္ပိုင္း ဘာကိစၥပဲတိုင္ပင္တိုင္ပင္ အဂၤါ/ဗုဒၶဟူးသားသမီးေတြနဲ႔ တိုင္ပင္ တာက သင့္အတြက္ လူမႈေရး ၊စီးပြားေရး၊ပညာေရးကိစၥေတြမွာေအာင္ျမင္ မႈရႏိုင္ပါတယ္။ဒီရက္ပိုင္း ကံအညံေလးေတြ မ်ားေနတတ္သလို႔  အ ေႏွာင့္အယွက္ေတြလည္းရွိေနတတ္ လို႔ စိတ္မတင္မက်ကိစၥေတြ ဆုံးျဖတ္ရခက္တဲ့ ကိစၥေတြ ျဖစ္တတ္ပါ တယ္။လက္ေအာက္ငယ္သားေၾကာင့္စိတ္ရႈပ္ရတတ္ပါတယ္။လူမ်ိဳးျခား ဘာသာျခားေတြနဲ႔ လုပ္တဲ့အလုပ္ေတြ၊ စပ္တူ ကိစၥေတြ၊ စာခ်ဳပ္ ကိစၥေတြ ေခတၱရပ္ထားပါဦး။ကုန္ေရာင္း ကုန္ဝယ္အလုပ္ေတြ၊ ခရီး သြားလုပ္ငန္းလုပ္ကိုင္သူေတြ၊အသီးအႏွံေရာင္းဝယ္သူေတြအဆင္ေျပ မယ့္ အခ်ိန္ကာလပါ။ ခရီးထြက္ရတာေတြ ဘာသာေရး လုပ္ရတာ ေတြ ယခုတစ္ပတ္မွာေပၚတတ္ပါတယ္။ ပညာေရး ကံကေကာင္း

ေပမယ့္ ပန္းအဝင္မွာ ေျခေခ်ာ္တတ္လို႔ သတိ ထားေနသင့္ပါတယ္။က်န္းမာေရးမွာအစာအိမ္၊ဆီးဒုကၡေပးတတ္ပါတယ္။အိမ္ေထာင္ရွင္မ်ားဘာမဟုတ္တာနဲ႔ စိတ္ဆိုးစိတ္ေကာက္ရန္ျဖစ္တတ္ပါ တယ္။ သမီးရည္းစားမ်ား ခ်စ္သူမ်ား ၾကား တစ္ဦးနဲ႔ တစ္ဦးစိတ္ၿငိဳျငင္ ခံရ တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအားယခု တစ္ပတ္လုံး ေငြပန္းႏွင့္ ကံ့ေကာ္ပန္းကို တြဲကာ ဘုရားပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ကိုယ္ဆီလာအလႉခံသမွ် မျငင္းဘဲ မိမိတတ္ႏိုင္သေလာက္ လႉၿပီးစိတ္က ထြက္ၿပီထြက္ၿပီဟု ႐ြတ္ဆိုေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ေစတီပုထိုးအဂၤါေထာင့္ တြင္ အရဟံဂုဏ္ေတာ္ကို သက္ေစ့ အဓိ႒ာန္ပုတီးစိပ္ပါ။
 
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။အိမ္တြင္ စက္ပစၥည္းအေဟာင္းအပ်က္မ်ားရွိေနပါက ဖယ္ရွားေပးပါ။ အထူးသျဖင့္ ကုတင္ေအာက္တြင္ ရွိပါကအျမန္ဆုံးဖယ္ရွားပါ။လူပါထိတတ္ပါသည္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ဘုရားေစတီရင္ျပင္မ်ားတြင္အမႈိက္မ်ားရွင္းလင္းေပးျခင္းကသင့္အတြက္ အေကာင္းဆုံးျဖစ္ပါတယ္။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ သြားရင္းလာရင္းေရသတၱဝါအရွင္ မ်ား ေရာင္းေနသည္ကို ေတြ႕ပါက  ဝယ္ကာ  လႊတ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား။  ။ေမြးေန႔ေမြးရက္ လမ္းသြားရင္းေတြ႕သည့္ ထီဆိုင္မွ ၂/ ၃ /၄စသည့္ ဂဏန္းတြဲ မ်ားမ်ားပါသည့္ ထီလက္မွတ္ကိုရွာထိုးေပးပါ။