【 ဗေဒင် 】တနင်္လာသားသမီးများအတွက်ယခုတစ်ပတ်ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ်မှာသင့်အတွက်လူမှုရေး၊စီးပွားရေး၊ပညာရေးအောင်မြင် လိုသောကိစ္စများအတွက်တိုင်ပင် မယ်ဆိုရင် အင်္ဂါသားသမီးများနှင့် တိုင်ပင်ဆောင်ရွက်တာကအကောင်းဆုံးပါ။ ငွေဝင်ကောင်းနေပေ မယ့် လုပ် ငန်းတွေထဲ ငွေဝင်နေပြီး ငွေကျပ်နေတာမျိုးဖြစ်တတ်ပါ တယ်။ ဒီရက်ပိုင်းမှာစိတ်နှစ်ခွဖြစ်ရတာတွေ သူများကြား အဝင် မတော် လို့ ကိုယ်အပေါ် အထင်လွဲတာစွပ်စွဲခံရတာတွေ ဖြစ်တတ်ပါ တယ်။ယခုကာလမှာအလှူအတန်း လုပ်ရ ကိန်းရှိသလိုဘုရားဖူး ထွက်ရကိန်းလည်းရှိနေပါတယ်။ လုပ်ငန်းခွင်အတွင်းအထက် အကြီးအကဲအကူ အညီ ရတတ်သလို ရာထူးတိုးကိန်းလည်းရှိနေ တတ် ပါတယ်။ အင်္ဂါနံလုပ်ငန်းတွေဖြစ်တဲ့  ဆန်၊ဆီစတဲ့လုပ်ငန်း တွေ စာအုပ်နဲ့ စက်ပစ္စည်းရောင်းဝယ်သူတွေ အလုပ်အကိုင်ကောင်းတဲ့ အချိန်အခါပါ။ စပ်တူအလုပ်တွေ၊ လူမျိုးခြားနဲ့ လုပ်တဲ့ အလုပ်တွေ ကတော့ခဏရပ်ထားပါဦး။မြေအရောင်းအဝယ်တွေ၊ကား၊ကျောက်
မျက် အရောင်းအဝယ်သမားတွေ ကောင်းပါတယ်။ ဒီရက်ပိုင်း ဘာလုပ်လုပ် အလျင်မလိုဘဲစဉ်းစား ပြီးမှလုပ်ပါ။ကျန်းမာရေးကတော့ ဒီရက်ပိုင်းအစားမှားအနေအထိုင်မှားလို့ ဖြစ်တဲ့ အပရိကရောဂါလောက် ပဲ ဖြစ်တတ်ပါ တယ်။ ပညာရေးကံကတော့ ပန်းတိုင်ဝင်ခါနီး မှ လျော့တတ်တဲ့ စိတ်ကို ပြင်မှ အောင်မြင်ပါလိမ့်မယ်။အိမ်ထောင်ရှင်များစကားများတာကနေအပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ကိန်းရှိ သလို ငယ်ရွယ်သူများကတော့ သဝန်တိုတိုင်း မကောင်းပါဘူး။

 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ စံပယ်ပန်းကို ပန်းကန်ပြားတစ်ခုတွင် သီးသန့်ထည့်ကာယခုတစ်ပတ်လုံးဘုရားရှင် အား ပူဇော်ကပ်လှူပေးပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ နေအိမ်၏အင်္ဂါထောင့်အရပ်ရှိဘုန်းကြီးကျောင်း(သို့မဟုတ်) သီလရှင်ကျောင်းသို့ နေရာထိုင်ခင်းတစ်ခု လှူဒါန်းပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။      ။ယခုတစ်ပတ်လုံးအရဟံ ဂုဏ်တော်ကိုစိပ်ပုတီးဖြင့် နံနက်တိုင်းသက်စေ့ရအောင် စိပ်ပေးပါ။

 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။   ။နေအိမ်အတွင်း မှန်ကွဲ၊ဓာတ်ပုံအပျက်၊ ပြက္ခဒိန်အဟောင်း များကိုစွန့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ။  ။သံဗုဒ္ဓေ ဂါထာကိုသတိရတိုင်းရွတ် ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ လမ်းသွားရင်းတွေ့သည့် ခိုစာရောင်းသည့် ဆိုင်တွင် ခိုစာကိုယ်တတ်နိုင်သ လောက် ကျွေးပေးပါ။

ထီကံကောင်းလိုသူများ။     ။အင်္ဂါနံအမည်ဖြင့် စသည့် ထီဆိုင်မှ ၂ အပူးပါသည့် ထီလက်မှတ်ကိုရှာထိုးပေးပါ။ 

(  Zawgyi  )

 ဒီတစ္ပတ္မွာသင့္အတြက္လူမႈေရး၊စီးပြားေရး၊ပညာေရးေအာင္ျမင္ လိုေသာကိစၥမ်ားအတြက္တိုင္ပင္ မယ္ဆိုရင္ အဂၤါသားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္တာကအေကာင္းဆုံးပါ။ ေငြဝင္ေကာင္းေနေပ မယ့္ လုပ္ ငန္းေတြထဲ ေငြဝင္ေနၿပီး ေငြက်ပ္ေနတာမ်ိဳးျဖစ္တတ္ပါ တယ္။ ဒီရက္ပိုင္းမွာစိတ္ႏွစ္ခြျဖစ္ရတာေတြ သူမ်ားၾကား အဝင္ မေတာ္ လို႔ ကိုယ္အေပၚ အထင္လြဲတာစြပ္စြဲခံရတာေတြ ျဖစ္တတ္ပါ တယ္။ယခုကာလမွာအလႉအတန္း လုပ္ရ ကိန္းရွိသလိုဘုရားဖူး ထြက္ရကိန္းလည္းရွိေနပါတယ္။ လုပ္ငန္းခြင္အတြင္းအထက္ အႀကီးအကဲအကူ အညီ ရတတ္သလို ရာထူးတိုးကိန္းလည္းရွိေန တတ္ ပါတယ္။ အဂၤါနံလုပ္ငန္းေတြျဖစ္တဲ့  ဆန္၊ဆီစတဲ့လုပ္ငန္း ေတြ စာအုပ္နဲ႔ စက္ပစၥည္းေရာင္းဝယ္သူေတြ အလုပ္အကိုင္ေကာင္းတဲ့ အခ်ိန္အခါပါ။ စပ္တူအလုပ္ေတြ၊ လူမ်ိဳးျခားနဲ႔ လုပ္တဲ့ အလုပ္ေတြ ကေတာ့ခဏရပ္ထားပါဦး။ေျမအေရာင္းအဝယ္ေတြ၊ကား၊ေက်ာက္
မ်က္ အေရာင္းအဝယ္သမားေတြ ေကာင္းပါတယ္။ ဒီရက္ပိုင္း ဘာလုပ္လုပ္ အလ်င္မလိုဘဲစဥ္းစား ၿပီးမွလုပ္ပါ။က်န္းမာေရးကေတာ့ ဒီရက္ပိုင္းအစားမွားအေနအထိုင္မွားလို႔ ျဖစ္တဲ့ အပရိကေရာဂါေလာက္ ပဲ ျဖစ္တတ္ပါ တယ္။ ပညာေရးကံကေတာ့ ပန္းတိုင္ဝင္ခါနီး မွ ေလ်ာ့တတ္တဲ့ စိတ္ကို ျပင္မွ ေအာင္ျမင္ပါလိမ့္မယ္။အိမ္ေထာင္ရွင္မ်ားစကားမ်ားတာကေနအပ်က္ပ်က္နဲ႔ ႏွာေခါင္းေသြးထြက္ကိန္းရွိ သလို ငယ္႐ြယ္သူမ်ားကေတာ့ သဝန္တိုတိုင္း မေကာင္းပါဘူး။

 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ စံပယ္ပန္းကို ပန္းကန္ျပားတစ္ခုတြင္ သီးသန႔္ထည့္ကာယခုတစ္ပတ္လုံးဘုရားရွင္ အား ပူေဇာ္ကပ္လႉေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ေနအိမ္၏အဂၤါေထာင့္အရပ္ရွိဘုန္းႀကီးေက်ာင္း(သို႔မဟုတ္) သီလရွင္ေက်ာင္းသို႔ ေနရာထိုင္ခင္းတစ္ခု လႉဒါန္းေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။      ။ယခုတစ္ပတ္လုံးအရဟံ ဂုဏ္ေတာ္ကိုစိပ္ပုတီးျဖင့္ နံနက္တိုင္းသက္ေစ့ရေအာင္ စိပ္ေပးပါ။

 
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။   ။ေနအိမ္အတြင္း မွန္ကြဲ၊ဓာတ္ပုံအပ်က္၊ ျပကၡဒိန္အေဟာင္း မ်ားကိုစြန႔္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။သံဗုေဒၶ ဂါထာကိုသတိရတိုင္း႐ြတ္ ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ လမ္းသြားရင္းေတြ႕သည့္ ခိုစာေရာင္းသည့္ ဆိုင္တြင္ ခိုစာကိုယ္တတ္ႏိုင္သ ေလာက္ ေကြၽးေပးပါ။

ထီကံေကာင္းလိုသူမ်ား။     ။အဂၤါနံအမည္ျဖင့္ စသည့္ ထီဆိုင္မွ ၂ အပူးပါသည့္ ထီလက္မွတ္ကိုရွာထိုးေပးပါ။