【 ဗေဒင် 】တနင်္ဂနွေ သားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

သင့်အတွက် ငွေရွှင်တဲ့ အချိန်ကာလကိုရောက်နေပါပြီ။ ယခု တစ်ပတ် မှာငွေရပေါက်ရလမ်းမှန်သမျှ လက်ရှောင်ရမယ့်အချိန်အခါ မဟုတ်တော့ပါဘူး။ ဒီတစ်ပတ်မှာသင့်အတွက် လူမှုရေး၊စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက်တိုင်ပင်မယ်ဆိုရင် အင်္ဂါသားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ ငွေကံက တော့ အထူးပြောစရာ မလိုတော့ပါဘူး။ ဘာသာရေးနဲ့ တွဲပြီးလုပ်ရင် သင့် အတွက် အောင်မြင်မှုက တည်မြဲ ကြာရှည်ပါလိမ့်မယ်။ ယခုကာလ အတွင်းလူမျိုးခြားနဲ့ တွဲလုပ်ရတဲ့ အလုပ်တွေ အောင်မြင်တတ်တဲ့ ကာလပါ။ ခရီးကံ ရှိနေလ့ို ပြည်တွင်း ပြည်ပ ခရီးစဉ်ကောင်းတွေ သွားရတတ်ပါတယ်။ ယခုကာလမှာအပြောမှား အလုပ်မှား တတ်ပြီး မိတ်ရင်းဆွေရင်းတွေကအထင်လွဲတတ်ပါတယ်။ သတိထားပါ။ လျှပ်စစ်လုပ်ငန်း၊ ကားအ ရောင်း အဝယ် လုပ်ငန်း၊ စပ်တူအလုပ်တွေ၊ စာချုပ်စာတမ်း ကိစ္စတွေ အောင်မြင်တတ်တဲ့ အချိန်အခါပါ။ ကျန်းမာရေးကတော့ ဒီရက်ပိုင်းဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ် တတ် ပါတယ်။ပညာရေးကံကတော့ ထင်သလောက် ခရီးမရောက်သေးပါဘူး။ အိမ်ထောင်ရှင်များမကြာခဏစကားများ တတ်ပေမယ့် ငယ်ရွယ်သူများကတော့ ဒီကာလအတွင်းစိတ်ကြည်နူးစရာတွေနဲ့ ပျော်ဖို့ကောင်းနေပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ နံနက်အိပ်ယာ ထ လျှင် ဘုရားအားသောက်တော်ရေနှင့်ဆွမ်းကပ်ပြီးနောက်အိမ်ရှေ့ရေဖြန်း ရင်း ဒိဝါတပတိ ဂါထာ ၉ ခေါက်ရအောင် ရွတ်ဆိုပေးပါ။

ပြည်ပထွက်ခွာလိုသူများ။    ။နံနက်စောစောအာရုံဆွမ်းခံကြွသည့် သံဃာတော်များကိုသောက်ရေကပ်လှူပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။မိမိလိုချင်သည့် အလုပ်ကို စာရွက် အလွတ်တစ်ခုပေါ် ချရေးပြီးခေါင်းအုံးအောက် ထည့်အိပ်ပေး ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။   ။ယခုတစ်ပတ် လုံး နှစ်ဦးနေနံသင့် ပန်းကိုအိုးတစ်အိုးဖြင့် သပ်သပ်ထိုးကာ ဘုရား သို့ ကပ်လှူပါ။ပန်းမနွမ်းပါစေနှင့်။

လူမှုရေးအတိုက်အခံများသူများ။  ။သရဏဂုံဆောက်တည်ပြီးမှ အိပ်ယာဝင်ပါ။အိပ်ယာထပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ ရပ်ထဲရွာထဲတွင် နာမကျန်းသည့် သက်ကြီးရွယ်အိုများကို ဆေးဝါးဓာတ်စာလှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ။     ။အိမ်နားတွင်ရှိသည့်ထီဆိုင်မှ ၁/၃ ဂဏန်းများပါသည့် ထီလက်မှတ်ကိုရွေးထိုးပါ။ 

(  Zawgyi  )

 သင့္အတြက္ ေငြ႐ႊင္တဲ့ အခ်ိန္ကာလကိုေရာက္ေနပါၿပီ။ ယခု တစ္ပတ္ မွာေငြရေပါက္ရလမ္းမွန္သမွ် လက္ေရွာင္ရမယ့္အခ်ိန္အခါ မဟုတ္ေတာ့ပါဘူး။ ဒီတစ္ပတ္မွာသင့္အတြက္ လူမႈေရး၊စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္တိုင္ပင္မယ္ဆိုရင္ အဂၤါသားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ ေငြကံက ေတာ့ အထူးေျပာစရာ မလိုေတာ့ပါဘူး။ ဘာသာေရးနဲ႔ တြဲၿပီးလုပ္ရင္ သင့္ အတြက္ ေအာင္ျမင္မႈက တည္ၿမဲ ၾကာရွည္ပါလိမ့္မယ္။ ယခုကာလ အတြင္းလူမ်ိဳးျခားနဲ႔ တြဲလုပ္ရတဲ့ အလုပ္ေတြ ေအာင္ျမင္တတ္တဲ့ ကာလပါ။ ခရီးကံ ရွိေနလ့ို ျပည္တြင္း ျပည္ပ ခရီးစဥ္ေကာင္းေတြ သြားရတတ္ပါတယ္။ ယခုကာလမွာအေျပာမွား အလုပ္မွား တတ္ၿပီး မိတ္ရင္းေဆြရင္းေတြကအထင္လြဲတတ္ပါတယ္။ သတိထားပါ။ လွ်ပ္စစ္လုပ္ငန္း၊ ကားအ ေရာင္း အဝယ္ လုပ္ငန္း၊ စပ္တူအလုပ္ေတြ၊ စာခ်ဳပ္စာတမ္း ကိစၥေတြ ေအာင္ျမင္တတ္တဲ့ အခ်ိန္အခါပါ။ က်န္းမာေရးကေတာ့ ဒီရက္ပိုင္းဝမ္းနဲ႔ပတ္သက္တဲ့ ေရာဂါေတြ ျဖစ္ တတ္ ပါတယ္။ပညာေရးကံကေတာ့ ထင္သေလာက္ ခရီးမေရာက္ေသးပါဘူး။ အိမ္ေထာင္ရွင္မ်ားမၾကာခဏစကားမ်ား တတ္ေပမယ့္ ငယ္႐ြယ္သူမ်ားကေတာ့ ဒီကာလအတြင္းစိတ္ၾကည္ႏူးစရာေတြနဲ႔ ေပ်ာ္ဖို႔ေကာင္းေနပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ နံနက္အိပ္ယာ ထ လွ်င္ ဘုရားအားေသာက္ေတာ္ေရႏွင့္ဆြမ္းကပ္ၿပီးေနာက္အိမ္ေရွ႕ေရျဖန္း ရင္း ဒိဝါတပတိ ဂါထာ ၉ ေခါက္ရေအာင္ ႐ြတ္ဆိုေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။နံနက္ေစာေစာအာ႐ုံဆြမ္းခံႂကြသည့္ သံဃာေတာ္မ်ားကိုေသာက္ေရကပ္လႉပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။မိမိလိုခ်င္သည့္ အလုပ္ကို စာ႐ြက္ အလြတ္တစ္ခုေပၚ ခ်ေရးၿပီးေခါင္းအုံးေအာက္ ထည့္အိပ္ေပး ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။   ။ယခုတစ္ပတ္ လုံး ႏွစ္ဦးေနနံသင့္ ပန္းကိုအိုးတစ္အိုးျဖင့္ သပ္သပ္ထိုးကာ ဘုရား သို႔ ကပ္လႉပါ။ပန္းမႏြမ္းပါေစႏွင့္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။သရဏဂုံေဆာက္တည္ၿပီးမွ အိပ္ယာဝင္ပါ။အိပ္ယာထပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ရပ္ထဲ႐ြာထဲတြင္ နာမက်န္းသည့္ သက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးဓာတ္စာလႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား။     ။အိမ္နားတြင္ရွိသည့္ထီဆိုင္မွ ၁/၃ ဂဏန္းမ်ားပါသည့္ ထီလက္မွတ္ကိုေ႐ြးထိုးပါ။