【 ဗေဒင် 】တနင်္ဂနွေသားသမီးများအတွက်ယခုတစ်ပတ်ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအလွဲလွဲအချော်ချော်နဲ့ ထင်ထားသလို မဖြစ်တတ်တာတွေ ကြုံ ရတတ် ပါတယ်။ ကံအညံ့လေး တွေ များနေပါမယ်။ အဖက် ဖက်က အနှောင့်အယှက်ရှိမယ်။ စိတ်မတင်မကျကိစ္စတွေ ဆုံးဖြတ်ရ ခက်တဲ့ ကိစ္စတွေ ဖြစ်တတ်ပါတယ်။ ယခုရက်ပိုင်းအတွင်း အင်္ဂါ သား သမီးတွေနဲ့ တိုင်ပင်တာကသင့်အတွက်လူမှုရေး ၊စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာအောင်မြင်နိုင်ပါတယ်။ငွေဝင်ကောင်းနေသလို ငွေထွက်လည်းများတတ်တဲ့ကာလဖြစ်နေပါတယ်။အသီးအနှံ၊ရေထွက် ကုန်၊သစ်လုပ်ငန်းများတိုးချဲ့သင့်တဲ့ အချိန်အခါပါ။စပ်တူကိစ္စတွေ စာချုပ်စာတမ်းကိစ္စတွေ အကျိုးမပေးတဲ့ကာလပါ။ မထင်မှတ်ဘဲ နိုင်ငံရပ်ခြားလူမျိုးခြားအဆက် အသွယ် အကူအညီကောင်းတွေ ရတတ်ပါတယ်။ ဆရာသမားတွေ သူငယ်ချင်းတွေ ဆီကမထင်မှတ် ဘဲ အကူအညီ ရတတ်ပါ တယ်။ ပညာရေးကံကကောင်းနေပါတယ်။ ကျန်းမာရေးမှာဆေးစားမှားတတ်ကိန်းရှိလို့ ဆရာဝန်မညွှန်ဘဲ ကိုယ်သဘောနဲ့ ကိုယ်မသောက်ပါနဲ့။ အိမ်ထောင်ရှင်များ အဆင်ပြေနေသလောက် ငယ်ရွယ်သူများကတော့ ဘာမဟုတ်တာနဲ့ ခဏခဏ စိတ်ဆိုးစိတ်ကောက် ရန်ဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားသို့ သွားကာ ပန်းကိုးမျိုး၊သစ်သီးကိုးမျိုးဖြင့် ဘုရားရှင်အား ခုနှစ်ရက်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ စာသင်သံဃာတော်အားလွယ်အိတ် လှူပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။အင်္ဂါထောင့်အရပ်ရှိဘုရားစေတီ တွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကိုရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ တတ်နိုင်သလောက် အချိန်ပေးကာမေတ္တာပို့ပါ။ ဓာတ်ဗူးအသစ်ထဲနှစ်ဦးစလုံး ဓာတ်ပုံထည့်ကာတစ်ပတ်တိတိထားပေးပါ။

လူမှုရေးအတိုက်အခံများသူများ။ ။ ဘုရားစေတီသို့ သွားကာသက်စေ့ မေတ္တာသုတ်ရွတ်ဆိုပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ဘုရားတွင်လူမာ(သို့မဟုတ်)ကိုယ် စားငါး/ငှက် လွှတ်ပေးကာနံနက် စောစောဗောဇ္ဇင်သုတ်ရွတ်ဖတ်ပေးပါ ။

ထီကံကောင်းလိုသူများ ။ ။ ကြုံရာထီဆိုင်တွင် ၃/၅ အပူးဂဏန်းပါအောင် ထိုးပါ။ 

 

(  Zawgyi  )

 

 ယခုရက္ပိုင္းအလြဲလြဲအေခ်ာ္ေခ်ာ္နဲ႔ ထင္ထားသလို မျဖစ္တတ္တာေတြ ႀကဳံ ရတတ္ ပါတယ္။ ကံအညံ့ေလး ေတြ မ်ားေနပါမယ္။ အဖက္ ဖက္က အေႏွာင့္အယွက္ရွိမယ္။ စိတ္မတင္မက်ကိစၥေတြ ဆုံးျဖတ္ရ ခက္တဲ့ ကိစၥေတြ ျဖစ္တတ္ပါတယ္။ ယခုရက္ပိုင္းအတြင္း အဂၤါ သား သမီးေတြနဲ႔ တိုင္ပင္တာကသင့္အတြက္လူမႈေရး ၊စီးပြားေရး၊ ပညာေရး ကိစၥေတြမွာေအာင္ျမင္ႏိုင္ပါတယ္။ေငြဝင္ေကာင္းေနသလို ေငြထြက္လည္းမ်ားတတ္တဲ့ကာလျဖစ္ေနပါတယ္။အသီးအႏွံ၊ေရထြက္ ကုန္၊သစ္လုပ္ငန္းမ်ားတိုးခ်ဲ႕သင့္တဲ့ အခ်ိန္အခါပါ။စပ္တူကိစၥေတြ စာခ်ဳပ္စာတမ္းကိစၥေတြ အက်ိဳးမေပးတဲ့ကာလပါ။ မထင္မွတ္ဘဲ ႏိုင္ငံရပ္ျခားလူမ်ိဳးျခားအဆက္ အသြယ္ အကူအညီေကာင္းေတြ ရတတ္ပါတယ္။ ဆရာသမားေတြ သူငယ္ခ်င္းေတြ ဆီကမထင္မွတ္ ဘဲ အကူအညီ ရတတ္ပါ တယ္။ ပညာေရးကံကေကာင္းေနပါတယ္။ က်န္းမာေရးမွာေဆးစားမွားတတ္ကိန္းရွိလို႔ ဆရာဝန္မၫႊန္ဘဲ ကိုယ္သေဘာနဲ႔ ကိုယ္မေသာက္ပါနဲ႔။ အိမ္ေထာင္ရွင္မ်ား အဆင္ေျပေနသေလာက္ ငယ္႐ြယ္သူမ်ားကေတာ့ ဘာမဟုတ္တာနဲ႔ ခဏခဏ စိတ္ဆိုးစိတ္ေကာက္ ရန္ျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားသို႔ သြားကာ ပန္းကိုးမ်ိဳး၊သစ္သီးကိုးမ်ိဳးျဖင့္ ဘုရားရွင္အား ခုႏွစ္ရက္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ စာသင္သံဃာေတာ္အားလြယ္အိတ္ လႉေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။အဂၤါေထာင့္အရပ္ရွိဘုရားေစတီ တြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ တတ္ႏိုင္သေလာက္ အခ်ိန္ေပးကာေမတၱာပို႔ပါ။ ဓာတ္ဗူးအသစ္ထဲႏွစ္ဦးစလုံး ဓာတ္ပုံထည့္ကာတစ္ပတ္တိတိထားေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ ဘုရားေစတီသို႔ သြားကာသက္ေစ့ ေမတၱာသုတ္႐ြတ္ဆိုေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ဘုရားတြင္လူမာ(သို႔မဟုတ္)ကိုယ္ စားငါး/ငွက္ လႊတ္ေပးကာနံနက္ ေစာေစာေဗာဇၨင္သုတ္႐ြတ္ဖတ္ေပးပါ ။

ထီကံေကာင္းလိုသူမ်ား ။ ။ ႀကဳံရာထီဆိုင္တြင္ ၃/၅ အပူးဂဏန္းပါေအာင္ ထိုးပါ။