【 ဗေဒင် 】စနေသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်အတွင်းလူမှုရေး၊စီးပွားရေး၊ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် တနင်္လာသား သမီး များနှင့် တိုင်ပင်ဆောင်ရွက်သင့်ပါ တယ်။ ငွေကိစ္စ၊အရောင်းအဝယ်ကိစ္စတွေမှာအထစ်အငေါ့လေးတွေ၊ စိတ်ဒွိဟ ဖြစ်စရာတွေရှိပါတယ်။ ဒီရက်ပိုင်း မှာရှိနေတတ်ပါတယ်။ အရောင်းအဝယ်သမားတွေ အဆင်မချော ဖြစ်တတ်လို့ အလော တကြီး မလုပ်သင့်ပါဘူး။ စပ်တူလုပ်တဲ့ ကိစ္စတွေ ဒီအချိန်စလုပ်တာ အကောင်းဆုံးပါ။ အဝေးရပ်ခြားက လူမျိုးခြားအကူ အညီမထင်မှတ် ထားဘဲ ရတတ်ပါတယ်။ လက် အောက်ငယ်သားကြောင့် စိတ်ရှုပ် တတ်ရတတ် သလိုလူရင်းကသစ္စာ ဖောက်တတ်ပါတယ်။ အိမ်ခြံမြေ၊ အမွေနဲ့ စာချုပ်စာတမ်းကိစ္စတွေ၊အစုရှယ်ယာ အလုပ် တွေ မကောင်း တတ်ပါဘူး။ ငွေရေးကြေးရေးအလိမ်အညာမိတတ်ပါတယ်။ ကား၊ ခရီးသွားလုပ်ငန်း၊ ကျောက် မျက်လုပ်ငန်းလုပ်သူတွေ အလုပ်အကိုင်ကောင်းပါတယ်။ ပညာရေးကတော့ ကံကောင်းနေ တတ်ပြီးလိုရာ ရောက်စေပါလိမ့်မယ်။ ကျန်းမာရေးကတော့ ခြေထောက်၊ ဗိုက် မကောင်း တာတွေ၊လေအောင့်တာတွေ ၊ခါးနာ တာတွေ ဖြစ်တတ်ပါ တယ်။ အိမ်ထောင်ရှင် များပျော်ရွင်စရာတွေ ဆိုက်ရောက်လာ ပေ မယ့် ချစ်သူများကတော့ ကြားလူကြောင့် ပျက်ကိန်းရှိပါတယ်။

 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားအား ယခု တစ်ပတ်အတွင်း ကံ့ကော်ပန်းနှင့် ငွေပန်းကို တွဲ ပူဇော်ကာ ရှင်သီဝလိဂါထာ ကို နံနက်စောစောတိုင်း ရွတ်ဖတ် ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ ပြည်ပအလုပ်ကိစ္စအတွက် သွားတိုင်း တဟိ့ ံတဟိ့ ံဂါထာကိုသက်စေ့ရွတ်ဖတ် ပြီးမှ သွားသင့်ပါတယ်။အချိန်မရလျှင် ၉ ခေါက်တိတိရွတ်ဖတ်ပူဇော်ပြီးမှ သွားပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ နေအိမ်ဘုရားနှင့် အိမ်အနီး ရှိ ဘုရားစေတီတစ်ခုခုတွင် သို့ နံနက်စောစော ပဋ္ဌာန်းဒေသနာ သွားရောက် ရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ ဒီရက်ပိုင်း စိတ်ချင်းအဆင်မပြေဖြစ်နေသည့်  အိမ်ထောင် ဘက်များ၊ချစ်သူများ မိုးလင်းတိုင်းမှန်ကို စတိကြည့်ပြီးမှ စကားပြောပါ။

လူမှုရေးအတိုက်အခံများသူများ။    ။ ဘုန်ကြီးကျောင်းသို့သွားကာ ကုဋီဆေးကြောပေးပါ။ ရေဖြည့်ပေးပါ။

ကျန်းမာရေးမကောင်းသူများ။  ။ရေသတ္တဝါများထားသည့်ကန်သို့ ရေဖြည့်ပေးပါ။

ထီကံကောင်းလိုသူများ။  ။စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင် ၂/၇/၉  ဂဏန်းကိုများများပါအောင် ထိုးပါ။ ၇/၉ ဂဏန်း အပူးရ လျှင်ကောင်းသည်။ 

(  Zawgyi  )

 ဒီရက္အတြင္းလူမႈေရး၊စီးပြားေရး၊ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနလၤာသား သမီး မ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္သင့္ပါ တယ္။ ေငြကိစၥ၊အေရာင္းအဝယ္ကိစၥေတြမွာအထစ္အေငါ့ေလးေတြ၊ စိတ္ဒြိဟ ျဖစ္စရာေတြရွိပါတယ္။ ဒီရက္ပိုင္း မွာရွိေနတတ္ပါတယ္။ အေရာင္းအဝယ္သမားေတြ အဆင္မေခ်ာ ျဖစ္တတ္လို႔ အေလာ တႀကီး မလုပ္သင့္ပါဘူး။ စပ္တူလုပ္တဲ့ ကိစၥေတြ ဒီအခ်ိန္စလုပ္တာ အေကာင္းဆုံးပါ။ အေဝးရပ္ျခားက လူမ်ိဳးျခားအကူ အညီမထင္မွတ္ ထားဘဲ ရတတ္ပါတယ္။ လက္ ေအာက္ငယ္သားေၾကာင့္ စိတ္ရႈပ္ တတ္ရတတ္ သလိုလူရင္းကသစၥာ ေဖာက္တတ္ပါတယ္။ အိမ္ၿခံေျမ၊ အေမြနဲ႔ စာခ်ဳပ္စာတမ္းကိစၥေတြ၊အစုရွယ္ယာ အလုပ္ ေတြ မေကာင္း တတ္ပါဘူး။ ေငြေရးေၾကးေရးအလိမ္အညာမိတတ္ပါတယ္။ ကား၊ ခရီးသြားလုပ္ငန္း၊ ေက်ာက္ မ်က္လုပ္ငန္းလုပ္သူေတြ အလုပ္အကိုင္ေကာင္းပါတယ္။ ပညာေရးကေတာ့ ကံေကာင္းေန တတ္ၿပီးလိုရာ ေရာက္ေစပါလိမ့္မယ္။ က်န္းမာေရးကေတာ့ ေျခေထာက္၊ ဗိုက္ မေကာင္း တာေတြ၊ေလေအာင့္တာေတြ ၊ခါးနာ တာေတြ ျဖစ္တတ္ပါ တယ္။ အိမ္ေထာင္ရွင္ မ်ားေပ်ာ္႐ြင္စရာေတြ ဆိုက္ေရာက္လာ ေပ မယ့္ ခ်စ္သူမ်ားကေတာ့ ၾကားလူေၾကာင့္ ပ်က္ကိန္းရွိပါတယ္။

 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားအား ယခု တစ္ပတ္အတြင္း ကံ့ေကာ္ပန္းႏွင့္ ေငြပန္းကို တြဲ ပူေဇာ္ကာ ရွင္သီဝလိဂါထာ ကို နံနက္ေစာေစာတိုင္း ႐ြတ္ဖတ္ ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ျပည္ပအလုပ္ကိစၥအတြက္ သြားတိုင္း တဟိ့ ံတဟိ့ ံဂါထာကိုသက္ေစ့႐ြတ္ဖတ္ ၿပီးမွ သြားသင့္ပါတယ္။အခ်ိန္မရလွ်င္ ၉ ေခါက္တိတိ႐ြတ္ဖတ္ပူေဇာ္ၿပီးမွ သြားပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ ေနအိမ္ဘုရားႏွင့္ အိမ္အနီး ရွိ ဘုရားေစတီတစ္ခုခုတြင္ သို႔ နံနက္ေစာေစာ ပ႒ာန္းေဒသနာ သြားေရာက္ ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ ဒီရက္ပိုင္း စိတ္ခ်င္းအဆင္မေျပျဖစ္ေနသည့္  အိမ္ေထာင္ ဘက္မ်ား၊ခ်စ္သူမ်ား မိုးလင္းတိုင္းမွန္ကို စတိၾကည့္ၿပီးမွ စကားေျပာပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။    ။ ဘုန္ႀကီးေက်ာင္းသို႔သြားကာ ကုဋီေဆးေၾကာေပးပါ။ ေရျဖည့္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား။  ။ေရသတၱဝါမ်ားထားသည့္ကန္သို႔ ေရျဖည့္ေပးပါ။

ထီကံေကာင္းလိုသူမ်ား။  ။စက္ဘီးႏွင့္ေရာင္းသည့္ ထီဆိုင္တြင္ ၂/၇/၉  ဂဏန္းကိုမ်ားမ်ားပါေအာင္ ထိုးပါ။ ၇/၉ ဂဏန္း အပူးရ လွ်င္ေကာင္းသည္။