【 ဗေဒင် 】ကြာသာပတေးသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

  ယခုရက်အတွင်းသင့်အတွက် ပညာရေး၊ လူမှုရေး၊စီးပွားရေးအတွက် အကောင်းဆုံးအကြံပေး နိုင်တာ က အင်္ဂါသားသမီးတွေပါ။လုပ်ငန်းခွင်မှာစိတ်တိုင်းမကျစရာများနေတတ်ပါတယ်။ တစ်ခါတစ်လေအလွဲလွဲ အ ချော်ချော်ဖြစ်နေတတ်ပါတယ်။ စိတ်တိုင်းမကျတာ ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ ပေါ်လာတတ်သလို သူများကိစ္စ နဲ့ ကိုယ်ကို အထင်လွှဲတာတွေလည်း ရှိတတ်ပါတယ်။ ဒီကာလမှာ အရာရာကို သည်းခံနှိမ့်ချ ဆက် ဆံတတ် ခြင်းက သင့်ကိုလိုရာရည်မှန်းချက်ဆီအရောက်ပို့ပါလိမ့်မည်။ စိတ်အေးအေးထားပြီးလုပ်ကိုင်ရင် အားလုံးအ ဆင်ပြေသွားမှာပါ။ ဒီကာလအတွင်းစပ်တူကိစ္စတွေ အကျိုးမပေးတတ်ပါဘူး။ လျှပ်စစ်ပစ္စည်းလုပ်ငန်းတွေ၊ ကုန် ခြောက်ရောင်းဝယ်သူတွေ အကျိုးဖြစ်နိုင်ပြီး အိမ်ခြံမြေသမားတွေ ၊ကားသမားတွေ သတိထားရမယ့် ကာလပါ။ စပ်တူအလုပ်တွေ၊ အစုရှယ်ယာသမားတွေ ဘာမှ မလုပ်ပါနဲ့ဦး။အဆုံးအရှုံးရှိတတ်ပါတယ်။ ငွေဝင်များပေမယ့် လုပ်ငန်းတွေထဲ ပြန်ဝင်သွားလို့ ငွေကျပ်တည်း တတ်ပါတယ်။ ကျန်းမာရေးက အစားမှားတာ၊ ဆေးမှားတာတွေ ဖြစ်တတ်တာကလွဲလို့ မရှိပါဘူး။  ပြည်ပထွက် ပညာသင်ရန်စီစဉ်နေသူများယခုရက်ပိုင်းသွားရကိန်းရှိပါတယ်။ အိမ်ထောင်ရှင်နဲ့ ချစ်သူအချင်းချင်းအဆင်မပြေမှုတွေ ရှိနေတတ်ပေမယ့် ခဏတာယာယီပါ။

 

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားရှင်အား ညတိုင်း စပယ်ပန်းကပ်လှူကာ ရှင်သီဝလီဂါထာ ၉ ခေါက်ရွတ်ဆို၍ ပူဇော်ပါ။  

ပြည်ပထွက်ခွာလိုသူများ။    ။နေအိမ်သို့ ဆွမ်းခံကြွလာသည့် ရဟန်းသံဃာများအား ထီးဖိနပ် တစ်မျိုး မျိုး လှူပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ဘုရားစေတီရှိ အင်္ဂါထောင့်အရပ်တွင် သန့်ရှင်းရေးလုပ်ပြီး မီးပူဇော်ကာ ပဋ္ဌာန်းနှင့် ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။    ။ မိမိရည်ရွယ်သောသူအတွက် ဘုရားတွင် ထိုသူမွေးနေ့တွင် ရွှေသင်္ကန်း ကပ်လှူပေးပါ။

လူမှုရေးအတိုက်အခံများသူများ။  ။လမ်းသွားသည့်အခါတိုင်း သံမ္ဗုဒ္ဓေဂါထာကို ရွတ်ဆိုပြီးမှ အိမ်မှ ထွက်ပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ ခို၊ကျီးစသော သတ္တဝါများကို သီးသန့်အစာကျွေးပေးပါ။

ထီကံကောင်းလိုသူများ။  ။ လမ်းသွားစဉ်တွေ့သည့် ထီဆိုင်တွင်  အင်္ဂါနံအက္ခရာဖြင့် စသည့် ၃ /၅ ဂဏန်းများ များ ပါသည့် ထီနံပါတ်ကို ရှာထိုးပါ။ 

(  Zawgyi  )

  ယခုရက္အတြင္းသင့္အတြက္ ပညာေရး၊ လူမႈေရး၊စီးပြားေရးအတြက္ အေကာင္းဆုံးအႀကံေပး ႏိုင္တာ က အဂၤါသားသမီးေတြပါ။လုပ္ငန္းခြင္မွာစိတ္တိုင္းမက်စရာမ်ားေနတတ္ပါတယ္။ တစ္ခါတစ္ေလအလြဲလြဲ အ ေခ်ာ္ေခ်ာ္ျဖစ္ေနတတ္ပါတယ္။ စိတ္တိုင္းမက်တာ ဆုံးျဖတ္ရခက္တဲ့ ကိစၥေတြ ေပၚလာတတ္သလို သူမ်ားကိစၥ နဲ႔ ကိုယ္ကို အထင္လႊဲတာေတြလည္း ရွိတတ္ပါတယ္။ ဒီကာလမွာ အရာရာကို သည္းခံႏွိမ့္ခ် ဆက္ ဆံတတ္ ျခင္းက သင့္ကိုလိုရာရည္မွန္းခ်က္ဆီအေရာက္ပို႔ပါလိမ့္မည္။ စိတ္ေအးေအးထားၿပီးလုပ္ကိုင္ရင္ အားလုံးအ ဆင္ေျပသြားမွာပါ။ ဒီကာလအတြင္းစပ္တူကိစၥေတြ အက်ိဳးမေပးတတ္ပါဘူး။ လွ်ပ္စစ္ပစၥည္းလုပ္ငန္းေတြ၊ ကုန္ ေျခာက္ေရာင္းဝယ္သူေတြ အက်ိဳးျဖစ္ႏိုင္ၿပီး အိမ္ၿခံေျမသမားေတြ ၊ကားသမားေတြ သတိထားရမယ့္ ကာလပါ။ စပ္တူအလုပ္ေတြ၊ အစုရွယ္ယာသမားေတြ ဘာမွ မလုပ္ပါနဲ႔ဦး။အဆုံးအရႈံးရွိတတ္ပါတယ္။ ေငြဝင္မ်ားေပမယ့္ လုပ္ငန္းေတြထဲ ျပန္ဝင္သြားလို႔ ေငြက်ပ္တည္း တတ္ပါတယ္။ က်န္းမာေရးက အစားမွားတာ၊ ေဆးမွားတာေတြ ျဖစ္တတ္တာကလြဲလို႔ မရွိပါဘူး။  ျပည္ပထြက္ ပညာသင္ရန္စီစဥ္ေနသူမ်ားယခုရက္ပိုင္းသြားရကိန္းရွိပါတယ္။ အိမ္ေထာင္ရွင္နဲ႔ ခ်စ္သူအခ်င္းခ်င္းအဆင္မေျပမႈေတြ ရွိေနတတ္ေပမယ့္ ခဏတာယာယီပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားရွင္အား ညတိုင္း စပယ္ပန္းကပ္လႉကာ ရွင္သီဝလီဂါထာ ၉ ေခါက္႐ြတ္ဆို၍ ပူေဇာ္ပါ။  

ျပည္ပထြက္ခြာလိုသူမ်ား။    ။ေနအိမ္သို႔ ဆြမ္းခံႂကြလာသည့္ ရဟန္းသံဃာမ်ားအား ထီးဖိနပ္ တစ္မ်ိဳး မ်ိဳး လႉေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ဘုရားေစတီရွိ အဂၤါေထာင့္အရပ္တြင္ သန႔္ရွင္းေရးလုပ္ၿပီး မီးပူေဇာ္ကာ ပ႒ာန္းႏွင့္ ဓမၼစၾကာ ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။    ။ မိမိရည္႐ြယ္ေသာသူအတြက္ ဘုရားတြင္ ထိုသူေမြးေန႔တြင္ ေ႐ႊသကၤန္း ကပ္လႉေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။လမ္းသြားသည့္အခါတိုင္း သံမၺဳေဒၶဂါထာကို ႐ြတ္ဆိုၿပီးမွ အိမ္မွ ထြက္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ခို၊က်ီးစေသာ သတၱဝါမ်ားကို သီးသန႔္အစာေကြၽးေပးပါ။

ထီကံေကာင္းလိုသူမ်ား။  ။ လမ္းသြားစဥ္ေတြ႕သည့္ ထီဆိုင္တြင္  အဂၤါနံအကၡရာျဖင့္ စသည့္ ၃ /၅ ဂဏန္းမ်ား မ်ား ပါသည့္ ထီနံပါတ္ကို ရွာထိုးပါ။