【 သတင်းဆောင်းပါး 】“အတိုက်အခံပါတီများ၏အားပြိုင်မှုနှင့် ၂၀၂၀ အလွန် မြန်မာ့နိုင်ငံရေး အခြေအနေ”

 【 သတင်းဆောင်းပါး 】“အတိုက်အခံပါတီများ၏အားပြိုင်မှုနှင့် ၂၀၂၀ အလွန် မြန်မာ့နိုင်ငံရေး အခြေအနေ”

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲကို စတင်အကောင်အထည်ဖော်ခဲ့သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အာဏာရပါတီတစ်ရပ်ဖြစ်လာပြီး   ၂၀၁၂ ခုနှစ်၊နောက်ပိုင်းမှစတင်၍ အတိုက်အခံအင်အား ကြီးပါတီအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က ရပ်တည်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်၊အထွေထွေရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က တောင်ပြို၊ကမ်းပြို အပြတ်အသတ်အနိုင်ရရှိမှုကြောင့် အစိုးရအဖွဲ့ကိုဦးဆောင်နိုင်ခဲ့သော်လည်း အစောပိုင်းကာလတွေအထိ အားကောင်းတဲ့အတိုက်အခံပါတီများပေါ်ထွက် လာခြင်းမရှိခဲ့ပါဘူး။ ပါတီစုံဒီမိုကရေစီရှင်သန်ထွန်းကားရန်အတွက် နိုင်ငံရေးပါတီများအင်အားကောင်းရန်လိုအပ်သလို အတိုက်အခံနိုင်ငံရေးပါတီ များအားကောင်းမောင်းသန် ရှိဖို့လည်းလိုအပ်လှပါတယ်။ ယခင်အာဏာ ရ ပါတီဖြစ် တဲ့ ပြည်ခိုင်ဖြိုးပါတီ အပါအဝင် ယခု၂၀၁၉ ခုနှစ်၊အတွင်းမှာ ထွက်ပေါ်လာကြတဲ့ (Third Party)လို့ခေါ်တဲ့ တတိယနိုင်ငံရေးပါတီအင်အားစုများကြောင့် လာမယ့် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကြီးဟာ ပိုမိုစိတ်ဝင်စားစရာကောင်းလာခဲ့ သလို အတိုက်အခံနိုင်ငံရေးပါတီများရဲ့ အားပြိုင်မှု ကိုလည်းစောင့်ကြည့်ရမယ့် အနေအထားတစ်ရပ်ဖြစ်လာခဲ့ပါတယ်။

အဘယ်ကြောင့်ဆိုသော် ပါတီတစ်ခုတည်းက အစိုးရ၊လွှတ်တော်တွေကိုထိန်းချုပ်နေချိန်တွင်  အစိုးရ လွှတ်တော်လုပ်ငန်းများကို တွန်းအားပေးနိုင်သည့် နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍဟာလည်း  လွန်စွာအရေးကြီးပါတယ်။ထို့ကြောင့် ဒီမိုကရေစီစံနှုန်းနှင့်ကို က်ညီသည့်အားကောင်းသော အတိုက် အခံ ပါတီများပေါ်ထွက်လာရန် လိုအပ်တယ်လို့လည်း နိုင်ငံရေးလေ့လာသူများကဆိုပါတယ်။

ဒီမိုကရေစီနှင့်အတိုက်အခံပါတီများ၏ အခန်းကဏ္ဍ
============================

ပြီးခဲ့တဲ့အစိုးရသက်တမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အဖွဲ့ချုပ်က  အင်အားကြီး အတိုက်အခံပါတီအဖြစ် လူထုထောက်ခံမှု၊အရပ်ဖက်အဖွဲ့အစည်းများ၏ထောက်ခံမှုကိုရယူပြီး အတိုက် အခံပါတီနေရာတွင်အားကောင်း မောင်း သန်ရပ်တည်ခဲ့ ကြပါတယ်။သို့သော်လည်း ၂၀၁၅ ခုနှစ်၊အထွေထွေရွေးကောက်ပွဲအပြီးမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက အာဏာရ ပါတီဖြစ်လာခဲ့ပါတယ်။

သို့သော်လည်း မြန်မာနိုင်ငံတွင်လက်ရှိနိုင်ငံရေးပါတီပေါင်း(၁၀၀)ကျော်ရှိသည့်အနက် လက်ရှိ အာဏာရ ပါတီကို အမှန်အကန်အတိုက်အခံလုပ်သည့်ပါတီမှာ အနည်းငယ်သာရှိခဲ့ပါတယ်။ပြည်ခိုင်ဖြိုးပါတီက ၎င်း၏ မိတ်ဖက်နိုင်ငံရေးပါတီ(၂၀)ကျော်နှင့်အတူ လက်ရှိအစိုးရ၏ လုပ်ဆောင် ချက်နှင့် ပတ်သက်ပြီး အတိုက်အခံဖေဝန်ထောက်ပြမှုများရှိသော်လည်း အာဏာရပါတီကို စိန်ခေါ်နိုင်လောက် သည့်အနေအထားမရှိဘူးလို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုကြပြန်ပါတယ်။

ထို့ကြောင့်လည်း အားလုံးဟာနိုင်ငံရေးမှာ ဟာမိုနီဖြစ်ဖို့လိုတယ်လို့ ယခင်စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းတည်ထောင်ထားတဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ ဦးခင်မောင်ကြည်က ယခုလိုသုံးသပ်ပြောကြားခဲ့ပါတယ်။“လူထုရဲ့ရင်ထဲ မှာရှိနေတဲ့ နိုင်ငံရေးဆန္ဒနဲ့ အပြင်မှာပြနေတဲ့မျက်နှာတွေကမတူနိုင်ပါ ဘူး။အပြင်မှာပြနေရင်တော့အားလုံးက အိုကေ နောက်ဆုံး ကျရင်တော့ သူတို့ရဲ့ ဆန္ဒအတိုင်းဖြစ်သွားတာပေါ့လေ။ကျနော်တို့ပြောရမှာက ရွေးကောက်ပွဲ နီးသော်ငြား လည်း ဒါတွေဟာပြောရခက်တဲ့ ဖြေရခက်တဲ့အဖြေဖြစ်ပါတယ်။ဒါကလည်း လူထုရဲ့ အပေါ် မှာမူတည်ပါတယ်။ လူထုက ဘယ်ဟာကိုရွေးမလဲ၊ ဘယ်ဟာကိုသွားချင်လဲ၊ ကျနော်တို့အမြင် က ဘာလဲဆိုတော့ ဒီမိုကရက်တစ်နိုင်ငံကိုသွားနေတဲ့ အတွက်ကြောင့် ဒီမိုကရက် တစ်ဆန်ဆန် တကယ့်ကို စစ်မှန်တဲ့သူပဲဖြစ်အောင် အစိုးရအသစ်ကိုပုံဖော်ချင်ပါတယ်။ လူထုက ဘယ်ဟာကို သဘောကျလဲ၊ လူထုအကြိုက်ကဘာလဲ။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီဆိုတာလူထုတင်မြှောက်မှ အစိုးရဖြစ်တာပါ။

လူထုတင်မြှောက်တဲ့အစိုးရအပေါ်မူတည်ပါတယ်။ဘယ်လောက်ပဲအင်အားကောင်းကောင်း၊ဘယ်လောက်ပဲမူဝါဒကောင်းကောင်း လူထုက ဘယ်သူ့ကိုလက်ခံမလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ နောက်တစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေအရရော တိုင်းပြည်ရဲ့ပြည်တွင်းမှာဖြစ်နေတဲ့ အခြေအနေ အရရော တပ်မတော်နဲ့ဟန်ချက်ညီစွာမရှိတဲ့ပါတီကတော့ အနိုင်ရဖို့သိပ်မလွယ်လောက်ဘူး။ လက်ရှိ အနိုင်ရပါတီကိုပြိုလဲအောင်လုပ်ပြီးမှတက်မယ် ဒီလိုလည်းမရပါဘူး၊ဒါကျင့်ဝတ်ပါ။အားလုံးဟာ ဟာမိုနီဖြစ်ဖို့လိုပါတယ်။တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာက အားလုံးကဟာမိုနီဖြစ်ဖို့လိုပါတယ်။”လို့ DNP ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ကြည်က ယခုလိုသုံးသပ်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၎င်းကနိုင်ငံတစ်နိုင်ငံမှာအတိုက်အခံပါတီတွေ အနည်းငယ်လောက်ပဲရှိသင့်တယ်လို့လည်း ဆိုပါတယ်။“နိုင်ငံတစ်နိုင်ငံမှာ တကယ်တမ်းကျနော်တို့ နိုင်ငံကြီးတွေကိုပြန်ကြည့်မယ်ဆိုရင် အမေရိကမှာပဲ ကြည့်ကြည့်၊အိန္ဒိယမှာပဲ ကြည့်ကြည့်၊ အင်္ဂလန်မှာပဲကြည့်ကြည့် ပါတီဆိုတာ တကယ် တမ်း အတိုက်အခံပါတီနဲ့ အနိုင်ရပါတီဆိုပြီးရှိသလို   အတိုက်အခံပါတီ တစ်ခု၊နှစ်ခု၊သုံးခုလောက် ပဲ ရှိသင့်တာပါ။ကျနော်တို့နိုင်ငံမှာတော့ တိုင်းရင်းသားလူမျိုးတွေများတာတွေကတစ်ကြောင်း၊ ပါတီတွေ ကလည်း အခုဆိုရင် (၁၀၀)ကျော်လောက်ဖြစ်လာပြီလေ။

အခုဆိုရင် နိုင်ငံရေးပါတီတွေထပ်ပေါ်လာတယ်။ပေါ်လာတာသူတို့က  နိုင်ငံရေး သီအိုရီတွေ များလာခြင်း အားဖြင့် အနိုင်ရပါတီအပေါ် မဲကွဲပြားသွားစေတယ်ဆိုသော်ငြားလည်းပဲ လူထုရဲ့ ဆန္ဒက သာအရေးကြီးပါတယ်။”လို့ ဦးခင်မောင်ကြည်က ဆက်လက်ပြောပြခဲ့ ပါတယ်။

လူထုက လက်ခံတဲ့အစိုးရ
===============
ဒါ့အပြင် လူထုကလက်ခံတဲ့အစိုးရဆိုတာ အဓိကပြည်သူလူထုရဲ့စားဝတ်နေရေးကိုပြေလည်အောင် ချောင်လည်အောင်ဆောင်ရွက်ပေးနိုင်တဲ့ အစိုးရကို လူထုကလက်ခံကြမည်ဖြစ်သလို ခေတ်အဆက် ဆက် အစိုးရတွေအနေနဲ့လည်း သူတို့လက်ထက်မှာ တိုင်းပြည်ကိုကောင်းအောင် ကြိုးစားဆောင် ရွက်ခဲ့ကြတဲ့ အစိုးရတွေဖြစ်တယ်လို့လည်း ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်သူ ဒီမိုကရက်တစ် ပါတီ(မြန်မာ)မှ ဦးသုေ၀ က၎င်း၏အမြင်ကို ယခုလိုသုံးသပ်ခဲ့ပြန်ပါတယ်။

“ကျနော်တို့တိုင်းပြည်ကိုပြန်ကြည့်ရင်ဖြစ်စေချင်တာလေးတွေကတော့ရှိပါတယ်။ပြည်သူ တွေအနေနဲ့ စားဖို့သောက်ဖို့ဝတ်ဖို့တွေပြည့်စုံလုံလောက်ဖို့လိုပါတယ်။အဲ့ဒါမျိုးလေးတွေတော့ပြည့်စုံဖို့လိုပါတယ်။ ခေတ်အဆက်ဆက်အစိုးရတွေကတော့ သူတို့လက်ထက်မှာ တိုင်းပြည်ကိုကောင်းအောင် လုပ်နေကြ တဲ့ သူတွေ ချည်းပါပဲ။ဒါပေမယ့် ထင်သလောက်မဖြစ်တာတွေရှိတာပေါ့လေ။လာမယ့် ၂၀၂၀ မှာ ဆိုရင် ပြောရရင်ရွေးချယ်စရာတွေကများလာပြီပေါ့လေ။ စောနကပြောသလိုပေါ့လေ ပြည်သူတွေ အနေနဲ့ စားနိုင်၊သောက် နိုင်၊ဝတ်နိုင်၊နေနိုင်မယ်ဆိုရင်တော့ အစိုးရ အပေါ်ထောက်ခံကြ မှာပဲလေ။ပြောရရင် ၂၀၂၀ မှာလည်း  NLD နဲ့ ကြံံ့ခိုင်ရေးပါတီကြီးနှစ်ခုပေါ့လေ အားပြိုင်ကြအုံးမှာပေါ့။  လောလောဆယ် အခုနှစ်ကုန်ပိုင်းမှာပြန်ကြည့်ရင်လည်း လက်ရှိအစိုးရအနေနဲ့လည်း တိုင်းပြည် ကိုကောင်း အောင်ကြိုးစားဆဲဖြစ်တယ်။သူတို့ခေတ်မှာတော့ သူတို့အကောင်းဆုံးဖြစ်အောင် လုပ်တာတွေ့ ရပါတယ်။”လို့ ဦးသုေ၀ ကပြောပြခဲ့ပါတယ်။

ဒါ့အပြင်၂၀၂၀ အလွန်မှာမြန်မာ့နိုင်ငံရေးအခြေအနေဘယ်လိုရှိနိုင်မလဲဆိုတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့ လည်း ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေက ယခုလိုဆက်လက်သုံးသပ်ခဲ့ပြန်ပါတယ်။“၂၀၂၀ အလွန်မှာမြန်မာ့ နိုင်ငံရေးအခြေအနေဘယ်လိုရှိနိုင်မလဲဆိုတဲ့ ကိစ္စရပ်နဲ့ပတ်သက်ရင် ဒါကတော့ပြောရခက်ပါတယ်။လာမယ့် ၂၀၂၀ မှာဆိုရင် ပြောရရင်ရွေးချယ်စရာတွေကတော့ များလာပြီပေါ့။နောက်နိုင်ငံရေးပါတီတွေလည်းတော်တော်များများထွက်ပေါ်လာပြီဆိုတော့ ၂၀၂၀ မှာပြည်သူတွေအတွက် ရွေးချယ်စရာတွေရှိလာတယ်ဆိုပေမယ့် ပြည်သူတွေက ဘယ်ပါတီက အရည်အချင်းရှိတယ်ဆိုတာကို သိပ်မသိကြဘူးလေ။အဲ့တော့ စောနကပြောသလို  ဘယ်ပါတီက အစိုးရ ဖွဲ့နိုင် မလဲဆိုတာကိုကြည့်ရမှာပေါ့။ ၂၀၂၀ မှာဆိုရင် တိုင်းရင်းသားတွေပါတီတွေ အပါအဝင်  နိုင်ငံရေးပါတီတွေ အနိုင်ရလာပြီး ညွှန့်ပေါင်းအစိုးရဖွဲ့လာနိုင်မယ့် အခြေအနေလည်း ရှိရင်ရှိလာ မှာပေါ့လေ။”လို့ ဦးသုေ၀ ကထပ်လောင်းပြောပြခဲ့ပါတယ်။

၂၀၂၀ မှာပြန်လည်နိုင်ချေများနေတဲ့ NLD ပါတီ
==========================   

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အင်အားကြီးပါတီတွေနိုင်ချေများဖို့ရှိနေပြီး ပါတီကြီးထဲကဆိုပါက NLD ပါတီကနိုင်ချေများနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS)မှ ဦးဆောင် ကော်မတီဝင် ဦးထွန်းကြည်က ၂၀၂၀ ရွေးကောက်ပွဲအလွန် အခြေအနေနှင့်ပတ်သက်လို့ ၎င်း၏ အမြင်နှင့် သဘောထားကို ပြောပြခဲ့ပါတယ်။

“၂၀၂၀ အတွက်ကပါတီကြီးထဲကပေါေ့လ၊ NLD ကတော့နိုင်ချေများပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒီဘက်မှာ ICJ ကိစ္စပေါ်ပေါက်လာတဲ့အခါမှာဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ တာဝန်ယူမှု၊တာဝန်ခံမှုတွေ ခေါင်းဆောင်ကောင်းစိတ်ဓါတ်နဲ့ သွားရောက်ရင်ဆိုင်ဖြေရှင်းတဲ့အတွက် အဲ့ဒီအပေါ်မှာ ပြည်သူလူထုရဲ့ အသည်းနှလုံးကို ရလိုက် သလိုပါပဲ။ ပြည်သူလူထုရဲ့အသည်းနှလုံးကိုရလိုက်တဲ့အတွက်ကြောင့်မို့ ရွေးကောက်ပွဲ ကာလ မတိုင်ခင် မှာ သူကထောက်ခံမှုတော်တော်များများရသွားတယ်။

အဲ့တော့ NLD အတွက်ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ်စည်းရုံးတဲ့ ကာလမတိုင်ခင်မှာတည်းကိုက ပြည်သူလူထုအတော်များများရဲ့ အသည်းနှလုံးကို သူက  ဆုတ်ကိုင်မိသားဖြစ်သွားလို့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ NLD ကတော့အနိုင်ရဖို့နိုင်ချေများသွားပြီ။”လို့ ဦးထွန်းကြည်က ဆိုပါတယ်။သို့သော်လည်း လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေဖြင့်  ပါတီအတွင်းပြောင်းလဲမှုနှင့်မဟာမိတ်မူဝါဒတွေကို အမြန်ဆုံးချမှတ်လုပ်ဆောင်ဖို့လို တယ်လို့လည်း ၎င်းကဆက်လက်ပြောပြခဲ့ပါတယ်။

“သို့သော်ငြားလည်း NLD မှာယနေ့ ပါတီတွင်းပြုပြင်ပြောင်းလဲရေးတွေပေါ့လေ၊ပြုပြင်ပြောင်းလဲရေး ကိုတော့ အမြန်ဆုံးလုပ်စေချင်ပါတယ်။နောက်တစ်ခုကတော့ မဟာမိတ်ပေါ့လေ ၊မဟာမိတ်မူဝါဒ ရှိတာကလည်း ဘာပဲပြောပြော ရွေးကောက်ပွဲ မှာ အတေ်ာအရေးကြီးပါတယ်။အဲ့တော့နိုင်ချေ ရှိတဲ့နေရာ မှာနိုင်သွားတာက ပြဿနာမရှိဘူးလေ။နိုင်ချေမရှိတဲ့နေရာတွေမှာ မဟာမိတ်မူဝါဒ အထူး သဖြင့်တော့ မဟာမိတ်မူဝါဒဆိုတာက  တိုင်းရင်းသားတွေနဲ့ ပတ်သက်တာနိုင်ချေ ရှိတဲ့နေရာ ကိုပြိုင် တယ်။နိုင်ချေမရှိတဲ့ နေရာတွေမှာကိုယ်နဲ့ မဟာမတိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားအဖွဲ့တွေ ရှိမယ်။ အဲ့တာတွေကိုဘာပဲပြောပြောဖွင့်ပေးမယ်၊ မဟာမိတ်မူဝါဒခိုင်ခိုင်မာမာရှိရင်တော့ မဟာမိတ်နိုင်တာ က ကိုယ်နိုင်တာပဲလေ တကယ်လို့များသာ  အကြောင်းကြောင်း ကြောင့် ညွှန့်ပေါင်းတွေဖြစ်လာမယ် ဆိုရင်တောင်မှ မဟာမိတ်တိုင်းရင်းသားတွေ နိုင်ထားတဲ့ အတွက်ကြောင့်မို့ သာသာယာယာ ပဲရှိပါမယ်။”လို့ ဦးထွန်းကြည် ကထပ်လောင်းပြောကြားခဲ့ပါတယ်။

မှန်ကန်စွာ လေ့လာအကဲဖြတ်နိုင်ရေး
=====================  
မည်သည့်ပါတီက နိုင်ငံရေးလုပ်စားမှာလဲ၊ မည်သည့်ပါတီက နိုင်ငံနဲ့ ပြည်သူအကျိုးကို ဆောင်ရွက်မှာ လဲ ဆိုသည်ကို မှန်ကန်စွာ လေ့လာအကဲဖြတ်နိုင်ဖို့ လိုအပ်တယ်လို့လည်း ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီ၏ ခေါင်းဆောင် ဖြစ်သူ သူရဦးရွှေမန်းက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ လူငယ်၊လူရွယ်နှင့် အမျိုးသမီးတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါသေးတယ်။ဒါ့အပြင် ၎င်းက မြန်မာနိုင်ငံမှာ ရှိတဲ့ ပါတီတွေအနက် မိမိတို့မြို့နယ်တွေမှာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကို လေ့လာသင့်တယ်လို့လည်း ဆိုပါတယ်။

“မြန်မာနိုင်ငံမှာရှိတဲ့ ပါတီတွေအနက် မိမိတို့မြို့နယ်တွေမှာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကို လေ့လာသင့်ပါတယ်။ မည်သည့်ပါတီက နိုင်ငံရေးလုပ်စားမှာလဲ၊ မည်သည့်ပါတီက နိုင်ငံနဲ့ ပြည်သူ အကျိုးကို ဆောင်ရွက်မှာလဲဆိုသည်ကို မှန်ကန်စွာ လေ့လာအကဲဖြတ်နိုင်ရေး လိုအပ်ပါတယ်။ ဒီပါတီ၏ ခေါင်းဆောင်က ဘယ်သူလဲ၊ သူ၏သမိုင်းကြောင်းက ဘယ်လိုရှိလဲ၊ သူဘာတာဝန်တွေ ယူခဲ့လဲ၊ အဲဒီတာဝန်တွေကို သူကျေပွန်အောင် ဆောင်ရွက်နိုင်ခဲ့သလား၊ သူဟာနိုင်ငံကို ဦးဆောင်နိုင် မယ့် ပုဂ္ဂိုလ်မျိုးဖြစ်သလား၊ သူဟာနိုင်ငံကို ကောင်းစွာကာကွယ်နိုင်မယ့်သူလား၊နိုင်ငံကို ကောင်းစွာ တည်ဆောက်နိုင်မယ့်သူလား၊ နိုင်ငံ့စီးပွားရေးကို ကောင်းစွာဆောင်ရွက်နိုင်မယ်သူလား ဆိုတာတွေ ကို လည်း လေ့လာအကဲခတ် ကြည့်ရပါမယ်။”လို့ သူရဦးရွှေမန်းက ပြောကြားခဲ့တာပါ။

ဆက်လက်စောင့်ကြည့်ရမည့် အနေအထား
========================

လတ်တလောမှာတော့ အားနည်းနေသည့်နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူလူထုထောက်ခံမှု ရရှိအောင် ဆက်လက်ကြိုးစားရမှာဖြစ်သလို လက်ရှိအာဏာရပါတီအနေနဲ့လည်း ပြည်သူများ၏ထောက်ပြဝေဖန် မှု များ ကိုလေ့လာဆန်းစစ်ပြီး  ပြင်ဆင်ဆောင် ရွက်မှုများပြုလုပ်မည်ဆိုပါက အတိုက် အခံ ပါတီ၊အတိုက်ခံ အင်အားစုများမလိုဘူးလို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုကြပြန် ပါတယ်။

ဒါ့အပြင် ပါတီစုံဒီမိုကရေစီစနစ်တွင် အမြဲတမ်းအားကောင်းသည့်နိုင်ငံရေးပါတီမရှိနိုင်သလို အမြဲတမ်း အာဏာရသည့်ပါတီလည်း  မရှိနိုင်သောကြောင့် အားကောင်းသည့် နိုင်ငံရေးပါတီများ ထပ်မံ ၍ပေါ်လာ ရန်လိုအပ်မယ်လို့လည်း ၎င်းတို့ကဆိုပါတယ်။ သို့သော်လည်း လက်ရှိအနေအထားအရ  ပြည်သူများ၏နှစ်ပေါင်းများစွာတောင့်တခဲ့သည့်  ဒီမိုကရေစီအစိုးရတစ်ရပ်ကို လတ်တလောရွေးကောက် တင်မြှောက် ထားပြီး ဖြစ်ရာ အစိုးရအာဏာကိုလွဲပြောင်းယူနိုင်သည့် နိုင်ငံရေး ပါတီ ထက် အစိုးရ၏ လုပ်ဆောင်ချက် များကို ဒီမိုကရေစီ စံနှုန်းနဲ့ညီ၊မညီဆန်းစစ်ပြီး ဝေဖန်ထောက်ပြနိုင် မည့် အာဏာရပါတီကို အပြန်အလှန်ထိန်းကျောင်းပေးနိုင်သည့်  အားကောင်းသည့် အတိုက်အခံနိုင်ငံရေး ပါတီများ ၂၀၂၀ ရွေးကောက်ပွဲအတိုင်ခင်မှာ ထပ်မံပေါ်ထွက် လာအုံးမလား ဆိုတာကိုဆက်လက်စောင့်ကြည့်ရမယ့် အနေအထားတစ်ရပ်ဖြစ်ခဲ့သလို လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးမှာ အတိုက်အခံနိုင်ငံရေးပါတီတွေရဲ့ အားပြိုင်မှုတွေဟာ ဘယ်လိုရှိလာမလဲ ၂၀၂၀ အလွန်မှာမြန်မာ့နိုင်ငံရေးအခြေအနေ ဘယ်လိုဖြစ် လာနိုင်မလဲဆိုတဲ့ ကိစ္စရပ်ဟာလည်း အားလုံး အတွက် စိတ်တဝင်တစားနဲ့အဖြေထုတ်ရမယ့် ပုစ္ဆာတစ်ပုဒ်လိုဖြစ်လာခဲ့ပါတော့တယ်။         ။

ပြေသိမ်း

(  Zawgyi  )

 ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီအေျပာင္းအလဲကို စတင္အေကာင္အထည္ေဖာ္ခဲ့သည့္ ၂၀၁၀ အေထြေထြေ႐ြးေကာက္ပြဲတြင္ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီက အာဏာရပါတီတစ္ရပ္ျဖစ္လာၿပီး   ၂၀၁၂ ခုႏွစ္၊ေနာက္ပိုင္းမွစတင္၍ အတိုက္အခံအင္အား ႀကီးပါတီအျဖစ္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ ခ်ဳပ္က ရပ္တည္ခဲ့ပါတယ္။

၂၀၁၅ ခုႏွစ္၊အေထြေထြေ႐ြးေကာက္ပြဲမွာေတာ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)က ေတာင္ၿပိဳ၊ကမ္းၿပိဳ အျပတ္အသတ္အႏိုင္ရရွိမႈေၾကာင့္ အစိုးရအဖြဲ႕ကိုဦးေဆာင္ႏိုင္ခဲ့ေသာ္လည္း အေစာပိုင္းကာလေတြအထိ အားေကာင္းတဲ့အတိုက္အခံပါတီမ်ားေပၚထြက္ လာျခင္းမရွိခဲ့ပါဘူး။ ပါတီစုံဒီမိုကေရစီရွင္သန္ထြန္းကားရန္အတြက္ ႏိုင္ငံေရးပါတီမ်ားအင္အားေကာင္းရန္လိုအပ္သလို အတိုက္အခံႏိုင္ငံေရးပါတီ မ်ားအားေကာင္းေမာင္းသန္ ရွိဖို႔လည္းလိုအပ္လွပါတယ္။ ယခင္အာဏာ ရ ပါတီျဖစ္ တဲ့ ျပည္ခိုင္ၿဖိဳးပါတီ အပါအဝင္ ယခု၂၀၁၉ ခုႏွစ္၊အတြင္းမွာ ထြက္ေပၚလာၾကတဲ့ (Third Party)လို႔ေခၚတဲ့ တတိယႏိုင္ငံေရးပါတီအင္အားစုမ်ားေၾကာင့္ လာမယ့္ ၂၀၂၀ ခုႏွစ္၊ အေထြေထြေ႐ြးေကာက္ပြဲႀကီးဟာ ပိုမိုစိတ္ဝင္စားစရာေကာင္းလာခဲ့ သလို အတိုက္အခံႏိုင္ငံေရးပါတီမ်ားရဲ႕ အားၿပိဳင္မႈ ကိုလည္းေစာင့္ၾကည့္ရမယ့္ အေနအထားတစ္ရပ္ျဖစ္လာခဲ့ပါတယ္။

အဘယ္ေၾကာင့္ဆိုေသာ္ ပါတီတစ္ခုတည္းက အစိုးရ၊လႊတ္ေတာ္ေတြကိုထိန္းခ်ဳပ္ေနခ်ိန္တြင္  အစိုးရ လႊတ္ေတာ္လုပ္ငန္းမ်ားကို တြန္းအားေပးႏိုင္သည့္ ႏိုင္ငံေရးပါတီေတြရဲ႕အခန္းက႑ဟာလည္း  လြန္စြာအေရးႀကီးပါတယ္။ထို႔ေၾကာင့္ ဒီမိုကေရစီစံႏႈန္းႏွင့္ကို က္ညီသည့္အားေကာင္းေသာ အတိုက္ အခံ ပါတီမ်ားေပၚထြက္လာရန္ လိုအပ္တယ္လို႔လည္း ႏိုင္ငံေရးေလ့လာသူမ်ားကဆိုပါတယ္။

ဒီမိုကေရစီႏွင့္အတိုက္အခံပါတီမ်ား၏ အခန္းက႑
============================

ၿပီးခဲ့တဲ့အစိုးရသက္တမ္းတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)အဖြဲ႕ခ်ဳပ္က  အင္အားႀကီး အတိုက္အခံပါတီအျဖစ္ လူထုေထာက္ခံမႈ၊အရပ္ဖက္အဖြဲ႕အစည္းမ်ား၏ေထာက္ခံမႈကိုရယူၿပီး အတိုက္ အခံပါတီေနရာတြင္အားေကာင္း ေမာင္း သန္ရပ္တည္ခဲ့ ၾကပါတယ္။သို႔ေသာ္လည္း ၂၀၁၅ ခုႏွစ္၊အေထြေထြေ႐ြးေကာက္ပြဲအၿပီးမွာေတာ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီက အာဏာရ ပါတီျဖစ္လာခဲ့ပါတယ္။

သို႔ေသာ္လည္း ျမန္မာႏိုင္ငံတြင္လက္ရွိႏိုင္ငံေရးပါတီေပါင္း(၁၀၀)ေက်ာ္ရွိသည့္အနက္ လက္ရွိ အာဏာရ ပါတီကို အမွန္အကန္အတိုက္အခံလုပ္သည့္ပါတီမွာ အနည္းငယ္သာရွိခဲ့ပါတယ္။ျပည္ခိုင္ၿဖိဳးပါတီက ၎၏ မိတ္ဖက္ႏိုင္ငံေရးပါတီ(၂၀)ေက်ာ္ႏွင့္အတူ လက္ရွိအစိုးရ၏ လုပ္ေဆာင္ ခ်က္ႏွင့္ ပတ္သက္ၿပီး အတိုက္အခံေဖဝန္ေထာက္ျပမႈမ်ားရွိေသာ္လည္း အာဏာရပါတီကို စိန္ေခၚႏိုင္ေလာက္ သည့္အေနအထားမရွိဘူးလို႔လည္း ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြက ဆိုၾကျပန္ပါတယ္။

ထို႔ေၾကာင့္လည္း အားလုံးဟာႏိုင္ငံေရးမွာ ဟာမိုနီျဖစ္ဖို႔လိုတယ္လို႔ ယခင္စစ္ဗိုလ္ခ်ဳပ္ေဟာင္းမ်ားျဖင့္ ဖြဲ႕စည္းတည္ေထာင္ထားတဲ့ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီ၏ ေျပာခြင့္ရပုဂၢိဳလ္ျဖစ္သူ ဦးခင္ေမာင္ၾကည္က ယခုလိုသုံးသပ္ေျပာၾကားခဲ့ပါတယ္။“လူထုရဲ႕ရင္ထဲ မွာရွိေနတဲ့ ႏိုင္ငံေရးဆႏၵနဲ႔ အျပင္မွာျပေနတဲ့မ်က္ႏွာေတြကမတူႏိုင္ပါ ဘူး။အျပင္မွာျပေနရင္ေတာ့အားလုံးက အိုေက ေနာက္ဆုံး က်ရင္ေတာ့ သူတို႔ရဲ႕ ဆႏၵအတိုင္းျဖစ္သြားတာေပါ့ေလ။က်ေနာ္တို႔ေျပာရမွာက ေ႐ြးေကာက္ပြဲ နီးေသာ္ျငား လည္း ဒါေတြဟာေျပာရခက္တဲ့ ေျဖရခက္တဲ့အေျဖျဖစ္ပါတယ္။ဒါကလည္း လူထုရဲ႕ အေပၚ မွာမူတည္ပါတယ္။ လူထုက ဘယ္ဟာကိုေ႐ြးမလဲ၊ ဘယ္ဟာကိုသြားခ်င္လဲ၊ က်ေနာ္တို႔အျမင္ က ဘာလဲဆိုေတာ့ ဒီမိုကရက္တစ္ႏိုင္ငံကိုသြားေနတဲ့ အတြက္ေၾကာင့္ ဒီမိုကရက္ တစ္ဆန္ဆန္ တကယ့္ကို စစ္မွန္တဲ့သူပဲျဖစ္ေအာင္ အစိုးရအသစ္ကိုပုံေဖာ္ခ်င္ပါတယ္။ လူထုက ဘယ္ဟာကို သေဘာက်လဲ၊ လူထုအႀကိဳက္ကဘာလဲ။ ဘာလို႔လဲဆိုေတာ့ ဒီမိုကေရစီဆိုတာလူထုတင္ေျမႇာက္မွ အစိုးရျဖစ္တာပါ။

လူထုတင္ေျမႇာက္တဲ့အစိုးရအေပၚမူတည္ပါတယ္။ဘယ္ေလာက္ပဲအင္အားေကာင္းေကာင္း၊ဘယ္ေလာက္ပဲမူဝါဒေကာင္းေကာင္း လူထုက ဘယ္သူ႔ကိုလက္ခံမလဲဆိုတဲ့အေပၚမွာမူတည္ပါတယ္။ ေနာက္တစ္ခ်က္က ဖြဲ႕စည္းပုံအေျခခံဥပေဒအရေရာ တိုင္းျပည္ရဲ႕ျပည္တြင္းမွာျဖစ္ေနတဲ့ အေျခအေန အရေရာ တပ္မေတာ္နဲ႔ဟန္ခ်က္ညီစြာမရွိတဲ့ပါတီကေတာ့ အႏိုင္ရဖို႔သိပ္မလြယ္ေလာက္ဘူး။ လက္ရွိ အႏိုင္ရပါတီကိုၿပိဳလဲေအာင္လုပ္ၿပီးမွတက္မယ္ ဒီလိုလည္းမရပါဘူး၊ဒါက်င့္ဝတ္ပါ။အားလုံးဟာ ဟာမိုနီျဖစ္ဖို႔လိုပါတယ္။တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ဖို႔ဆိုတာက အားလုံးကဟာမိုနီျဖစ္ဖို႔လိုပါတယ္။”လို႔ DNP ပါတီေျပာခြင့္ရပုဂၢိဳလ္ ဦးခင္ေမာင္ၾကည္က ယခုလိုသုံးသပ္ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ၎ကႏိုင္ငံတစ္ႏိုင္ငံမွာအတိုက္အခံပါတီေတြ အနည္းငယ္ေလာက္ပဲရွိသင့္တယ္လို႔လည္း ဆိုပါတယ္။“ႏိုင္ငံတစ္ႏိုင္ငံမွာ တကယ္တမ္းက်ေနာ္တို႔ ႏိုင္ငံႀကီးေတြကိုျပန္ၾကည့္မယ္ဆိုရင္ အေမရိကမွာပဲ ၾကည့္ၾကည့္၊အိႏၵိယမွာပဲ ၾကည့္ၾကည့္၊ အဂၤလန္မွာပဲၾကည့္ၾကည့္ ပါတီဆိုတာ တကယ္ တမ္း အတိုက္အခံပါတီနဲ႔ အႏိုင္ရပါတီဆိုၿပီးရွိသလို   အတိုက္အခံပါတီ တစ္ခု၊ႏွစ္ခု၊သုံးခုေလာက္ ပဲ ရွိသင့္တာပါ။က်ေနာ္တို႔ႏိုင္ငံမွာေတာ့ တိုင္းရင္းသားလူမ်ိဳးေတြမ်ားတာေတြကတစ္ေၾကာင္း၊ ပါတီေတြ ကလည္း အခုဆိုရင္ (၁၀၀)ေက်ာ္ေလာက္ျဖစ္လာၿပီေလ။

အခုဆိုရင္ ႏိုင္ငံေရးပါတီေတြထပ္ေပၚလာတယ္။ေပၚလာတာသူတို႔က  ႏိုင္ငံေရး သီအိုရီေတြ မ်ားလာျခင္း အားျဖင့္ အႏိုင္ရပါတီအေပၚ မဲကြဲျပားသြားေစတယ္ဆိုေသာ္ျငားလည္းပဲ လူထုရဲ႕ ဆႏၵက သာအေရးႀကီးပါတယ္။”လို႔ ဦးခင္ေမာင္ၾကည္က ဆက္လက္ေျပာျပခဲ့ ပါတယ္။

လူထုက လက္ခံတဲ့အစိုးရ
===============
ဒါ့အျပင္ လူထုကလက္ခံတဲ့အစိုးရဆိုတာ အဓိကျပည္သူလူထုရဲ႕စားဝတ္ေနေရးကိုေျပလည္ေအာင္ ေခ်ာင္လည္ေအာင္ေဆာင္႐ြက္ေပးႏိုင္တဲ့ အစိုးရကို လူထုကလက္ခံၾကမည္ျဖစ္သလို ေခတ္အဆက္ ဆက္ အစိုးရေတြအေနနဲ႔လည္း သူတို႔လက္ထက္မွာ တိုင္းျပည္ကိုေကာင္းေအာင္ ႀကိဳးစားေဆာင္ ႐ြက္ခဲ့ၾကတဲ့ အစိုးရေတြျဖစ္တယ္လို႔လည္း ဝါရင့္ႏိုင္ငံေရးသမားႀကီးတစ္ဦးျဖစ္သူ ဒီမိုကရက္တစ္ ပါတီ(ျမန္မာ)မွ ဦးသုေ၀ က၎၏အျမင္ကို ယခုလိုသုံးသပ္ခဲ့ျပန္ပါတယ္။

“က်ေနာ္တို႔တိုင္းျပည္ကိုျပန္ၾကည့္ရင္ျဖစ္ေစခ်င္တာေလးေတြကေတာ့ရွိပါတယ္။ျပည္သူ ေတြအေနနဲ႔ စားဖို႔ေသာက္ဖို႔ဝတ္ဖို႔ေတြျပည့္စုံလုံေလာက္ဖို႔လိုပါတယ္။အဲ့ဒါမ်ိဳးေလးေတြေတာ့ျပည့္စုံဖို႔လိုပါတယ္။ ေခတ္အဆက္ဆက္အစိုးရေတြကေတာ့ သူတို႔လက္ထက္မွာ တိုင္းျပည္ကိုေကာင္းေအာင္ လုပ္ေနၾက တဲ့ သူေတြ ခ်ည္းပါပဲ။ဒါေပမယ့္ ထင္သေလာက္မျဖစ္တာေတြရွိတာေပါ့ေလ။လာမယ့္ ၂၀၂၀ မွာ ဆိုရင္ ေျပာရရင္ေ႐ြးခ်ယ္စရာေတြကမ်ားလာၿပီေပါ့ေလ။ ေစာနကေျပာသလိုေပါ့ေလ ျပည္သူေတြ အေနနဲ႔ စားႏိုင္၊ေသာက္ ႏိုင္၊ဝတ္ႏိုင္၊ေနႏိုင္မယ္ဆိုရင္ေတာ့ အစိုးရ အေပၚေထာက္ခံၾက မွာပဲေလ။ေျပာရရင္ ၂၀၂၀ မွာလည္း  NLD နဲ႔ ႀကံံ့ခိုင္ေရးပါတီႀကီးႏွစ္ခုေပါ့ေလ အားၿပိဳင္ၾကအုံးမွာေပါ့။  ေလာေလာဆယ္ အခုႏွစ္ကုန္ပိုင္းမွာျပန္ၾကည့္ရင္လည္း လက္ရွိအစိုးရအေနနဲ႔လည္း တိုင္းျပည္ ကိုေကာင္း ေအာင္ႀကိဳးစားဆဲျဖစ္တယ္။သူတို႔ေခတ္မွာေတာ့ သူတို႔အေကာင္းဆုံးျဖစ္ေအာင္ လုပ္တာေတြ႕ ရပါတယ္။”လို႔ ဦးသုေ၀ ကေျပာျပခဲ့ပါတယ္။

ဒါ့အျပင္၂၀၂၀ အလြန္မွာျမန္မာ့ႏိုင္ငံေရးအေျခအေနဘယ္လိုရွိႏိုင္မလဲဆိုတဲ့ ကိစၥရပ္နဲ႔ ပတ္သက္ၿပီးေတာ့ လည္း ဝါရင့္ႏိုင္ငံေရးသမားႀကီး ဦးသုေဝက ယခုလိုဆက္လက္သုံးသပ္ခဲ့ျပန္ပါတယ္။“၂၀၂၀ အလြန္မွာျမန္မာ့ ႏိုင္ငံေရးအေျခအေနဘယ္လိုရွိႏိုင္မလဲဆိုတဲ့ ကိစၥရပ္နဲ႔ပတ္သက္ရင္ ဒါကေတာ့ေျပာရခက္ပါတယ္။လာမယ့္ ၂၀၂၀ မွာဆိုရင္ ေျပာရရင္ေ႐ြးခ်ယ္စရာေတြကေတာ့ မ်ားလာၿပီေပါ့။ေနာက္ႏိုင္ငံေရးပါတီေတြလည္းေတာ္ေတာ္မ်ားမ်ားထြက္ေပၚလာၿပီဆိုေတာ့ ၂၀၂၀ မွာျပည္သူေတြအတြက္ ေ႐ြးခ်ယ္စရာေတြရွိလာတယ္ဆိုေပမယ့္ ျပည္သူေတြက ဘယ္ပါတီက အရည္အခ်င္းရွိတယ္ဆိုတာကို သိပ္မသိၾကဘူးေလ။အဲ့ေတာ့ ေစာနကေျပာသလို  ဘယ္ပါတီက အစိုးရ ဖြဲ႕ႏိုင္ မလဲဆိုတာကိုၾကည့္ရမွာေပါ့။ ၂၀၂၀ မွာဆိုရင္ တိုင္းရင္းသားေတြပါတီေတြ အပါအဝင္  ႏိုင္ငံေရးပါတီေတြ အႏိုင္ရလာၿပီး ၫႊန႔္ေပါင္းအစိုးရဖြဲ႕လာႏိုင္မယ့္ အေျခအေနလည္း ရွိရင္ရွိလာ မွာေပါ့ေလ။”လို႔ ဦးသုေ၀ ကထပ္ေလာင္းေျပာျပခဲ့ပါတယ္။

၂၀၂၀ မွာျပန္လည္ႏိုင္ေခ်မ်ားေနတဲ့ NLD ပါတီ
==========================   

လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အင္အားႀကီးပါတီေတြႏိုင္ေခ်မ်ားဖို႔ရွိေနၿပီး ပါတီႀကီးထဲကဆိုပါက NLD ပါတီကႏိုင္ေခ်မ်ားႏိုင္တယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႕(FPPS)မွ ဦးေဆာင္ ေကာ္မတီဝင္ ဦးထြန္းၾကည္က ၂၀၂၀ ေ႐ြးေကာက္ပြဲအလြန္ အေျခအေနႏွင့္ပတ္သက္လို႔ ၎၏ အျမင္ႏွင့္ သေဘာထားကို ေျပာျပခဲ့ပါတယ္။

“၂၀၂၀ အတြက္ကပါတီႀကီးထဲကေပါေ့လ၊ NLD ကေတာ့ႏိုင္ေခ်မ်ားပါတယ္။ ဘာေၾကာင့္လဲ ဆိုရင္ ဒီဘက္မွာ ICJ ကိစၥေပၚေပါက္လာတဲ့အခါမွာေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ေခါင္းေဆာင္ေကာင္း တစ္ေယာက္ရဲ႕ ရွိသင့္ရွိထိုက္တဲ့ တာဝန္ယူမႈ၊တာဝန္ခံမႈေတြ ေခါင္းေဆာင္ေကာင္းစိတ္ဓါတ္နဲ႔ သြားေရာက္ရင္ဆိုင္ေျဖရွင္းတဲ့အတြက္ အဲ့ဒီအေပၚမွာ ျပည္သူလူထုရဲ႕ အသည္းႏွလုံးကို ရလိုက္ သလိုပါပဲ။ ျပည္သူလူထုရဲ႕အသည္းႏွလုံးကိုရလိုက္တဲ့အတြက္ေၾကာင့္မို႔ ေ႐ြးေကာက္ပြဲ ကာလ မတိုင္ခင္ မွာ သူကေထာက္ခံမႈေတာ္ေတာ္မ်ားမ်ားရသြားတယ္။

အဲ့ေတာ့ NLD အတြက္ေဒၚေအာင္ဆန္းစုၾကည္က မဲဆြယ္စည္း႐ုံးတဲ့ ကာလမတိုင္ခင္မွာတည္းကိုက ျပည္သူလူထုအေတာ္မ်ားမ်ားရဲ႕ အသည္းႏွလုံးကို သူက  ဆုတ္ကိုင္မိသားျဖစ္သြားလို႔ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာေတာ့ NLD ကေတာ့အႏိုင္ရဖို႔ႏိုင္ေခ်မ်ားသြားၿပီ။”လို႔ ဦးထြန္းၾကည္က ဆိုပါတယ္။သို႔ေသာ္လည္း လက္ရွိအာဏာရပါတီျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ပါတီအေနျဖင့္  ပါတီအတြင္းေျပာင္းလဲမႈႏွင့္မဟာမိတ္မူဝါဒေတြကို အျမန္ဆုံးခ်မွတ္လုပ္ေဆာင္ဖို႔လို တယ္လို႔လည္း ၎ကဆက္လက္ေျပာျပခဲ့ပါတယ္။

“သို႔ေသာ္ျငားလည္း NLD မွာယေန႔ ပါတီတြင္းျပဳျပင္ေျပာင္းလဲေရးေတြေပါ့ေလ၊ျပဳျပင္ေျပာင္းလဲေရး ကိုေတာ့ အျမန္ဆုံးလုပ္ေစခ်င္ပါတယ္။ေနာက္တစ္ခုကေတာ့ မဟာမိတ္ေပါ့ေလ ၊မဟာမိတ္မူဝါဒ ရွိတာကလည္း ဘာပဲေျပာေျပာ ေ႐ြးေကာက္ပြဲ မွာ အေတ္ာအေရးႀကီးပါတယ္။အဲ့ေတာ့ႏိုင္ေခ် ရွိတဲ့ေနရာ မွာႏိုင္သြားတာက ျပႆနာမရွိဘူးေလ။ႏိုင္ေခ်မရွိတဲ့ေနရာေတြမွာ မဟာမိတ္မူဝါဒ အထူး သျဖင့္ေတာ့ မဟာမိတ္မူဝါဒဆိုတာက  တိုင္းရင္းသားေတြနဲ႔ ပတ္သက္တာႏိုင္ေခ် ရွိတဲ့ေနရာ ကိုၿပိဳင္ တယ္။ႏိုင္ေခ်မရွိတဲ့ ေနရာေတြမွာကိုယ္နဲ႔ မဟာမတိတ္ဖြဲ႕ထားတဲ့ တိုင္းရင္းသားအဖြဲ႕ေတြ ရွိမယ္။ အဲ့တာေတြကိုဘာပဲေျပာေျပာဖြင့္ေပးမယ္၊ မဟာမိတ္မူဝါဒခိုင္ခိုင္မာမာရွိရင္ေတာ့ မဟာမိတ္ႏိုင္တာ က ကိုယ္ႏိုင္တာပဲေလ တကယ္လို႔မ်ားသာ  အေၾကာင္းေၾကာင္း ေၾကာင့္ ၫႊန႔္ေပါင္းေတြျဖစ္လာမယ္ ဆိုရင္ေတာင္မွ မဟာမိတ္တိုင္းရင္းသားေတြ ႏိုင္ထားတဲ့ အတြက္ေၾကာင့္မို႔ သာသာယာယာ ပဲရွိပါမယ္။”လို႔ ဦးထြန္းၾကည္ ကထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

မွန္ကန္စြာ ေလ့လာအကဲျဖတ္ႏိုင္ေရး
=====================  
မည္သည့္ပါတီက ႏိုင္ငံေရးလုပ္စားမွာလဲ၊ မည္သည့္ပါတီက ႏိုင္ငံနဲ႔ ျပည္သူအက်ိဳးကို ေဆာင္႐ြက္မွာ လဲ ဆိုသည္ကို မွန္ကန္စြာ ေလ့လာအကဲျဖတ္ႏိုင္ဖို႔ လိုအပ္တယ္လို႔လည္း ျပည္ေထာင္စုေကာင္းက်ိဳး ေဆာင္ပါတီ၏ ေခါင္းေဆာင္ ျဖစ္သူ သူရဦးေ႐ႊမန္းက ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ျပဳလုပ္ခဲ့တဲ့ ပဲခူးတိုင္းေဒသႀကီး အတြင္းရွိ လူငယ္၊လူ႐ြယ္ႏွင့္ အမ်ိဳးသမီးေတြ႕ဆုံပြဲမွာ ေျပာၾကားခဲ့ပါေသးတယ္။ဒါ့အျပင္ ၎က ျမန္မာႏိုင္ငံမွာ ရွိတဲ့ ပါတီေတြအနက္ မိမိတို႔ၿမိဳ႕နယ္ေတြမွာ ေ႐ြးေကာက္ပြဲဝင္မယ့္ ပါတီေတြကို ေလ့လာသင့္တယ္လို႔လည္း ဆိုပါတယ္။

“ျမန္မာႏိုင္ငံမွာရွိတဲ့ ပါတီေတြအနက္ မိမိတို႔ၿမိဳ႕နယ္ေတြမွာ ေ႐ြးေကာက္ပြဲဝင္မယ့္ ပါတီေတြကို ေလ့လာသင့္ပါတယ္။ မည္သည့္ပါတီက ႏိုင္ငံေရးလုပ္စားမွာလဲ၊ မည္သည့္ပါတီက ႏိုင္ငံနဲ႔ ျပည္သူ အက်ိဳးကို ေဆာင္႐ြက္မွာလဲဆိုသည္ကို မွန္ကန္စြာ ေလ့လာအကဲျဖတ္ႏိုင္ေရး လိုအပ္ပါတယ္။ ဒီပါတီ၏ ေခါင္းေဆာင္က ဘယ္သူလဲ၊ သူ၏သမိုင္းေၾကာင္းက ဘယ္လိုရွိလဲ၊ သူဘာတာဝန္ေတြ ယူခဲ့လဲ၊ အဲဒီတာဝန္ေတြကို သူေက်ပြန္ေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့သလား၊ သူဟာႏိုင္ငံကို ဦးေဆာင္ႏိုင္ မယ့္ ပုဂၢိဳလ္မ်ိဳးျဖစ္သလား၊ သူဟာႏိုင္ငံကို ေကာင္းစြာကာကြယ္ႏိုင္မယ့္သူလား၊ႏိုင္ငံကို ေကာင္းစြာ တည္ေဆာက္ႏိုင္မယ့္သူလား၊ ႏိုင္ငံ့စီးပြားေရးကို ေကာင္းစြာေဆာင္႐ြက္ႏိုင္မယ္သူလား ဆိုတာေတြ ကို လည္း ေလ့လာအကဲခတ္ ၾကည့္ရပါမယ္။”လို႔ သူရဦးေ႐ႊမန္းက ေျပာၾကားခဲ့တာပါ။

ဆက္လက္ေစာင့္ၾကည့္ရမည့္ အေနအထား
========================

လတ္တေလာမွာေတာ့ အားနည္းေနသည့္ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ျပည္သူလူထုေထာက္ခံမႈ ရရွိေအာင္ ဆက္လက္ႀကိဳးစားရမွာျဖစ္သလို လက္ရွိအာဏာရပါတီအေနနဲ႔လည္း ျပည္သူမ်ား၏ေထာက္ျပေဝဖန္ မႈ မ်ား ကိုေလ့လာဆန္းစစ္ၿပီး  ျပင္ဆင္ေဆာင္ ႐ြက္မႈမ်ားျပဳလုပ္မည္ဆိုပါက အတိုက္ အခံ ပါတီ၊အတိုက္ခံ အင္အားစုမ်ားမလိုဘူးလို႔လည္း ႏိုင္ငံေရးေလ့လာသုံးသပ္သူမ်ားက ဆိုၾကျပန္ ပါတယ္။

ဒါ့အျပင္ ပါတီစုံဒီမိုကေရစီစနစ္တြင္ အၿမဲတမ္းအားေကာင္းသည့္ႏိုင္ငံေရးပါတီမရွိႏိုင္သလို အၿမဲတမ္း အာဏာရသည့္ပါတီလည္း  မရွိႏိုင္ေသာေၾကာင့္ အားေကာင္းသည့္ ႏိုင္ငံေရးပါတီမ်ား ထပ္မံ ၍ေပၚလာ ရန္လိုအပ္မယ္လို႔လည္း ၎တို႔ကဆိုပါတယ္။ သို႔ေသာ္လည္း လက္ရွိအေနအထားအရ  ျပည္သူမ်ား၏ႏွစ္ေပါင္းမ်ားစြာေတာင့္တခဲ့သည့္  ဒီမိုကေရစီအစိုးရတစ္ရပ္ကို လတ္တေလာေ႐ြးေကာက္ တင္ေျမႇာက္ ထားၿပီး ျဖစ္ရာ အစိုးရအာဏာကိုလြဲေျပာင္းယူႏိုင္သည့္ ႏိုင္ငံေရး ပါတီ ထက္ အစိုးရ၏ လုပ္ေဆာင္ခ်က္ မ်ားကို ဒီမိုကေရစီ စံႏႈန္းနဲ႔ညီ၊မညီဆန္းစစ္ၿပီး ေဝဖန္ေထာက္ျပႏိုင္ မည့္ အာဏာရပါတီကို အျပန္အလွန္ထိန္းေက်ာင္းေပးႏိုင္သည့္  အားေကာင္းသည့္ အတိုက္အခံႏိုင္ငံေရး ပါတီမ်ား ၂၀၂၀ ေ႐ြးေကာက္ပြဲအတိုင္ခင္မွာ ထပ္မံေပၚထြက္ လာအုံးမလား ဆိုတာကိုဆက္လက္ေစာင့္ၾကည့္ရမယ့္ အေနအထားတစ္ရပ္ျဖစ္ခဲ့သလို လာမယ့္ ၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲႀကီးမွာ အတိုက္အခံႏိုင္ငံေရးပါတီေတြရဲ႕ အားၿပိဳင္မႈေတြဟာ ဘယ္လိုရွိလာမလဲ ၂၀၂၀ အလြန္မွာျမန္မာ့ႏိုင္ငံေရးအေျခအေန ဘယ္လိုျဖစ္ လာႏိုင္မလဲဆိုတဲ့ ကိစၥရပ္ဟာလည္း အားလုံး အတြက္ စိတ္တဝင္တစားနဲ႔အေျဖထုတ္ရမယ့္ ပုစာၦတစ္ပုဒ္လိုျဖစ္လာခဲ့ပါေတာ့တယ္။         ။

ေျပသိမ္း