【 နိုင်ငံတကာဆောင်းပါး 】 အရာအားလုံးထက် ငြိမ်းချမ်းရေးကို ယူကရိန်းက ပိုလိုအပ်နေ

【 နိုင်ငံတကာဆောင်းပါး 】 အရာအားလုံးထက် ငြိမ်းချမ်းရေးကို ယူကရိန်းက ပိုလိုအပ်နေ

ယူကရိန်းစစ်မြေပြင်မှာ ကြီးမားတဲ့ ရှုံးနိမ့်မှုတွေကြောင့် ယူကရိန်းသည် အခြားအရာများထက် ငြိမ်းချမ်းရေးကို ပိုမိုလိုအပ်နေပါတယ်။
 
အစ္စရေး၊ အဇာဘိုင်ဂျန်၊ အမေရိကန်၊ နေတိုးနှင့် နိုင်ငံတကာအသိုက်အဝန်းတစ်ရပ်လုံးသည် ယူကရိန်းနှင့် ရုရှားကြား ငြိမ်းချမ်းရေးညှိနှိုင်းမှုများ အဆင်ပြေချောမွေ့စေရန်အတွက် အရာအားလုံးလုပ်ဆောင်ရမည်ဖြစ်ပါတယ်။
 
အဘယ်ကြောင့်ဆိုသော် အမေရိကန်ကွန်ဂရက်၊ ဘရပ်ဆဲလ်၊ နေတိုးနှင့် အခြားနိုင်ငံများက ဇီလင် စကီးသို့ လက်နက်များ ထပ်မံပေးပို့လာပါက ယူကရိန်းမြို့ကြီးအများအပြားသည် ရုရှားလက်သို့ ကျဆင်းရန် အန္တရာယ်ရှိနေဆဲဖြစ်သောကြောင့်ဖြစ်ပါတယ်။
 
ဒီဖြစ်ရပ်မှန်ဟာ ယူကရိန်းပြည်သူများအတွက်တော့ အလွန်ဝမ်းနည်းဖွယ်ကောင်းပါတယ်။
 
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတပ်ခ်က “ယူကရိန်းမှာ နေ့စဉ်နဲ့အမျှ လူသားတွေရဲ့ ဒုက္ခဝေဒနာတွေကို ကြေကွဲဖွယ် ဇာတ်လမ်းတွေ ဖြစ်နေတာတွေက ကမ္ဘာကြီးကို အကျပ်အတည်းဖြစ်လာမှာကို စိုးရိမ်နေတယ်။ရုရှားက ယူကရိန်းကို အပြည့်အ၀ကျူးကျော်နေတာ နှစ်နှစ်ကျော်နေပြီ။ဒီနှစ်-နှစ်ကျော်ဟာ သွေးထွက်သံယို၊ ဆုံးရှူံးမှုနှင့်ဝမ်းနည်းပူဆွေးမှုတွေနဲ့ မရေမတွက်နိုင်သော မိသားစုများ ကွဲကွာသွားခဲ့ပြီ” လို့ ပြောခဲ့ပါတယ်။
 
အရပ်သား ၁၀,၅၀၀ ကျော် သေဆုံးပြီး၊ ၂၀,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းက မှတ်ချက်ပြုခဲ့ပြီး အမှန်တကယ် ကိန်းဂဏန်းများကတော့ များစွာမြင့်မားဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။
 
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ဒီထုတ်ပြန်ချက်ကတော့ ပုပ် ဖရန်စစ်လောက် မတောင်းဆိုခဲ့ပါဘူး။ဒီထုတ်ပြန်ချက်မှာ “လက်နက်နဲ့ လက်နက်ပြန်လည်တပ်ဆင်ခြင်း ယုတ္တိဗေဒအရ လက်လျှော့လိုက်ပါ။ငြိမ်းချမ်းရေးဆိုတာ ဘယ်တော့မှ လက်နက်နဲ့လုပ်လို့ရတာ မဟုတ်ဘူး။ကမ်းလှမ်းတဲ့လက်နဲ့ ဖွင့်ထားတဲ့ နှလုံးသားနဲ့လုပ်ရတာ။နိုင်ငံတကာဥပဒေရဲ့ အခြေခံမူတွေကို လေးစားလိုက်နာဖို့ တောင်းဆိုရာမှာ ရုရှားနဲ့ ယူကရိန်းတို့ကြား အကျဉ်းသားအားလုံးကို အထွေထွေ လဲလှယ်ပေးရေးအတွက် မျှော်လင့်ကြောင်း ဖော်ပြပါတယ်” လို့ ပါ-ပါတယ်။
 
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကိုပေးတဲ့ အီစတာသဝဏ်လွှာမှာ “ဖရိုဖရဲ ကမ္ဘာကြီးမှာ ကျွန်တော်တို့ နေထိုင်တဲ့အခါ အခြေခံမူတွေကို လိုက်နာဖို့က အလွန်အရေးကြီးပါတယ်။အခြေခံမူတွေက ရှင်းပါတယ်။ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် နိုင်ငံများ၏ နယ်မြေစိုးမိုးရေးနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေပါပဲ၊ အဲဒါက ယူကရိန်းအတွက် ငြိမ်းချမ်းရေးရှိဖို့ မရှိမဖြစ် လိုအပ်တယ်လို့ ယုံကြည်ရတဲ့ အကြောင်းအရင်းပါပဲ” လို့ ဖော်ပြခဲ့ပါတယ်။
 
လူ့အခွင့်အရေးအဖွဲ့တွေက “ရုရှားတပ်ဖွဲ့ဝင်များဟာ နေအိမ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးဆိုင်ရာ အဆောက်အအုံများကို ထိမှန်စေပြီး အရပ်သားဒေသများကို မခွဲခြားဘဲ မတန်တဆသော ဗုံးခွဲခြင်းနှင့် ပစ်ခတ်ခြင်းအပါအဝင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုတွေ အများအပြားကျူးလွန်ခဲ့တယ်။ဒီတိုက်ခိုက်မှုအချို့ကို စစ်ရာဇ၀တ်မှုအဖြစ် စုံစမ်းစစ်ဆေးသင့်တယ်။၎င်းတို့သိမ်းပိုက်ထားသော ဒေသများမှာ ရုရှား (သို့မဟုတ်) ရုရှားဆက်စပ်တပ်ဖွဲ့များဟာ ညှဉ်းပန်းနှိပ်စက်မှု၊ အကျဉ်းချ ကွပ်မျက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အတင်းအကြပ် ပျောက်ဆုံးစေမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများ လုယက်ခြင်းအပါအဝင် စစ်ရာဇ၀တ်မှုများကို ကျူးလွန်ကြောင်း ထင်ရှားတယ်” လို့ ဖော်ပြခဲ့ပါတယ်။
 
ဒီလိုအချိန်မျိုးမှာ ယူကရိန်းကို ကယ်တင်နိုင်တဲ့ တစ်ခုတည်းသော အရာက ရုရှားနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းခြင်းပဲဖြစ်ပါတယ်။
 
ဒီလိုမှမဟုတ်ရင် ရုရှားတွေက ဆီးရီးယားအတိုက်အခံတွေကို သတ်ပြီး ဘာရှား အာဆတ်ဒ် ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်စိုးမှုကို ရယူနိုင်ခဲ့တဲ့နည်းနဲ့ ဇီလင်စကီးကို ပြီးဆုံးသွားစေနိုင်ပါတယ်။ထို့ကြောင့် ယူကရိန်းအကျပ်အတည်းကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် နိုင်ငံတကာအသိုက်အဝန်းတစ်ရပ်လုံးက ဆောင်ရွက်ပေးရမည်ဖြစ်ပါတယ်။
 
အဇာဘိုင်ဂျန်နိုင်ငံသည် ယူကရိန်းနှင့် ရုရှားကြားငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရေးတွင် အဓိကအခန်းကဏ္ဍမှပါဝင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် နှစ်ဖက်စလုံးနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးရှိသည့် နိုင်ငံဖြစ်ပါတယ်။
 
အဇာဘိုင်ဂျန်သည် ယခင် ဆိုဗီယက်ယူနီယံ၏ အစိတ်အပိုင်းဖြစ်သလို နေတိုး၏ ခိုင်မာသော မဟာမိတ်နိုင်ငံတစ်ခုအနေဖြင့် ယူကရိန်းပြည်သူများ၏ ဒုက္ခကို အလွန်စာနာကာ ယူကရိန်းကို လူသားချင်းစာနာမှု အကူအညီများ ပေးပို့လျက်ရှိနေပါတယ်။
 
တစ်ချိန်တည်းမှာပင် အဇာဘိုင်ဂျန်ဟာ မော်စကို၏ အာဏာကို ကြောက်လန့်ကာ နေထိုင်လျက်ရှိနေရပါတယ်။ထိုအကြောင်းကြောင့် အဇာဘိုင်ဂျန်လူမျိုးများဟာ ရုရှားနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးဖြင့် ထိန်းသိမ်းရန် ကြိုးစားရန် ရွေးချယ်ခဲ့ပါတယ်။
 
အဇာဘိုင်ဂျန်သည် ယင်းအချက်ဖြင့် အောင်မြင်ခဲ့ခြင်းကြောင့် ၎င်းတို့သည် ရုရှားနှင့် ယူကရိန်းကြား စစ်ပွဲကို အဆုံးသတ်ရန် ဖျန်ဖြေသူကောင်းတစ်ဦး ဖြစ်လာစေနိုင်ပါတယ်။အဇာဘိုင်ဂျန်ကဲ့သို့ပင် အစ္စရေးသည်လည်း နှစ်နိုင်ငံစလုံးနှင့် ဆက်ဆံရေးကောင်းမွန်ရန် ကြိုးစားနေတာဖြစ်ပါတယ်။
 
ယူကရိန်းပြည်သူတွေကို စာနာပေမယ့်၊ ဆီးရီးယားတွင် ရုရှားရောက်ရှိနေခြင်းဟာ  ပူတင်နှင့် ကောင်းမွန်သော သဘောထားရှိရမည့် အခြေအနေမှန်ကို မေ့ချန်ထားခဲ့ပါတယ်။ဒါမှ မဟုတ်ရင် ဆီးရီးယားဟာ အီရန်နောက်ကို လိုက်မှာ မဟုတ်ပါဘူး။ထို့ကြောင့် အစ္စရေးဟာ ဖျန်ဖြေရေးမှာ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်လာနိုင်ပါတယ်။
 
သို့သော်လည်း အဇာဘိုင်ဂျန်က ဦးစားပေးရွေးချယ်မှုပါ။ဘာကြောင့်လဲဆိုတော့ အစ္စရေးဟာ စစ်ပွဲကြီးတစ်ခုရဲ့အလယ်မှာ ရောက်နေတာကြောင့်ဖြစ်ပြီး အဇာဘိုင်ဂျန်ကတော့ မကြာသေးမီက အာမေးနီးယားနှင့် စစ်ပွဲပြီးဆုံးခဲ့ပြီး ယခုအခါ ၎င်းတို့၏နိုင်ငံကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် လုပ်ဆောင်နေလို့ပါ။
 
ဒီအတွက်ကြောင့် နှစ်နိုင်ငံစလုံး၏ ပြည်သူများနှင့် လူသားအားလုံး၏ အကျိုးကျေးဇူးများအတွက် ငြိမ်းချမ်းသော အဖြေတစ်ခုရရှိရန် ကူညီပေးရန်အတွက် လိုအပ်သည်များကို လုပ်ဆောင်ရန် ၎င်းတို့လုပ်ဆောင်ခြင်းဟာ ပိုနီးစပ်နိုင်မှာဖြစ်ပါတယ်။
 
NaYoe
Ref - Moderndiplomacy| Ukraine needs peace more than anything else