【 နိုင်ငံတကာဆောင်းပါး 】 ရှုပ်ထွေးနေသော ကမ္ဘာကြီးနှင့် တရုတ်သံတမန်စရိုက်လက္ခဏာ

【 နိုင်ငံတကာဆောင်းပါး 】 ရှုပ်ထွေးနေသော ကမ္ဘာကြီးနှင့် တရုတ်သံတမန်စရိုက်လက္ခဏာ

(၁၄) ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်၏ ဒုတိယအကြိမ် အစည်းအဝေးနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တရုတ်သံတမန်ရေးရာ မူဝါဒများနှင့် နိုင်ငံခြားဆက်ဆံရေး အခြေအနေများနှင့် သက်ဆိုင်သည့် မေးခွန်းများကို ဖြေကြားခဲ့သည်။
 
ထိုအဖြေများမှတစ်ဆင့် တရုတ်သံတမန်ရေးရာ၏ ဘက်ပေါင်းစုံပါဝင်ရေး အခင်းအကျင်းကို အလေးပေးဖော်ပြခဲ့ပြီး ပြင်ပလေ့လာသူများအတွက်လည်း တရုတ်၏ သံတမန်ရေးရာ ချဉ်းကပ်မှုအပေါ် ပိုမိုရှင်းလင်း သောအမြင်၊ ယုံကြည်မှုနှင့် ခန့်မှန်းနိုင်စွမ်းတို့ကို ပေးဆောင်ခဲ့သည်။
 
ယခုနှစ် သတင်းစာရှင်းလင်းပွဲသည်လည်း မနှစ်က လုပ်ခဲ့သည်များအတိုင်းပင် သေချာစွာစီစဉ်ထားပြီး တရုတ်၏ သံတမန်ရေးရာကို ရှင်းလင်းတိကျစွာ ဖော်ပြနိုင်ခဲ့သည်။မနှစ်က ထုတ်ပြန်ခဲ့သော ကြေညာချက်များတွင် အမှတ်ရဖွယ်များလည်းပါရှိပြီး အထူးသဖြင့် အမေရိကန်နှင့်ပတ်သက်သော မေးခွန်း ၄ ခုဖြစ်သည်။ထို့အပြင် မနှစ်ကတွင်ပင် တရုတ်-ဥရောပ ဆက်ဆံရေးဆိုင်ရာ ဖော်ပြချက်နှင့် အာဖရိကအား လွတ် လပ်စွာ တွေးခေါ်ကြံစည်ရန် ထောက်ပံ့ခြင်းကဲ့သို့သော ထုတ်ပြန်ချက်များလည်းရှိခဲ့သည်။
 
ယခုနှစ် နှစ်ပတ်လည်အစည်းအဝေးနှစ်ရပ်အတွင်းပြုလုပ်သော သတင်းစာရှင်းလင်းပွဲသည် ပြည်တွင်း၌သာမက နိုင်ငံတကာတွင်ပါ တရုတ်၏ ပြီးခဲ့သောနှစ် သံတမန်ရေးရာ အောင်မြင်မှုများနှင့် လက်ရှိနှစ်၏ သံတမန်ရေးရာ ဦးတည်ချက်နှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို လှစ်ဟပြသရန် အခွင့်အရေးပင်ဖြစ်သည်။အထူးသဖြင့် ယခုနှစ် သတင်းစာရှင်းလင်းပွဲတွင် ထင်ရှားသော လက္ခဏာသုံးရပ် ပါဝင်သည်။
 
ပထမအချက်အနေဖြင့် ပြီးခဲ့သောနှစ်ကုန်ပိုင်း၌ နိုင်ငံရပ်ခြားရေးရာနှင့်ပတ်သက်သည့် အလုပ်ဆိုင်ရာ ဗဟိုညီလာခံအပြီးတွင် မျှဝေသော အနာဂတ်ရှိသည့် အသိုက်အဝန်းတည်ဆောက်ရေး မဏ္ဍိုင်များ ပြတ်ပြတ်သားသား ချမှတ်ခဲ့ပြီးဖြစ်သည့်အတွက် ယခုနှစ် သတင်းစာရှင်းလင်းပွဲတွင် တရုတ်လက္ခဏာပါသော သံတမန်ရေးရာ တိုးတက်မှုတွင် တရုတ်၏ ပြတ်သားသော ပန်းတိုင်များ၊ လုပ်ငန်းများနှင့် ချဉ်းကပ်မှုများကို ပို၍သိသာလာစေသည်။တရုတ်၏ သံတမန်အခင်းအကျင်းတွင် ကျင့်ဝတ်ဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှုများကို ဖော်ပြထားပြီး မှန်ကန်သောဘက်မှ ရပ်တည်ရေးကိုလည်း ဆက်လက်ကိုင်စွဲထားလျက် ဖြစ်သည်။ထိုတည်ငြိမ်မှုသည် တရုတ်သံတမန်ရေးရာနှင့် နိုင်ငံတကာအခြေအနေများကို ပိုမိုနက်ရှိုင်းစွာ နားလည်စေမည်ဖြစ်သည်။
 
ဒုတိယအချက်မှာ ပြဿနာများစွာ၌ တရုတ်၏ အဆိုပြုချက်များသည် နိုင်ငံကြီးတစ်ခုအနေဖြင့် တာဝန်သိစိတ်နှင့် ပြတ်သားသော ကတိကဝတ်တို့ကို ပြသလျက်ရှိသည်။အထူးသဖြင့် ဒေသတွင်း အကျပ်အတည်းများ၊ ပဋိပက္ခများနှင့် စစ်ပွဲများဖြစ်ပွားနေသော နိုင်ငံတကာအခြေအနေများကို တုံ့ပြန်ရာတွင် တရုတ်သည် ဆွေးနွေးရေးနှင့် စေ့စပ်ညှိနှိုင်းရေးတို့ကို အားပေးခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအခက်အခဲများကို ဖြေရှင်းရန် အစီအစဉ်များ ပေးဆောင်ခဲ့သည်။
 
တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ၅ နှစ်မြောက် နှစ်ပတ်လည်နေ့တို့၌ ထုတ်ပြန်ခဲ့သော အစီအစဉ်များနှင့် ကြေညာချက်များအရ တရုတ်၏ သံတမန်အခင်းအကျင်းသည် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ တွင် အပြုသဘောဆောင်သော တွန်းအားများ ဖြစ်ပေါ်စေသည်ကို တွေ့မြင်နိုင်သည်။
 
တတိယအချက်မှာ လက်ရှိ ရှုပ်ထွေးနေသော နိုင်ငံတကာပတ်ဝန်းကျင်ကြားတွင် တရုတ်၏ သံ တမန်ဆိုင်ရာ ဝိသေသလက္ခဏာနှင့် ပုံစံတို့မှာ ထင်ရှားနေခြင်းကို သတင်းစာရှင်းလင်းပွဲတွင် ဖော်ပြထားသည်။အထူးသဖြင့် လူသားမျိုးနွယ်၏ အနာဂတ်နှင့် ကံကြမ္မာတို့အတွက် တာဝန်ဝတ္တရားများကို ထမ်းဆောင်ကာ မှန်ကန်သောလမ်းကြောင်းဖြင့် သွားနေသော တရုတ်၏ သံတမန်ရေးရာမှာ ပို၍အရေးပါလျက်ရှိသည်။ထိုအချက်သည် တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ အရေးအခင်းတွင် အရေးပါသော ဦးဆောင်မှုကဏ္ဍမှ ပါဝင်နေသည်ဟု ဖော်ပြနေသည်။တရုတ်သည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တိုးတက်မှုအတွက် တွန်းအားတစ်ခုဖြစ်စေရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ထို့ကြောင့်ပင် နိုင်ငံတကာကိစ္စရပ်များအပေါ် တရုတ်၏ ရပ်တည်ချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုကျယ်ပြန့်စွာ အသိအမှတ်ပြုလာရခြင်းဖြစ်ပြီး တရုတ်သံတမန်ရေးရာ၏ ဝိသေသလက္ခဏာနှင့် ပုံစံတို့သည် နိုင်ငံတကာဆိုင်ရာ အကျင့်သိက္ခာကို လှုံ့ဆော်ပေးနေခြင်းဖြစ်သည်။
 
တည်ငြိမ်မှုကို ထိန်းသိမ်းရင်း တိုးတက်မှုကို ရှာဖွေခြင်းဖြင့် နိုင်ငံကြီးများနှင့် သံတမန်ရေးရာကို ဆောင်ရွက်နေသော တရုတ်နိုင်ငံသည် သံတမန်ရေးရာ အဆင့်သစ်ကို ရောက်ရှိလာပြီဖြစ်သည်။ထိုအဆင့်တွင် တရုတ်၏ စရိုက်လက္ခဏာများပါရှိသော နိုင်ငံကြီးများနှင့် သံတမန်ဆက်ဆံရေးသည် အချိန်နှင့်တစ်ပြေးညီဖြစ်ကာ တီထွင်ဆန်းသစ်မှုများဖြင့် တရုတ်၏ ခေတ်မီတိုးတက်ခြင်းကိုသာဖြစ်စေမည်သာမက ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်အေးချမ်းမှုကိုပါ ဖြစ်စေမည်ဖြစ်သည်။
 
တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တိုးတက်ရေး မူဘောင်အတွင်းတွင်သာ ကိုယ်ပိုင်တိုးတက်မှုကို ရှာဖွေလျက်ရှိသည်။တရုတ်လက္ခဏာပါသော နိုင်ငံကြီးများနှင့်သံတမန်အခင်းအကျင်းကို ကမ္ဘာ့နိုင်ငံများအနေဖြင့် မျှော်လင့်နေခြင်းဖြစ်သည်။
 
စိုးနိုင်ထွန်း
Ref - China's diplomatic character more prominent against turbulent world: Global Times editorial