【 နိုင်ငံတကာဆောင်းပါး 】 နျူကလီးယား လုံခြုံရေးအတွက် တရုတ်နိုင်ငံ၏ ကတိကဝတ်

【 နိုင်ငံတကာဆောင်းပါး 】 နျူကလီးယား လုံခြုံရေးအတွက် တရုတ်နိုင်ငံ၏ ကတိကဝတ်

နျူကလီးယားနှင့် ရေဒီယိုသတ္တိကြွ အကြမ်းဖက်မှုများ၏ ခြိမ်းခြောက်မှုသည် နိုင်ငံတကာလုံခြုံရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသောကြောင့် နိုင်ငံခေါင်းဆောင်များသည် ၂၀၁၆ ခုနှစ် ဧပြီ လ ၁ ရက်နေ့တွင် ဝါရှင်တန်၌ လေးကြိမ်မြောက် နျူကလီးယားလုံခြုံရေး ညီလာခံတစ်ရပ်ကို ကျင်းပခဲ့ကြသည်။

ထိုညီလာခံသည် ၂၀၁၀ ခုနှစ်ကတည်းက စတင်ကာ နျူကလီးယားအန္တရာယ်နှင့်ပတ်သက်ပြီး အသိပညာမြှင့်တင်ကာ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာတို့၌ နျူကလီးယားလုံခြုံရေး ဗိသုကာများကို တိုးတက်စေခဲ့သည်။

ထိုညီလာခံ၌ နျူကလီးယားကိရိယာ၏ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်ရေး ပဋိဉာဉ်နှင့် နျူကလီးယား အကြမ်းဖက်မှု နှိမ်နင်းရေး ပဋိဉာဉ်တို့၏ အရေးပါမှုကို အသားပေးဖော်ပြခဲ့ပြီး ထိုသဘောတူညီချက်များကို ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့စေရန် ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။ထို့အပြင် နျူကလီးယားလက်နက် ပယ်ဖျက်ရေး၊ နျူကလီးယား မပျံ့နှံ့စေရေးနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးတို့အတွက် မျှဝေသော ကမ္ဘာလုံးဆိုင်ရာ ပန်းတိုင်များကို ထပ်လောင်းကတိပြုခဲ့ကြသည်။နိုင်ငံများအနေဖြင့် ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် နျူကလီးယားစွမ်းအင်များ ဖွံ့ဖြိုးသုံးစွဲရေး အခွင့်အရေးကို မထိခိုက်စေဘဲ နိုင်ငံများအနေဖြင့် တာဝန်ဝတ္တရားများကို လိုက်နာကာ နျူကလီးယားနှင့် ရေဒီယိုသတ္တိကြွပစ္စည်းများကို ထိန်းချုပ်မှုအောက်တွင် အကျိုးရှိရှိသာ အသုံးချရေးတို့အတွက် ခေါင်းဆောင်များက ကတိကဝတ်ပြုခဲ့ကြသည်။

ထိပ်သီးအစည်းအဝေးတွင် ရှီသည် ကမ္ဘာ့နျူကလီးယားလုံခြုံရေးဗိသုကာကို ပိုမိုခိုင်မာစေရန်အတွက် နိုင်ငံတကာအသိုက်အဝန်းအတွက် အသစ်သော ကြိုးပမ်းအားထုတ်မှုများပြုလုပ်ရန် လေးထောင့်ပုံစံ အဆိုပြုချက်ကို ထုတ်ဖော်ခဲ့သည်။

ရှီက နိုင်ငံရေးထည့်သွင်းမှုကို မြှင့်တင်ရန်နှင့် ရှေ့ပြေးလက္ခဏာများနှင့် အရင်းခံ အကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းရန် ချဉ်းကပ်မှုကို လိုက်နာရန် အဆိုပြုခဲ့ပြီး နိုင်ငံတော်၏ တာဝန်ကို မြှင့်တင်ခြင်းနှင့် ရေရှည်တည်တံ့သော ကာကွယ်ရေးစည်းမျဉ်းကို တင်းကြပ်ခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းနှင့် ဘုံတိုးတက်မှုအတွက် ပေါင်းစပ်ညှိနှိုင်းမှုအရှိန်ကို မြှင့်တင်ခြင်း၊ နျူကလီးယားလုံခြုံရေးနှင့် ယဉ်ကျေးမှုကို မြှင့်တင်ပေးခြင်း၊ ပူးပေါင်းကြိုးပမ်းမှုများနှင့် မျှဝေခံစားခွင့်များ ဖန်တီးပေးခြင်း စသည့် အချက်များကို တင်ပြခဲ့သည်။

ဘက်စုံနှင့် အချိုးမညီသော ကမ္ဘာတစ်ခုတွင် နျူကလီးယားဘေးအန္တရာယ်များဆိုင်ရာ ကန့်သတ်ချက်များသည် ချုပ်ရိုးများအတွင်း ကွဲထွက်နေပုံပေါ်ပြီး နျူကလီးယား အကြမ်းဖက်ဝါဒသည် နိုင်ငံတကာလုံခြုံရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေသေးသည်။

ရှီက ထောက်ပြသည့်အတိုင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် နျူကလီးယားအကြမ်းဖက်မှု၏ ပေါက်ဖွားလာမှုကို ဖယ်ရှားရန် ကြိုးပမ်းရာတွင် ရှေ့ပြေးလက္ခဏာများနှင့် အခြေခံအကြောင်းရင်းများ နှစ်ခုလုံးကို ကိုင်တွယ်ဖြေရှင်းရန် ပထမဦးစွာ လိုအပ်သည်။

တရုတ်နိုင်ငံသည် ၎င်း၏ အထွေထွေ အမျိုးသားလုံခြုံရေးစနစ်တွင် နျူကလီယားလုံခြုံရေးကို ထည့်သွင်းထားပြီး နျူကလီးယားလုံခြုံရေးတွင် မဟာဗျူဟာမြောက်အရေးပါမှုကို သတ်မှတ်ခဲ့သည်။အဏုမြူစွမ်းအင်နှင့် နျူကလီယားဘေးကင်းရေးဆိုင်ရာ ဥပဒေများကို မြှင့်တင်ရာတွင်လည်း တည်ငြိမ်သော တိုးတက်မှုရရှိရန်လည်း လုပ်ဆောင်လျက်ရှိသည်။

ဤအစီအမံများသည် နျူကလီယားလုံခြုံရေးကို ခိုင်မာအားကောင်းစေရန် တရုတ်နိုင်ငံ၏ ခိုင်မာသော နိုင်ငံရေးဆန္ဒကို သက်သေပြနေသည်။နှစ် ၆၀ ပြည့် နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးတွင် တရုတ်နိုင်ငံ၏ ခိုင်လုံသော ကတိကဝတ်များနှင့် နျူကလီးယားစွမ်းအင်နယ်ပယ်တွင် နိုင်ငံအတွက် ကြိုးပမ်းအားထုတ်မှုများက တရုတ်၏ သဘောဆန္ဒကို အကျယ်တဝင့် ဖော်ပြနေသည်။

နျူကလီးယား အကြမ်းဖက်ဝါဒကို တားဆီးရန် ကြိုးပမ်းမှုသည် မည်သည့်နိုင်ငံမှ ပြီးမြောက်နိုင်မည် မဟုတ်ပေ။ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် အန္တရာယ်ရှိသော နျူကလီးယားပစ္စည်းများကို လုံခြုံစေရန် ပူးပေါင်းကြိုးပမ်းသင့်သည်။

နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ဘုံတိုးတက်မှုအတွက် ပေါင်းစပ်ညှိနှိုင်းမှုအရှိန်ကို မြှင့်တင်ရန် ရှီ၏ အဆိုပြုချက်သည် ထိုကိစ္စရပ်၏ အဓိကအကျဆုံး အချက်ဖြစ်သည်။

တရုတ်နိုင်ငံသည် ပိုမိုခိုင်မာသော ကမ္ဘာ့နျူကလီးယားလုံခြုံရေးစနစ်ကို တည်ဆောက်ရန်အတွက် ရှေ့ခရီးတွင် အခြားနိုင်ငံများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်ရန် အသင့်ရှိနေသည်။

နိုင်ငံမဟုတ်သော အဖွဲ့အစည်းများအား နျူကလီးယားနှင့် ရေဒီယိုသတ္တိကြွပစ္စည်းများရရှိရေးမှ ကာကွယ်ရန် ဆက်လက်လုပ်ဆောင်ရမည်များ ကျန်ရှိနေပြီး နျူကလီးယားအကြမ်းဖက်မှုကို တိုက်ဖျက်ကာ ငြိမ်းချမ်းတည်ငြိမ်သော နိုင်ငံတကာပတ်ဝန်းကျင်ကို တည်ဆောက်ရမည်ဖြစ်သည်။

လုံခြုံရေးတိုးတက်မှုများ ရရှိစေရန်သည် အလွှာတိုင်းတွင် အရေးပါသည်။ခေါင်းဆောင်များအနေဖြင့် ကျရာ တာဝန်ကိုယူကာ နျူကလီးယားလုံခြုံမှုကို ထိပ်တန်းဦးစားပေး လုပ်ဆောင်ရမည်ဖြစ်သည်။အမျိုးသားအခြေအနေများကို အခြေခံပြီး နျူကလီးယားလုံခြုံရေးတွင် ယုံကြည်မှုကို အားဖြည့်တည်ဆောက်ရမည်ဖြစ်သည်။

နျူကလီးယားနှင့် ရေဒီယိုသတ္တိကြွ အကြမ်းဖက်မှုများကို တိုက်ဖျက်ရန် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပြီး နိုင်ငံများ၏ အမျိုးသားဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ သတင်းအချက်အလက်များကို မျှဝေရန် လိုအပ်သည်။ထိုမှသာလျှင် အားလုံးအတွက် အကျိုးရှိပြီး အားလုံးပါဝင်သော၊ ရေရှည်တည်တံ့သော ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလုံခြုံရေးစနစ်တစ်ခု ရရှိမည်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလုံခြုံမှုအတွက် နိုင်ငံတကာလမ်းညွှန်မှု တိုးတက်စေရန် လုပ်ဆောင်နေသော အပြည်ပြည်ဆိုင်ရာ အက်တမ်စွမ်းအင် အေဂျင်စီ၏ ကဏ္ဍနှင့် တာဝန်ဝတ္တရားများကို အသိအမှတ်ပြုပြီး နျူကလီးယားလုံခြုံရေးနှင့်ပတ်သက်ပြီး နိုင်ငံများကို ထောက်ပံ့ပေးနေသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစီအစဉ်များကို ဦးဆောင်ကာ ညှိနှိုင်းပေးနေမှုများကိုလည်း ခေါင်းဆောင်များက ကြိုဆိုခဲ့ကြပြီး ထောက်ခံအားပေးကြောင်း ဆိုသည်။

နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် တာဝန်ရှိသူများနှင့် အစိုးရကျွမ်းကျင်သူများ၏ နိုင်ငံတကာကွန်ရက်များကို ဆက်လက်ထိန်းသိမ်းထားပြီး ဆက်လက်ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ပိုမိုကျယ်ပြန့်သော အသိုက်အဝန်းဖြစ်တည်ကာ နျူကလီးယားနယ်ပယ်နှင့် အရပ်ဘက်နယ်ပယ်တို့အကြား သင့်တော်သော မိတ်ဖက်များအကြား ညှိနှိုင်းဆက်ဆံရေး ဆက်လက်ရှိစေမည်ဟု ဆိုခဲ့သည်။

နိုင်ငံတွင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အလွှာများ၌ နိုင်ငံရေးအရှိန်ကို မြှင့်တင်ကာ နျူကလီးယားလုံခြုံမှုကို ခိုင်မာစေရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်အတွက် ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင် ရာ အက်တမ်စွမ်းအင်အေဂျင်စီ၊ နိုင်ငံတကာရဲတပ်ဖွဲ့၊ နျူကလီးယားအကြမ်းဖက်မှု တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ လုပ်ငန်းအစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော်သွားမည်ဖြစ်ကာ အမျိုးသားဥပဒေများနှင့်အညီ လုပ်ဆောင်ပြီး နိုင်ငံတကာတာဝန်ဝတ္တရားများကို လိုက်နာသွားမည်ဟု ဆိုလေသည်။

စိုးနိုင်ထွန်း
Ref - Opinion: Xi's proposal at NSS summit shows China's commitment to global nuclear security